အကြင်တို့လယ် ကောက်စိုက်တုန်းက (စ/ဆုံး)

=+=+=+=+=+=+=+=+=+=+=

ငွေလမင်း ရေးသား၍ #မြကျွန်းညို ဖိုရမ်တွင် အစအဆုံး တင်ဆက်သည်။

Crd #ငွေလမင်း @ မြကျွန်းညို
=+=+=+=+=+=
.
.
အကြင်တို့လယ် ကောက်စိုက်တုန်းက..
(အစ)
“မိုးကလည်းနော်.. ရွာမှာဖြင့် ရွာတာ မဟုတ်ဘူး.. အလုပ်ပျက်ရုံ စွက်ကယ် စွက်ကယ်နဲ့ တကတည်း..”
“ဘာတွေ မြည်တွန်နေတုန်း အဘွားကြီးရဲ့..”
“အဝတ်တွေ မခြောက်လို့ တော်ရေ.. ဒီ မိုးနှယ်ကြောင့်.. ဟွမ်း..”
“ဟ.. မိုးကို အဲ့သလို မပြောရဘူးလေ.. မင့်နှယ်.. လယ်ထဲကိုင်းထဲ ကြီးခဲ့တာ မဟုတ်တဲ့တိုင်းပဲ..”
“ဒါတော့ ဒါပေါ့တော်.. ခုလို ရာသီများတော့ ရွာက အိမ်နဲ့ ခြံဝိုင်းပဲ သတိရမိပါတယ်.. မြို့ကြီးပြကြီးမယ် တိုက်ခန်း ကျဉ်းလေးနဲ့ နေပြီး မိုးလည်း မိုးမို့.. နွေလည်း နွေမို့.. အဝတ်ကလေး လှန်းဖို့တောင်မှ ဒုက္ခကများ.. အနေကြပ် အသေကြပ်.. ဟင်းးး”
“ငှယ်.. ဒီမိန်းမ ဓာတ်ပြားဟောင်းကြီး အပ်ကြောင်း ထပ်နေ.. တန်တော့ မင့် ကြည့်ရတာ မြို့မယ် အနေကြာတော့ ရွာနဲ့လယ်တောကို လွမ်းနေထင်ရဲ့..”
“လွမ်းသပေါ့တော်.. လွမ်းသပေါ့..”

“မေးစမ်းပါရစေ.. မင့် လွမ်းတဲ့ထဲ ကောက်စိုက်တုန်းက အကြောင်းလေးရော.. မပါ လား..”
“ဟမ်..”
“အဟေးဟေး.. ဘာတဲ့ အကြင်တို့လယ် ကောက်စိုက်တုန်းက.. မျှော့ ရေးငယ့် ရွှေဖူးစာ.. အိုးဟိုးဟိုး.. ခွီး..”
“တော်ကြီးနော်.. တော်ကြီး.. လူကဖြင့် အိုကြီးအိုမ.. ရွ ချက်က ကမ်းကိုကုန် ရော.. ဟွင့်..”
အဘွားဒေါ်မြကြင်တစ်ယောက် လင်တော်မောင် အဘိုးဦးသာဒွန်းကို မျက်စောင်းကလေး ထိုးကာ ဖင်တုံးကြီးနှင့် တုံ ကနဲ ပစ်တိုက်ရင်း အိမ်ထဲ ဝင်သွားပါတော့သည်။ လက်ထဲမှ အဝတ်များကို အိမ်တွင်း အဝတ်စင်တွင် ထပ်ကာ စီကာ လှန်းလိုက်သည်။ ဇရာ၏ အရေးအကြောင်းတို့ ထပ်စပြုနေသည့် နှုတ်ခမ်းတစ်စုံကတော့ မပြုံးတုန့်တုန့် ပြုံ့တုန့်တုန့် ဟန်ဖြင့်။ သည်မိုးစွေပုံနှင့် အဝတ်တွေ အိမ်ရှေ့ ထုတ်လှန်းဖို့ လမ်း မမြင်။ သားနှင့် ချွေးမကလည်း အလုပ်က တစ်ဘက်။ မြေးငယ်က မူလတန်း ကျောင်းသား။ တရားသူကြီး အလုပ်မှ ပင်စင်ယူပြီးသည့်တိုင် ရပ်ကွက် အရေးကိစ္စများနှင့် မအားလပ်သည့် ခင်ပွန်း ဦးသာဒွန်း။ အားလုံးက နေ့စဉ် အပြင်ထွက် နေရသူများမို့ မိုးတွင်းဆို အဝတ်တွေ အချိန်မီခြောက်ရေး မိုးကင်း စောင့်ရင်း လှန်းရတာ အလုပ်တစ်ခု။ ဘွားကြင် တစ်ယောက် ပါးစပ်က ပြုံးရင်း လက်က အဝတ်လှန်းကာ မျက်လုံးထဲ မြင်နေသည်က ဘိုးသာဒွန်း အစဖော်လိုက်သည့် ကောက်စိုက်ပွဲ။


(၁)
“မိုးလေး တအေးအေးနဲ့ ဟန်ကတော့ ကျ ပဟေ့.. ကောက်စိုက်သမတွေ ဖင် အကုန်း.. ရေစိုတုန်း ဟိုဒင်းလေးတွေက အမြောင်းလိုက်.. အဟေးဟေး..”
“မင့် မလည်း ဒါပဲ..”
“အဟုတ် ပြောတာဟ သာဒွန်းကြီးရ.. မင့်လို မြို့ကျောင်းသား ဒါတွေ မသိပါဘူးကွာ.. တချို့များ မိုးသည်းသည်း နေ့ဆို ထမီရေစို ပါးပါးမယ် အဖုတ်မွေး ထူလဗြစ်လေးတွေပါ မြင်ရသာ မောင်..”
“ဟ.. နောက်က ကြည့်တာ အဖုတ်မွေးထိ မြင်ရသလား.. ဒါတော့ များတယ်ကွာ မင့်..”
“ရော်.. မြင့် မမြင် ကနေ့ စောင့်ကြည့်ဟ ငါ့ကောင်ရ..”
သူငယ်ချင်း လှဘော် စကားကြောင့် သာဒွန်း တစ်ယောက် တံတွေးတစ်ချက် ဂလု ကနဲ မြိုချလိုက်ရသည်။ ကောက်စိုက်သမ ဖင်ကုန်းတာ အဖုတ်မွေးပါ မြင်ရသတဲ့လား.. မဖြစ်နိုင်လိုက်တာ။ ပြီးတော့ သူတို့တတွေက ထိုးဝါးနှင့်။ မိမိ ငယ်စဉ်က အမ( အမေ) တို့ ကောက်စိုက်တာ တခါမြင်ဖူးသည်။ လက်ထဲမှ ပျိုးပင်ကို ထိုးဝါးတွင် အရင် တပ်ပြီးမှ လယ်မြေထဲ စွက်ကနဲ နှစ်ချပြီး စိုက်ခြင်း ဖြစ်၏။ အဖုတ်ပေါ်အောင် ကုန်းဖို့ မဆိုထားနှင့် ခါးမျှပင် ချိုးရသည် မဟုတ်။ ယခုတော့ ကြားရသည်က ဘယ့်နှယ် ဘယ့်နှယ်..

