April 23, 2024

အရမ်းမကဲနဲ့မောင်ရယ်

တစ်ထပ်တိုက်လေးက အကြမ်းထည်ပြီးတော့မည်။ ကန်ထရိုက်တာက ဦးအေးမောင်ဖြစ်သည်။ ဦးအေးမောင်မှာ အရင်ကလက်သမားဆရာ၊ ပန်းရံဆရာကြီးဖြစ်သည်။

သူကအများတွေလို လက်သမားသီးသန့်၊ ပန်းရံသီးသန့် ကျွမ်းကျင်တာမျိုးမဟုတ်ပေ။

လက်သမားလုပ်ငန်းကော၊ ပန်းရံလုပ်ငန်းပါ ကျွမ်းကျင်တာဖြစ်သည်။ ဆက်ဆံရေးကောင်းမွန်မှု၊ အလုပ်တွင်စေ့စပ်သေချာမှု၊ ပိုင်ရှင်အပေါ် စေတနာတွေထားမှုတွေကြောင့် လူတွေက သူ့ကိုတဖြည်းဖြည်း ယုံကြည်စိတ်ချလာပြီး အဆောက်အဦးတစ်ခုလုံးကို `ဝ´ ကွက်အပ်သည်အထိ ဖြစ်လာကာ ဦးအေးမောင် တစ်ယောက် ကန်ထရိုက်တစ်ယောက်ဖြစ်လာသည်။

“ မောင်ကျော်ရေ………မောင်ကျော် ”

“ လာပြီဆရာ…… ”

ဦးအေးမောင်၏ ခေါ်သံကြောင့် ပေကြိုးတစ်ချောင်းဖြစ် အလုပ်ရှုပ်နေသော အသက်(၂၅)နှစ်အရွယ် လောက်ရှိသော လူငယ်တစ်ဦးက ဦးအေးမောင်၏ အနားသို့ရောက်လာသည်။

“ ငါအမိုးပြားဝယ်ဖို့သွားဦးမယ်…လှသန်းကို ခေါ်သွားမယ်….မင်းဒီမှာနေလိုက်ဦး…”

“ ဟုတ်ကဲ့ဆရာ… ”

မောင်ကျော်မှာ လက်သမားလည်းမဟုတ်၊ ပန်းရံလည်းမဟုတ်၊ ကန်ထရိုက်တာ ဦးအေးမောင်၏ လက်ထောက်တပည့် တစ်ယောက်ဖြစ်လေသည်။

စက်မှုလက်မှု အတတ်ကျောင်းဆင်း တစ်ယောက်ဖြစ်ပြီး ဦးအေးမောင်အတွက် စာရင်းဇယားများ တိုင်းတာတွက်ချက်မှုများကို လုပ်ဆောင်ပေးနေရသူဖြစ်သည်။

“ လှသန်း…ငါနဲ့လိုက်ခဲ့အုန်းဟေ့.. ”

“ ဟုတ်ကဲ့ဆရာလာပြီ.. ”

ခေါင်မိုးတွင် မျှားတန်းတွေရိုက်နေရာမှ အသက်(၂၀)ကျော်အရွယ် လူငယ်တစ်ယောက် တဖြေးဖြေးချင်းတွ ယ်ကပ်ရွေ့ဆင်းလာသည်။

ပြီးတော့ ရေဘုံဘိုင်တွင် ခြေလက်ဆေးပြီး ဦးအေးမောင်အနားသို့ ရောက်လာသည်။

“ မောင်ကျော်…..မျှားတန်းတွေကိုပြီးအောင်ရိုက်ခိုင်းထား…….ငါတို့သွားပြီ ”

“ ဟုတ်ကဲ့… ”

ဦးအေးမောင်နှင့်လှသန်းတို့ ခြံအပြင်ထွက်သွားကြသည်။

ထိုသို့ထွက်သွားပြီး (၁၅)မိနစ်မျှကြာသောအခါ တွင် မိန်းကလေးတစ်ယောက် ထမင်းချိုင့်ကလေးနှင့်ရောက်လာသည်။ ဆောက်လက်စတိုက်လေးနားရောက်တော့ အပေါ်ကိုမော့ကြည့်သည်။

“ ဦးလေးချစ်….အစ်ကိုရော… ”

“ နင့်အစ်ကို ကန်ထရိုက်နဲ့လိုက်သွားတယ်…. ဘာလဲထမင်းချိုင့်လား…….. ဟိုအုတ်ခုံပေါ်မှာ တင်ထားခဲ့ ”

“ ဟုတ်ကဲ့ ဦးလေး…. ”

ဦးချစ်မှာ လက်သမားများထဲတွင် အသက်အကြီးဆုံးဖြစ်ပြီး လှသန်းတို့နှင့် အမြဲတွဲနေသော တစ်ဖွဲ့သားထဲဖြစ် သည်။

“ ညိုညို….နင်ဆိုင်မထွက်ဖူးလားဟ…… ”

“ ဆိုင်သိမ်းပြီးပြီ ဦးလေး …….. ကျမ ထမင်းကြော်ကမနက်ခင်းဘဲ ရောင်းတာလေ….. ”

“ လှသန်းလာရင် ဘာပြောလိုက်ရဦးမလဲ…. ”