“ထိုးဝါးနဲ့ စူးထိုး စိုက်တာ မဟုတ်လား ဘော်ကြီးရာ.. ငါ မြို့မယ် ကျောင်းအိပ်ကျောင်းစား သွားနေရပေမဲ့ မင့် ပြောသလောက်လည်း ရွာဓလေ့နဲ့ မဝေးပါဘူး ဟ..”
“ပြိုင်ပွဲ မောင်.. ပြိုင်ပွဲ.. ထိုးဝါးတပ်လို့ ပျိုးပင် ကျွတ်ကျမယ့် အချိန် ဘယ်သူမှ မဖြုန်းဘူး.. အကုန် လက်နဲ့ စိုက်မှာ..”
“အော.. ဂလိုလား.. ကောင်းပေါ့ကွာ.. ဟီဟိ..”
“ဟော ဟိုမယ် လာနေပေါ့.. မင့် ချစ်နှမ အကြင်..”
လှဘော် ညွှန်ရာ လှမ်းကြည့်တော့ သနပ်ခါး အဖွေးသား၊ အသင်းဝတ်စုံ တူညီလေးများနှင့် ခါးမောက်လေးတွေ ကိုယ်စီ ဆောင်းလျက် ကြွရွရွ လျှောက်လာသည့် မိန်းမငယ်လေးများ။ ရှေ့ဆုံးမှ အလှဆုံး (မိမိ ရှေ့မို့ ဟန်မူအပိုဆုံး)က ချစ်ရသူ ကွမ်းတောင်ကိုင် မြကြင်။ မြကြင်နှင့် သူ ချစ်သူဖြစ်ကြတာ နှစ်တစ်ပတ်ဖြင့် လည်လေပြီ။ သို့သော် ကောလိပ်ကျောင်းသား သာဒွန်း အဖို့ ချစ်သူလေးနှင့် ထိတွေ့ရချိန် နည်းပါးလွန်းလှ၏။ ကျောင်းပိတ်ချိန်လေး တိုက်ဆိုင်တိုင်း ရွာသို့ အပြေးပြန်လာ။ တစ်ခေါက်ထက် တစ်ခေါက် တိုးသထက်တိုး ဖြိုးသထက် ဖြိုးနေသည့် ချစ်ရသူ ညိုစိမ့်ချော အလှကို နမ်းမဝ ချစ်မဝ။ ဟိုဟိုဒီဒီ ကိစ္စလည်း လက်တည့်က စမ်းချင်။ သည်လိုမို့ဖြင့် ကြုံရာ မိန်းမနဲ့တော့လည်း မအိပ်လိုပြန်။ ချစ်သူ အရင်းခေါက်ခေါက် ကလည်း ရိုးစင်းလှသော အရိုင်းကလေးမို့ မည်သို့ ကြံဖန်ရမည် မသိရက် မကြံရက်။ သည်လိုနှင့်ပဲ သာဒွန်းနဲ့ မယ်ကြင်တို့ ချစ်ခရီးက ပါးလေးကိုင်၊ နှုတ်ခမ်းချင်းစုပ်၊ နို့ကလေး ဖင်ကလေး မထိတထိ ပွတ်ရုံထက် မပိုသေး။
“ကျုပ်တို့ အသင်းကို အားပေးနော် ကိုရင်..”

“အွမ်း.. အွမ်း ဘာ.. ဒါနဲ့ အကြင်ရယ်.. ထမီကလည်း ပါးလိုက်တာ..”
“အသင်းဝတ်စုံလေ ကိုရင်ရယ်.. ကျုပ်ဘာသာ ဝတ်ချင်လို့ ဝတ်တာမှ မဟုတ်ကပဲ..”
“မိုးကလည်း ရွာ.. မိုးကာလည်း ခြုံမထား.. ထမီပါးပါး ကုန်းကုန်း ကွကွနဲ့.. ကွာ.. ထိုးဝါးလေးနဲ့များ စိုက်ပါရော့လား..”
“အိုတော်.. လက်ထက်ပဲ ထိုးဝါးက မြန်ပါ့မလား.. မိုးကာ တကားကားနဲ့ ဟန်ရေးလည်းပြ မနေအားဘူး တော်ရေ့.. ပြိုင်ပွဲပါ ဆိုနေမှ.. အနိုင်ရဘို့ အဓိက.. သိပလား.. ဟွမ့်..”
“အေး.. အေးပါ ကွာ..”
ခေါင်းကလေး တခါခါနှင့် ပြောပြောဆိုဆို ထသွားကျသည့် ချစ်ရသူ။ ချစ်သူထမီ ဝါလဲ့လဲ့က ယခုကိုပဲ ရေစိုစိုမှာ ကပ်စပြုပြီ သေးသွယ်သွယ် ခါးအောက်တွင် နိမ့်တုံ မြင့်တုံ ဖြစ်နေသော တင်ပဆုံ ကားကားနှစ်ဘက်က ထမီလှပ်၍ ဖက်ကိုက် ပစ်ချင်စရာ.. အို ဘယ်နှာ.. ဟူးး..။ သာဒွန်းးတစ်ယောက် ဆင်တူအသွေးနှင့် ရွာသူလေးများ အကြားတွင်လှလွန်းသည့်ပန်း၊ မနမ်းရကျသေးသည့် ပန်းကလေးကို ငေးရင်းကန်သင်း ထက်၌ ငူငူကြီး ကျန်ခဲ့ပါ လေတော့သည်။
“ပြောပါ့ရော.. မယ်ကြင်ပါရင် အနိုင်ပါလို့ အဟင်းဟင်း..”
“ဟုတ်ပါ့အေရယ်.. ဟုတ်ပါ့.. ခိခိ..”
“တော်ရုံလည်း မြှောက်စမ်းပါ ကောင်မတွေရယ်.. အများညီလို့ နိုင်တဲ့ ပွဲပါအေရဲ့.. ကျုပ်တစ်ယောက် ကောင်းရုံနဲ့ ရမလား..”
“ခါးတောင် ပြန်မဆန့်ဘဲ စိုက်တာ ညည်းပဲလေ မယ်ကြင်ရယ်.. ကောက်ငန်းထဲ ထိပ်ဆုံး ရောက်နေတာလည်း ညည်းပဲ.. ခြေကုတ် ကလည်း မြဲချက်တော်.. တစ်လှမ်းဆိုမှ တစ်လှမ်း.. ရွှံ့ထဲ တစ်ချက်မှ မယိုင်တာများ အံ့ပါရဲ့..”
“တောင်ပိုင်းက ကောင်မတွေ ကောက်တစ်လိုင်းနဲ့ ကပ်တိုးလေး ကျန်ခဲ့တာများ.. ခိခိ..”
“ကျော့မေ တစ်ယောက် ဆွေ့ဆွေ့ ခုန်နေတာ ကြည့်အကောင်းဆုံး.. သူ့ခမြာ ကိုရင်သာဒွန်းရောက်နေလို့ ဟန်ရေးပြပါတယ် ဆိုကာမှ.. ဟီဟိ..”
“အိုအေ.. မိန်းမချင်းပေါင်တင် စကားတွေ မပြောစမ်းပါနဲ့.. သူ့ဘာသာ ဘာနေနေ ကျုပ် ကိုရင်က ကျုပ်မှ ကျုပ်ပါတော်..”
“ကောင်မ မာန်တက်နေတယ် ကြည့်စမ်း..”
“တက်တယ်အေ တက်တယ်.. ဘာ ဖြစ်သတုန်း..”
ခိုးခိုးခစ်ခစ် ရယ်သံလေးများ တလွင်လွင်နှင့် ပထမဆုရှင်တို့ ပြုံးပျော်နေကြသည်။ ဂုဏ်ပြုသဘင် ဆင်ပေးမည့် လှဘော်တို့ ကာလသား အဖော်တစ်သင်း ကလည်း လယ်စောင့် တဲလေး တွင် ထန်းရည်အိုးနှင့် လယ်ကြွက်ကင်များ အသင့်။ စဲလုလု မိုးဖွဲ အောက်မှာပင် ခမောက်ကိုယ်စီနှင့် ဒိုးပတ်ဝိုင်းကလည်း မြူးကြွ ကခုန်လျက်။
“မြောက်ပိုင်းသူတို့ လက်စွမ်းပြ.. ပထမဟေ့ ပထမ.. “
“မိုးယံတိုင်အောင် စိုက်မဟေ.. မြောက်ပိုင်းလုံမေ သာချက် မြန်ချက်..”
“ကောက်ငန်းအလုံး ခြိမ့်ခြိမ့်ညံ.. မြောက်ပိုင်းသားတို့ လက်ခုပ်သံဗျာ့..”
“မြောက်ပိုင်းသူကို ယှဉ်ဖို့ရာ.. သိကြားပင်လျင် မစွမ်းလေကား”
“ဟေ့စိနျလား.. ဟေ့မွလား.. ဟလော မောငျတို့ ဝါးးး..”
“အို့ ဘာတဲ့.. အိုး ဘာတဲ့.. အိုး ဟိုးဟိုး ဘာတဲ့ ဘာတဲ့..”
“ဟေ့စိနျလား.. ဟေ့မွလား.. ဟလော မယျတို့ ဝါးးး..”
အောင်ပွဲ၏ အနှစ်သာရ ဒိုးသံကလည်း မြိုင်မြိုင်။ ချစ်သူနှစ်ဦး၏ ကြည်နူးအပြုံးတို့လည်း လှိုင်လှိုင်။ ပါးထက်မှ တစ်ဝက်တစ်ပျက် သနပ်းခါးပါးကွက်နှင့် ရေစိုစို ကိုယ်အလှကလည်း ပွေ့ပိုက် ရှိုက်နမ်းလိုစိတ်ကို မြိုချရတာ အနိုင်နိုင်..။
“အဝတ်စားလဲကြဖို့ ပြင်လေ.. အအေးတွေ ပတ်ကုန်မှဖြင့်ရယ်..”
“အမလေး ကိုရင်သာဒွန်းရယ်.. ကျုပ်တို့ အပတ်တွေက ရေစိမ်ခံ.. အဲလေ.. ကောက်စိုက်သမပါတော်.. ဒီအအေးလောက်ဖြင့် မှု မနေဘူး..”
“အဲ့ဒီ ခင်မေ တစ်ယောက်ဟာလေ.. ဘယ့်နှာတွေ ပြောနေတာတုန်းလို့.. အနားမယ် လူသူ လေးပါးနဲ့ဟာကိုမှဖြင့်..”
“ညည့်သာ ရှက်ရမယ့်သူ အနားရှိတာပါ အကြင်ရယ်.. ခိခိ..”
“အို.. ပြောလေ ကဲလေပါရော့လား.. မိခင်မေနော်.. ဟွင့်..”
“ကဲပါအေ.. အမူပိုမနေစမ်းပါနဲ့.. အေးလည်း ဘာပြုတုန်း.. ကိုရင်လှဘော်ကြီး ယူလာတဲ့ ထရေ သောက်.. အချမ်း ဖျောက်ရုံပေါ့ အေရယ်..”
“သောက်မှာဖြင့်လည်း သောက်ကြ လုံမတို့.. မိုးရိပ် ရှိနေသေးလို့သာရယ်.. အချိန်အတိုင်းဆို နေက မြင့်လာပြီဟ.. ထန်းဖျားကျော်ဆို ထရည် အချိုပျောက်တော့မယ်နော့.. သဘောပေါက် သဘောပေါက်.. ဟွင်းဟွင်း..”
“သာဒွန်းကြီးကို မူးအောင်တိုက်.. ဒင်းက နက်ဖြန်ခါဆို မြို့ပြန်ရပြီ.. မင့်တို့မြို့ကြီးမယ် ဒါမျိုး မရှိမဟုတ်လား မောင်..”
“ရော့ ရော့.. ဒါက အကြင့်ကို ဂုဏ်ပြုတာ.. ဟော သဟာက တစ်သင်းလုံးကို ဂုဏ်ပြုတာ.. မြူလိုက်သာ ချ ကွာ.. သာဒွန်းကြီး.. သောက်စမ်း..”
“အေး.. အေးပါ.. အွမ့်..”
တစ်ယောက် တစ်ဖလား ဆူညံစွာ ပျော်ကြ စားကြ သောက်ကြ။ သောက်စရာ စားစရာ ကုန်တော့ လူတွေလည်း အရှိန် သေပြီ။ အိမ်ပြန်ရန် အလျိုလျို ပြင်ကြပြီမို့ သာဒွန်းက အကြင့်ကို..
“ပြန်ချင်ပြီလား အကြင်..”
“ကိုရင်ရော..”
“အကြင် ပင်ပန်းနေလားလို့ပါ.. အဝတ်ကလည်း အစိုနဲ့.. မဟုတ်ရင်တော့ နှစ်ယောက်တည်း နေချင်သေးတာပေါ့..”
“အဝတ်က ခြောက်လုပါပြီ.. ရိုးကြီးဘက် သွားမယ်လေ.. ဒီမှာက လေစိမ်းတိုက်တယ်..”
“အွမ်း..”