“ ကျွန်မ ညနေ အဖေတို့အီမ်သွားဦးမယ် ပြောလိုက်ပါ…. ”

“ အေးအေး…… နင့်အဖေရော မူးတုန်းပဲလား…….. ”

ညိုညိုဆိုသော ကောင်မလေးမျက်နှာဖွေးဖွေးလေးရဲသွားသည်။

“ ဦးလေးချစ်တို့ အပေါင်းအသင်းတွေပဲ မသိဘူးလား….. ”

ကောင်မလေးက ဆတ်ဆတ်ထိမခံ ပြန်ပြောသည်။

“ နင်လဲ ပင်ပန်းပါတယ်ဟာ….. နင့်အစ်ကိုလှသန်းကိုသာ မိန်းမပေးစားလိုက်ပါတော့…… ”

“ ကျွန်မက ဦးလေးသမီး အဝင်းနဲ့ သဘောတူတာ ”

“ ကောင်မလေးနော်……. ”

“ ဝါး….. ဟား….. ဟား……. ဦးချစ်ထိသွားပြီကွ…. ”

ဘေးမှလက်သမားများက ဝိုင်းပြီးထောပနာပြုကြသည်။

“ ကျမ သွားတော့မယ် ဦးလေးချစ်….. ဦးလေးသားမက်ကိုလည်း ထမင်ချိုင့်ပေးလိုက်ဦး….. ”

“ ဟာ……ဒီကောင်မလေးတော့နော် ”

ညိုညိုက လှည့်ပင်မကြည့်။

ကျောခိုင်းထွက်သွားပေမယ့် သူမ၏နောက်ကျောကို ကြည့်နေသူကတော့ မောင်ကျော်ပင် ဖြစ်ပါသည်။

ဒါကို ဦးချစ်က အပေါ်စီးမှတွေ့ဖြစ်အောင် တွေ့လိုက်သည်။

“ ဟေ့ကောင် မောင်ကျော်……တော်ပြီလေကွာ…. ”

“ ဟာ.. ဦးလေးကလဲ.. ”

“ မင်းကလဲကွာ… ကန်ထရိုက်သမက်ဘဲဖြစ်တော့မယ့်ဟာကွာ… ”

ဦးချစ်ကို ပြန်ပက်ရန်ပြင်လိုက်သော မောင်ကျော်နှုတ်ဆိတ် လှည့်ထွက်သွားတော့သည်း ကန်ထရိုက် ဦးအေးမောင်ထံတွင် ချိုချိုအေး ဆိုသော အသက်(၂၈)နှစ်လောက်ရှိသည့် သမီးတစ်ယောက်ရှိသည်။

မောင်ကျော်က ဦးအေးမောင်အိမ်သို့ ဝင်ထွက်ရင်းဖြင့် ချိုချိုအေးနှင့် ကြိုက်သွားခြင်းဖြစ်သည်။

လှသန်းနှင့်ညိုညိုတို့၏ ဖခင်က အရက်သမား ဇိုးသမားတစ်ယောက်ဖြစ်သည်။ ထို့ကြောင့်ပင် လှသန်းနှင့် ညိုညိုတို့၏ မိခင်နှင့်ကွဲခဲ့ပြီး သူတို့မောင်နှမက မိခင်နှင့်ကျန်ခဲ့တာဖြစ်သည်။

ဖခင်ကတော့ သူ့နှမတွေအိမ်ကို ဆင်းသွားခဲ့တာဖြစ်သည်။ ဖခင်နှင့်မိခင်တို့ ကွဲတာကကြာခဲ့ပြီ။ သူတို့မောင်နှမ၏ မိခင်ပင်လျှင် မနှစ်ကဆုံးသွားခဲ့တာ ဖြစ်သည်။

“ ဒေါ်လေး….. အဖေနေကောင်းလား ”

“ အစ်ကို… ညိုညိုလာတယ်.. ”

“ အေး… ဒီကိုလွှတ်လိုက် ”

“ ဟင်…. အဖေ နေမကောင်းဘူး ”

“ အေး..သမီး… ချောင်းဆိုးသွေးပါပြန်ဖြစ်နေပြန်ပြီ… ”

“ ဒေါ်လေး…အဖေ့ကိုဆေးခန်းမပြဘူးလား ”

စိုးရိမ်တကြီးဖြင့် ညိုညိုက ဖခင်၏ညီမ အဒေါ်ဖြစ်သူထံ လှည့်ရွေ့မေးလိုက်သည်။

“ ပြတော့ပြတာပေါ့အေ….. ဆရာဝန်က တို့အခြေအနေကိုကြည့်ပြီး အပြင်မှာဆေးဝယ်စားဖို့ ဆေးစာရေးပေး လိုက်တယ်…”

“ ဟင်……ဆေးရောထိုးမပေးဘူးလား…. ”

တစ်ထပ်တိုက်လေးက အကြမ်းထည်ပြီးတော့မည်။ ကန်ထရိုက်တာက ဦးအေးမောင်ဖြစ်သည်။ ဦးအေးမောင်မှာ အရင်ကလက်သမားဆရာ၊ ပန်းရံဆရာကြီးဖြစ်သည်။ သူကအများတွေလို လက်သမားသီးသန့်၊ ပန်းရံသီးသန့်…

Leave a Reply

Your email address will not be published. Required fields are marked *