(၃)
လယ်ကွင်းများနှင့် မနီးမဝေးတွင် ရွာသားတို့ အခေါ် ရိုးကြီး ဟူသော ရေသွယ်မြောင်းကြီး တစ်ခုရှိသည်။ မြောင်းထိပ်တွင် ဆည်မြောင်းဌာနမှ အဆောက်ဦးလေး တစ်ခုလည်း ရှိသည်။ လူသူမနီးသော ထိုနေရာလေးက ရွာရှိသမီးရည်းစားစုံတွဲတို့ ကျက်စားရာ နယ်မြေလေး တစ်ခု။
“သူများလည်း ရောက်နှင့်နေဦးမယ်..”
“နေ့ခင်းကြောင်တောင် ဘယ်သူမှ မလာပေါင်တော်..”
လာလည်း ပြန်လွှတ်မယ်.. ကိုရင်နဲ့ ကျုပ်က တွေ့ရခဲတယ်.. ဆိုသော စကားကိုတော့ နှုတ်မှ မပြောဖြစ်တော့။ ကဲချင်တိုင်း ကဲပြဖို့ရာ မိမိမှာ မိန်းမသား ပေမို့လားနော်။ သည်လိုနှင့်ပဲ ရိုးထိပ်ရှိ အဆောက်ဦးလေးဆီ ရောက်ဖြစ်ခဲ့ကြသည်။ လူနေအဆောက်ဦး မဟုတ်သော်လည်း အမိုးအကာနှင့် အုတ်တိုက်လေး။ ပြတင်းနှင့် တံခါးများ ပျက်စီးနေသည်မှလွဲ၍ ကြမ်းပြင်တွင် ထိုင်ချလိုက်လျင်ဖြင့် လယ်စောင့်တဲထက်တော့ လုံလုံခြုံခြုံရှိသည်။ နံဘေးတွင်လည်း ချုံနွယ်မြက်ရိုင်းတို့က လူတစ်ရပ်စာ မက မြင့်နေသည်မို့ အဝင်ပေါက်နှင့် ပြတင်းပျက်တို့ကိုပင် လူ မမြင်နိုင်။ နှစ်ဦးသား အုတ်တိုက်လေးထဲ ဝင်ကာ ထောင့်လေးတစ်နေရာတွင် ထိုင်ချအပြီးမှ..
“အမလေး.. ကိုရင်.. ကျုပ်.. ကျုပ်ခြေထောက်မှာ.. မျှော့ တော့်.. မျှော့ မျှော့..”
“ဟာ.. ဟုတ်သားရော.. လာလာ ထမီ မ..”
“အီးဟီး.. မျှော့ကြီး.. မျှော့ကြီး.. ကျွဲမျှော့ကြီး.. အီးဟီး.. ကိုရင်ရေ.. ဟင့်ဟင့်..”
“ဖယ်ပေး နေတယ်လေ အကြင်လေး.. ငြိမ်ငြိမ်နေမှပေါ့.. အော်ကဲ.. မင့် လုပ်တာနဲ့ မျှော့က အထက် တက်သွားပလားပဲ.. ငြိမ်ငြိမ် နေပါ အကြင်ရဲ့..”
“ဟင်.. ဘယ့်နှာလုပ် မျှော့က အထက် တက်သတုန်း.. ဟမ်.. တွယ်နေတဲ့ မျှော့က အထက် တက်တယ်လား.. ဟိုဒင်း.. အင်း.. ဟုတ်မှာရယ်တော့.. အလိုလေး ကိုရင်ရေ.. ကျုပ် ကြောက်တယ်တော့်.. ဟော့်ဟော့်..”
“ရတော့မယ်.. ရတော့မယ် ခဏ.. အော် ကဲ.. ငြိမ်းငြိမ် နေပါဆိုနေမင့် အကြင်ရယ်..”
ဒူးကောက်ကွေးထက်မှာ သွေးဝလုလု မျှော့က နေရာမရွေ့ အမိအရ ကပ်တွယ်ထား၏။ သာဒွန်းတစ်ယောက် မျှော့ကို ဇတ်ကနဲ ဆွဲဖြုတ်ပြီးသည့်တိုင် လက်ကတော့ ထမီအောက်မှ ထွက်မလာနိုင်သေး။ အေးစက်စက် ပေါင်တွင်းသားလေးတွေဆီ မွှေနှောက် ပွတ်သပ်ရင်း လက်ထဲမှ အမောင်မျှော့ ခမြာတော့ ညိုတုတ်တုတ် လက်ချောင်းများကြားမှာ စိစိညက်ညက် ကျေရှာလေပြီ။
“ငြိမ်ငြိမ်မနေတော့ ဖမ်းရခက်ချေပေါ့ အကြင်ရဲ့.. မှန်း.. အထက် တက်သွားပြန်ပလား.. မတော်တရော်တွေထဲ ရောက်ကုန်မှ ဒုက္ခ ကွာ..”
“ဟင်.. အဟုတ်ကြီးလား ကိုရင်.. တက်သွားပြန်ပလား.. ဒီ မျှော့နှယ် ခြေမြန်လှပါ့ရော.. ကျုပ် .. ကျုပ် ကြောက်တယ်တော့်.. ပြောခါမှ ပေါင်ခြံကြားမယ် ရွစိစိနဲ့.. ရအောင် ဖမ်းပေးပါ ကိုရင်ရဲ့.. အီးဟီး..”
အကြင့်စကား ဆုံးတော့ သာဒွန်းလက်က ဟို အဝ ရောက်နေပြီ။ တမလွန်ရောက် မျှော့ခမြာတော့ မိမိကို အကြောင်းပြု၍ သမီးရည်းစားစုံတွဲ အကဲပိုဟန်ကို မမြင်နိုင်ရှာတော့ပေ။
“အကြင်..”
“ရှင်..”
“အွမ်း..”
“အိုးး..”
“ချစ်တယ် အကြင်ရယ်..”
“အို.. ကိုရင် ရယ်..”
သနပ်ခါးနံ့သင်းသည့် ပါးပြင်လေးကို ဖွဖွရှိုက်နမ်းရင်း ပြောလိုက်၏။ ကြာငုံလေးလို ဖူးနေသည့် နှုတ်ခမ်းစုစုကို ငုံကာ ဖြည်းဖြည်းချင်း စုပ်နမ်းသည်။ မျှော့ဖမ်းလက်စ လက်ချောင်းများကတော့ မြက်ရိုင်းများ ဖုံးအုပ်ထားသည့် ကမူ မို့မို့ကို ဖွဖွချင်း တူးဆွလျက်။ ရှက်သွေးနှင့် ရမ္မက်သွေး ရောဖြာနေသည့် မယ်ကြင်လေးလည်း ဟန်ဆောင်ပန်ဆောင် မျှော့ကြောက်ဇာတ်လမ်း သူ့အလိုလို တစ်ခန်းရပ်လေပြီ။ သကာရည် စိုလူးလက်စ တွင်းဝလေးက အထဲတွင် မြေအောက်ချောင်း ရှိလေသလား မသိ။ နွေးစိမ့်စိမ့် စမ်းရေတို့ သာဒွန်းလက်ထဲ စီးကျလာသည်။ ကျန်နေသည့် လက်တစ်ဘက်ကို အကျီခါးအောက်ကနေ လျိုသွင်းပြီး ဘော်လီချိတ်များကို တစ်ခုချင်း ဖြုတ်သည်။ သိပ်မလွယ်လှသော်လည်း ပြောလောက် အောင်တော့ မခက်။ ရင်စိုင် တစ်ဘက် လက်ထဲ ပိုင်ပိုင် ရောက်ချိန်မတော့.. “ကိုရင်ရယ်.. ကျုပ်.. ကျုပ်ကို.. အင်း ဟင့်.. ရှီးး ကျစ်ကျစ်..” ။ အံကျိတ်သံလေးသဲ့သဲ့နှင့် အကြင့် စကားအဆုံးတွင် သာဒွန်းလက်တို့ ပို သွက်လာသည်။ ချွဲကျိနုဖတ်နေသည့် ဝတ်လွှာလေးနှစ်ချပ် အလယ်ကို အသာဖြဲကာ တဇတ်ဇတ် ပွတ်ချေ ပေးလိုက်၏။ လေးငါးချက် အမွှေ့မှာပင် အရိုင်းစံပယ်လေး မယ်ကြင်တစ်ယောက် ထွန့်ထွန့်လူးကာ နှစ်ချက်သုံးချက်ခန့် ဆတ်ကနဲ ဆတ်ကနဲ တွန့်ပြီး ငြိမ်သက် သွားတော့၏။ သာဒွန်းလက်ကတော့ အဖုတ်နွေးနွေးလေးကို အုပ်ညှစ် ကိုင်ထားဆဲ။ နှစ်ဦးသား တင်းကြပ်စွာ ပွေ့ဖက်ရင်း ချစ်ရမ္မက်တို့ တက်နေကြပြီ။ ကျေးဇူးရှင် မျှော့အကြောင်းတော့ စကားအရာမျှပင် ဦးမလှည့်ဖြစ်ပါတော့ချေ။
“ကို.. ကိုရင်.. ဟို.. ကျုပ် ဘာဖြစ်သွားမှန်း မသိဘူး..”
“ကောင်း သွားတာလေ..”
“အို..”
“အွမ်းး.. အာ မွ..”
ချွေးစေးတို့ စို့ နေသည့် နှဖူးလေးကို ဖွဖွ နမ်းလိုက်သည်။ ဟူးး.. အောက်က ကောင်က ထိန်းမရအောင် ထောင်နေပြီ.. လိုး လိုက်စမ်းချင်တယ် အကြင်ရယ်.. ဘယ့်နှယ် လုပ်ရပါ့.. ။ သာဒွန်းတစ်ယောက် တက်လာသည့် ရမ္မက်ဇောကို မြိုချဖို့ အခက်တွေ့နေဆဲမှာပင် မယ်ကြင် က..
“ကိုရင်.. ဟို.. ဟိုလေ.. တော့် ပုဆိုး.. ပုဆိုးအောက်က.. ဟိုဒင်း..”
“အွမ်း.. အကြင်ရယ်.. ငါ လေ.. ဟူး..”
အကြင်တစ်ယောက် မျက်လုံးရွဲလေးများဖြင့် သာဒွန်းကို မော့ကြည့်ရှာသည်။ ပန်းသွေးရောင် ဖြာနေသည့် မျက်နှာလေးက သာဒွန်း ဆက်မပြောရက်သော စကားများအား နားလည်သယောင်။ “ကျုပ် ကိုင်ကြည့်ချင်တယ်.. ဟိုလေ.. ကျုပ်လည်း လုပ်ပေးမယ်လေ နော်..” သည်သူငယ်မ ရဲလှချည့်လို့များ ထင်သွားလေမလား စိုးမိသော်လည်း ငယ်ထိပ် တက်နေသည့် ချစ်သဒ္ဒါ စိတ်များက နှုတ်ရဲအောင် ပို့ဆောင်လေပြီ။ မိမိအားလည်း ကောင်းအောင် လုပ်ပေးထားသည့်ပြင် ကိုယ့်ချစ်သူပင် မဟုတ်ပေတကား။
“တကယ် ပြောတာလား အကြင်..”
“အင်းပေါ့..”
“အွမ့်..”
“အို..”
ဖြည်ချလိုက်သည့် ပုဆိုးအောက်တွင် ဘွားကနဲ ထွက်လာသည်က အမောက်ထောင်ထားသော မြွေညိုကြီး။ အို.. ကိုရင်ရယ်.. ဒါ .. ဒါကြီးက.. ရှင့် ဟို ဒင်း.. ဟိုဒင်းကြီးပေါ့နော်.. ။ ယောက်ျားလီး မမြင်ဖူးသေးရှာသော မယ်ကြင်တစ်ယောက် မိမိ လင်လောင်း၏ ပစ္စည်း၊ တစ်နည်းအားဖြင့် တစ်နေ့တွင် မိမိ အဖုတ်အား ဟိုဒင်းပြုမည့် အတံကြီးကို ကြည့်ပြီး.. “ကျုပ်.. နမ်းချင်တယ် တော်..” ဟု လွှတ်ကနဲ ပြောလိုက်မိ တော့သည်။ ပြောမိပြီးမှ မိမိစကားအား ပြန်ရှက်ကာ.. ခေါင်းကလေး အသာ ငုံ့.. အကြောပြိုင်းပြိုင်နှင့် တုတ်ခိုင် ထွားကျိုင်းသော အတံကြီးအား မျက်လုံးအကြည့် တဖန် ပြန်ရောက်.. အို ခုမှတော့ ထူးပါဘူး.. အွမ့်.. ဟုဆိုကာ ရွှတ်ကနဲ ပြွတ်ကနဲ ငုံ့နမ်းလိုက်ပါလေတော့သည်။
“ဟာ.. အ ကြင်.. ကြင်လေးရယ်.. ကျုပ် မအောင့်နိုင်တော့ဘူး.. လုပ်ချင်တယ် အကြင်ရယ်.. ကျုပ်ကို တစ်ခါလောက် ပေးလုပ်ပါလားဟင်.. နော်..”
စကားအဆုံးတွင် မယ်ကြင်တစ်ယောက် ပက်လက်ကလေး လှန်လျက်သား။ သာဒွန်းပဲ တွန်းလှဲလိုက်သလား.. အကြင် ကိုယ်တိုင်ကပဲ လှဲချပေးလိုက်သလား ဆိုတာကတော့ သူတို့ နှစ်ဦးလည်း မသိလိုက်သလို မိုးနတ်မင်းလည်း သိလိုက်မယ် မထင်ပါချေ။ သေသေချာချာ သိလိုက်တာတော့ စူးကနဲ တစ်ချက်နှင့် နာသလိုလို မျက်သလိုလို.. ထိလေ ယားလေ.. ယားလေး ထိုးထည့်လေ.. ထိုးထည့်လေ ထပ်အထည့် ခံချင်လေ.. ထပ် အထည့်ခံချင်လေ ထွက်သွားမှာ စိုးသည့်အလား ညှစ်ထား မိလေ.. နောက်ဆုံးတွင် တင်းတင်းရင်းရင်း ဆုပ်ဆွဲလိုက်သော တစ်ချက်.. ကော့ကာ ကော့ကာ ထိုးသွင်း လိုက်သော အတွေ့.. ဖျဉ်းကနဲ ဖျဉ်းကနဲ နွေးသွားသော အရသာ.. ပြိုဆင်းသွားသော ရမ္မက်မိုးသည်းများ.. တင်းတင်း ဖက်ထားသည့်တိုင် ဆတ်ဆတ် တုန်ရီဆဲ ခန္ဓာ နှစ်ခု.. .. .. .. ….


“ကို.. ကိုရင်..” တဒင်္ဂ တိတ်ဆိတ်ခြင်းကို စတင် ဖြိုခွဲလိုက်သူက မယ်ကြင်။
“မော သွားလား အကြင်.. နာလားဟင်..”
“ဟင့်အင်း..”
“အွမ်း.. ချစ်တယ် အကြင်ရယ်..” ဟု ဆိုကာ အနမ်းလေးများဖြင့် နှစ်သိမ့်ပေးလိုက်သည်။
“ကျုပ်.. ကျုပ်ကို အထင်သေးသွားပြီလား ဟင်..” ငိုမဲ့မဲ့ မျက်ဝန်းလေးက ပြိုတော့မည့် မိုးလို..
“အာ.. ဘယ်ကလာ အကြင်ရယ်.. အလို လိုက်လို့မို့ ပိုတောင် ချစ်သွားသေးတာ..”
“ကျုပ်ကို.. အတည်တော့ ယူမှာပါနော်..” ရှိုက်သံ စွက်လုလု စကားတိုးတိုးလေး..
“အခု လိုက်ခဲ့မလား ပြော.. အဘနဲ့ အမကိုပြောပြီး ချက်ချင်း တောင်းခိုင်းမယ်..”
“ဟင့်အင်း.. ကျုပ်ကို မထားခဲ့ရင်ပြီးရော.. ကိုရင် ဖြစ်ချင်တဲ့ တရားသူကြီးမင်း ဖြစ်တဲ့ထိသာ ကြိုးစားပါ.. မြို့ပြန်ရောက်လို့ ကျုပ်ကို မေ့ မသွားရင် ပြီးရောပါ.. နော်..”
“လာ.. ထ.. ဘုရားသွား သစ္စာပြုမယ်..”
တွဲထလိုက်သော လက်များက အားအင် အပြည့်..။ လှမ်းလိုက်သော ခြေလှမ်းများက ရိုးကြီးထိပ်မှ ထုံးဖြူစေတီလေးတိုင် ဆိုသော်လည်း ယနေ့မှစ သံသရာဆုံးတိုင် ဟူသည့် နိမိတ်ပင် မဟုတ်ပါတကား။
“ငါ ဆုံးဖြတ်ပြီးပြီ အကြင်.. မနက်ကျ အဘနဲ့ အမကို ဖွင့်ပြောပြီး နင့်အဘဆီ လာတောင်းစေ့မယ်.. ဘာမှ အားမငယ်နဲ့.. ဝမ်းမနည်းနဲ့ နော် အကြင်လေး..”
မိုးကြီးချုပ်လို့ သက်ကြီးခေါင်းချချိန်ပင် လင့်ခဲ့ပြီ။ အကြင်တို့ အိမ်နောက် စပါးကျီအကွယ် မှောင်ရိပ်ထဲတွင် တစ်ဦးကိုတစ်ဦး တင်းကြပ်စွာ ပွေ့ဖက်ထားသည့် ချစ်သူနှစ်ဦး။ လွန်ခဲ့သော လေးလ မိုးဦးတုန်းက ရိုးကြီးထိပ်ရှိ ချစ်ရိပ်မြုံလေးတွင် ရမ္မက်မိုးစက်တို့ အတူသောက်သုံးခဲ့ကြသည်။ အခုတော့ အကြင့် ကိုယ်ထဲတွင် ကိုရင်သာဒွန်းရဲ့ သွေးသားကို ပိုက်လွယ် ထားရလေပြီ။ အကြင် တစ်ယောက်မှာဖြင့် ဗဟုသုတ နုံနဲ့လှသော ကျေးတောသူလေး ပီပီ ချစ်ရသူထံ ဘဝ ပုံအပ် လိုက်သော်လည်း တားဆီးအပ်သော အရာဟူ၍ မသိခဲ့။ သည်လိုနဲ့ ရက်အတန်ကြာလာတော့ မနက်လင်းတိုင်း ခေါင်းက မကြည်၊ အစားအသောက် မြင်တိုင်း ပျို့ချင်သလို အန်ချင်သလိုလိုနှင့် နုထွေးအိစင်းနေသော ဆံစတို့မှာလည်း ဆီ အတန်တန် လူးပါသည့်တိုင် ခြောက်သွေ့ ကြမ်းရှလာ၏။ နထင်ခွက်လေးများ ညိုဟန်နှင့် နွမ်းလျလျရှိလှသော မိမိ အမူအရာကို သူငယ်ချင်းများပင် ရိပ်မိစ ပြုလာသည်။ သည်တော့မှ အကြင်လည်း မိမိ ဓမ္မတာစက်ဝန်းကို လက်ချိုး တွက်မိချေတော့.. လေး လ.. ။ ကောက်စိုက်ပြိုင်ပွဲ မတိုင်မီ ဆယ်ရက်လောက် ကတည်းက ပြီးခဲ့သည့် ဓမ္မတာ.. မလာတော့သည်မှာ လေးလပင် ရှိလေပြီတကား..။ အကြင်တစ်ယောက် ဘာလုပ်လို့ ဘာကိုင်ရမည် မသိ ကြိမ်မီး အုံးရပါလေတော့သည်။ နောက်ဆုံးတော့ ချစ်ရသူ ကိုရင်မှတပါး အခြား အားကိုးစရာ မမြင်သည်မို့ စာတိုလေးရေးကာ ကိုလှဘော် မြို့အသွား လူကြုံ ပါးရလေတော့သည်။ စာရောက်အပြီး ၂ရက်အတွင်းမှာပင် ပြန်ချလာသည့် ကိုရင်က အခု မိမိကို ရင်ခွင်ပွေ့ကာ အုပ်မိုး ထားလေပြီ။
“ကျုပ်.. ကျုပ် ဘာလုပ်ရမလဲဟင် ကိုရင်..”
“ဘာလုပ်စရာ ရှိမလဲ.. ငါ နင့်ကို ယူမှာပေါ့ အကြင်ရယ်.. မနက်လင်းအောင်ပဲစောင့်.. နော်..”
“ယူ.. ယူ ပြီး ရင် ရော.. ကိုရင့် ကောလိပ်ကျောင်းကိစ္စက.. အခုရော.. ခွင့်ယူပြန်ခဲ့တာလား.. ဟင် ကိုရင်..”
“အဲ့သဟာတွေ တွေးမနေစမ်းပါနဲ့ အကြင်ရယ်.. ကျောင်းက တစ်နှစ် နားလိုက်မယ်.. ငါ အခု မြို့မယ် အလုပ်ပါရှာခဲ့တယ်.. ဆရာတစ်ယောက် ထောင်ထားတဲ့ သတင်းစာတိုက်မယ် လက်နှိပ်စက်စာရေး အလုပ် ရလိမ့်မယ်..”
“ကောလိပ် ကျောင်းကရော လို့..”
“အွမ်းး.. အဘနဲ့ အမ ဘာပြောလာမယ် မသိတော့ ကိုယ့်အရေး ကိုယ်ဖြေရှင်းဖို့ ကြို စီစဉ်ခဲ့တာ.. ကျောင်းကတစ်နှစ် ကျန်သေးချိန် ခုကိစ္စဝင်လာတော့.. ဘာပဲဖြစ်ဖြစ်ပါ အကြင်ရယ်.. ငါ နင့်ကို မျက်နှာ မငယ်စေ့ချင်ဘူး..”
မျက်နှာ မငယ်စေချင်ဘူးတဲ့လား ကိုရင်ရယ်.. သဟာဖြင့် ကျုပ်.. ကျုပ်ကရော ရှင့်ကို သိမ်ငယ်စေ့မယ် ထင်ရက်သလား.. ဟင့်အင်း.. ကျုပ်ကြောင့် ရှင့်တက်လမ်း.. ရှင့်မိဘ မျှော်လင့်ချက်.. ဘာဆိုဘာမှ မပျက်ယွင်းစေရဘူး.. ။ အကြင် အတွေးနှင့် ကျလက်စ မျက်ရည်တို့ကို သုတ်ပစ်လိုက်သည်။ ချစ်သူရင်ခွင်မှ ခေါင်းအသာခွာရင်း ယောက်ျားပီသလှသော သူ့မျက်နှာကို မော့ကြည့်သည်။ တင်းတင်းစေ့ထားသော နှုတ်ခမ်း ထူပြည့်ပြည့်၊ ယုံကြည်ချက်အပြည့်နှင့် အားကိုးထိုက်ဖွယ် မျက်ဝန်းတစ်စုံ။ ကျုပ်အတွက် ပြည့်စုံပြီ ကိုရင်.. ခုနေ ရှင်ကျုပ်ကို ထားသွားမယ်ဆိုရင်တောင် ဒါ အိပ်မက်ပဲ ဖြစ်လိမ့်မယ်..။
“ကျုပ် မလိုက်ချင်ဘူး ကိုရင်..”
“ဟမ်..”
“မဟမ်နဲ့.. ကျုပ်.. ကျုပ်ပြောတာ နားထောင်.. နော် ကိုရင် နော်..”
“ပြောကြည့်.. နားပဲထောင်တာနော်.. သဘောတူမယ်လို့ မဟုတ်ဘူး.. ပြီးတော့ ဒီကိစ္စ အကြင် တစ်ယောက်တည်း ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး..”
“ဟုတ်ကဲ့ပါ.. ကျုပ် သဘောက ကိုရင် ကောလိပ်ကျောင်းပြီးထိ စောင့်ချင်တာ..”
“ကျောင်းပြီးဖို့က ၃ လတောင် ကျန်သေးတယ် အကြင်.. အဲအချိန်ထိဆို မင့်အတွက် အရေးကြီးနေပြီလေ.. ဒီကြားထဲလည်း ဖုံးဖိထားဖို့မှမလွယ်ဘဲ အကြင်ရယ်.. လက်ထပ်ကြပြီး ကလေးလည်း ဘေးကင်းရန်ကင်း မွေးဖွားပြီးမှ ကျောင်းပြန်တက်.. မခက်လှပါဘူး.. စားဖို့နေဖို့လည်း မပူနဲ့.. ငါ အကုန်စီစဉ်မှာပါ.. နော် အကြင်လေး..”
“ဟင့်အင်း.. ဟင့်..”
“ငိုစရာလား အကြင်ရယ်.. ဘာကိုဝမ်းနည်းသွားတာလဲ.. ဘာလဲ တင့်တောင့်တင့်တယ် မင်္ဂလာမဆောင်ဘဲ ခိုးမယ် ဆိုလို့လားဟင် အကြင်လေး..”
“ကြံကြီးစီရာ ကိုရင်ရယ်.. ကျုပ် ငိုတာ ဝမ်းနည်းလို့ မဟုတ်ပါဘူး.. ပျော်လို့ပါ..”
“အွမ်း.. ရှေ့လျှောက်လည်း ပျော်စေ့မယ်.. နော် မိန်းမ..”
“ဟင့်အင်း.. ကျုပ်ပြောသလိုပဲ ၃ လ စောင့်ကြရအောင်ပါ ကိုရင်ရယ်.. ဒီကိစ္စ ပေါ်မလာခဲ့လည်း နောက် ၃လဆို ကျုပ်တို့ မနီးရမှာမှ မဟုတ်ဘဲကောလေ..”
“ခုလည်း စော သွားတာပဲ ရှိတာလေ အကြင်ရယ်..”
“မတူဘူး ကိုရင်.. ဖြောင့်နေတဲ့လမ်းမှာ အထစ်ငေါ့တစ်ခု ဖြစ်သွားရင် အားလုံး လွဲကုန်တာမျိုးလည်း ရှိတတ်တယ်.. ကျုပ်.. ကျုပ် ကိုရင့်လောက် စာမတတ်ပေမင့် ဖြစ်တတ်တဲ့ သဘောတွေကိုတော့ သိတယ် ကိုရင်ရယ်.. ဒီတစ်ခါသားတော့ ကျုပ်ပြောတာ နားဝင်ပေးပါ.. နော်..”
“အဲ့ဒီတော့..”
“မနက်ကျ မြို့ပြန်လေ.. နော်..”
“အာကှာ.. ဟူးးးး..”
“တော့်မျက်နှာကြီး အာ့လိုဖြစ်မှ ကျုပ် ငိုချလိုက်ချင်တာနော်.. ဟင့်.. ဟင့်..”
“ဟင်းးး.. အေးပါ.. အေးပါ.. ငိုတော့ မငိုနဲ့ အကြင်ရယ်.. နေထိုင်မကောင်းဖြစ်မယ်.. စိတ်ပူတယ်..”
ချစ်သူကို တင်းကြပ်စွာပွေ့ထားရင်း ကိုရင်သာဒွန်း အံတင်းတင်း ကျိတ်ထားမိသည်။ တကယ်လည်း ခုနေ မိန်းမခိုးလိုက်ရင် အဘနဲ့အမ ကျေနပ်မယ် မကျေနပ်ဘူး မသေချာ။ ကျောင်းရပ်ပြီး အလုပ်လုပ်ဖို့ ဆိုတာလည်း စီစဉ်ခဲ့ပေမဲ့ တကယ် အဆင်ပြေ မပြေက လုပ်ကြည့်မှ သိမည်။ မိမိက ဒုက္ခ ခံနိုင်စေဦးတော့ ကလေးလွယ်ထားရသည့် အကြင်လေး ဆင်းရဲဒဏ်ကို ရင်ဆိုင် နိုင်ပါ့မလား။ တကယ်လို့များ အကြင်ပြောသလို ကံကြမ္မာ အလှည့်ပြောင်း ဖြစ်သွားခဲ့ပါလျင် ကျောင်းပြန်တက်ဖို့ အရေးကရော။ သို့သော်လည်း ဒီအတွေးမျှဖြင့် အကြင့်ကို ၃လတိတိ မျက်ကွယ်ပြုထားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်။ ဒါဆို အဘနဲ့ အမကို ပြောကြည့်ရင်ရော..
“အဘနဲ့ အမကိုလည်း ပြောကြည့်ဖို့ စိတ်မကူးနဲ့နော် ကိုရင်..”
“ဟင်..” အကြင် တစ်ယောက် မိမိ ရင်ထဲကစကားကို ဘယ့်နှာများ ကြားသွားလေရော့သလား။
“သူတို့ လက်ခံ စီစဉ်ပေးရင်တော့ ကျောင်းမနားရဘဲ အဆင်ပြေသွားနိုင်တယ်လေ အကြင်ရယ်.. အနည်းဆုံးတော့ မိသားဖသားပီပီ တောင်းရမ်းပေးကြရင် ငါလည်း နင့် စိတ်ချရတာပေါ့ဟာ.. နော်..”
“လက်မခံခဲ့ရင်ရော ကိုရင်ရယ်.. ကျုပ် ကြောက်တယ်..”
“ဟင်းးး..” လက်ခံခဲ့ရင်တောင် အကြင့်ကို မျက်နှာမငယ်စေဘူးလို့တော့ အာမ မခံနိုင်တာ အမှန်။ သားမာန် တက်လွန်းသော မိမိ မိခင်အကြောင်း မိမိ အသိဆုံး။ ဒါကို အကြင်လည်း ကောင်းကောင်း သဘော ပေါက်ပုံရသည်။ သာဒွန်းတစ်ယောက် သက်ပြင်းသာ အကြိမ်ကြိမ် ချမိတော့၏။
“စိတ်မညစ်ပါနဲ့ ကိုရင်ရယ်.. ကျုပ် စောင့်မယ်.. ကျောင်းပြီးမယ့် ၃လ ကျုပ်စောင့်မယ်.. နော် ကိုရင်နော်..”
“…..”
တိတ်ဆိတ်သွားသော ညလေးက နှစ်ဦးသား၏ အသက်ရှုသံ အပြင် ပိုးသံ ပရစ်သံများသာ ကျန်တော့၏။ နွေးထွေးသော ရင်ခွင်ကျယ်ကြီးထဲ ခေါင်းတိုးဝင်ရင်း သက်ပြင်း သေးသေးလေး မသိမသာ ခိုးချလိုက်မိသည်။ မိမိရင်ထဲမှ စိုးရိမ်စိတ်နှင့် အကြောက်တရားတို့ကို ချစ်ရသူ ကိုရင် မသိစေလို မမြင်စေလိုပါ။ သူ မိမိကို တာဝန် မယူလိုတာမှ မဟုတ်ဘဲ။ မိမိ ဗိုက်ထဲမှ ကလေးကလည်း လင်ကောင် မပေါ်တဲ့ ကလေးမှ မဟုတ်ဘဲ။ ၃လတာ အချိန်လေးအတွင် ချစ်သူ၏ ဘဝလမ်းကြောင်း အလှည့်အပြောင်း မဖြစ်ဖို့အရေး မိမိ သတ္တိကောင်းပြလိုက်ချင်သည်။ ပညာရေး ဆုံးခန်းတိုင်ပြီ ဆိုလျင်ဖြင့် မာန်မာနကြီးသော ကိုရင့် မိဘများ အနေနဲ့လည်း မကြည်ဖြူလျင်တောင် အငြိုငြင်တော့ သက်သာကောင်း သက်သာ ပေလိမ့်မည် မဟုတ်ပါလား။ ကိုရင်သာဒွန်း တစ်ယောက် မိုးလင်းလုဆဲ အချိန်မှပင် လှဘော်အိမ်သို့ သွားကာ ခဏ လှဲမိသည်။ အတွေး ပေါင်းစုံဖြင့် အိပ်မပျော်ဘဲ မိုးစင်စင်လင်းခဲ့၏။
နောက်နေ့မနက် မိုးလင်းတော့ ကိုရင်သာဒွန်း မြို့အပြန်ကို အကြင် နှုတ်ဆက်ခဲ့သော်လည်း စကားကြာကြာ မပြောဖြစ်။ ယုံကြည်ချက်ပြည့်ဝသော မျက်ဝန်းတို့နှင့် ပြုံးပြရင်း “ကျုပ်ကို စိတ်ချပါ ကိုရင်.. ကျုပ်လည်း စိတ်ချမယ်.. နော်..” ဟုသာ ပြောဖြစ်ခဲ့သည်။ တရွေ့ရွေ့ ထွက်ခွာသွားသော ချစ်သူ၊ မြင်ကွင်းမှ ကွယ်သွားမှသာ ကျလာသည့် မျက်ရည်ကို သုတ်ရင်း.. “မိန်းမသားတို့ သတ္တိပေါ့ ကိုရင်ရယ်.. ချစ်သူရဲ့ အောင်မြင်မှုလမ်းကို အဟန့်တား မဖြစ်စေလိုတဲ့ သတ္တိပေါ့..” ဟု စိတ်ထဲမှ ရေရွတ်မိသည်။ အိမ်အပြန်လမ်းဆီ ခြေဦးအလှည့်.. ဗိုက်ထဲမှ ဖြတ်ကနဲ လှုပ်သလို ခံစားလိုက်ရ၏။ ၄လ ဆိုသော ကိုယ်ဝန်က အပျိုဗိုက်မို့ အမြင်အားဖြင့် မသိသာသေးသော်လည်း အထဲမှကလေး အသက်ဝင်နေပြီ မဟုတ်ပါလား။ တုန်ရီနေသော လက်ကလေးနှင့် ဗိုက်လေးကို အသာအုပ်ကိုင်ရင်း.. “ကလေးရယ်.. ဖေဖေ ပြန်လာမှာပါ.. မေမေနဲ့ကလေး စောင့်ကြရအောင်.. သတ္တိရှိရှိနဲ့ စောင့်ရအောင်နော်.. မင့်ဖေဖေ ရှေ့နေကြီး ဖြစ်အောင် ကြိုးစားပါစေ.. မေမေတို့ အနှောက်ယှက်မပေးဘဲ စောင့်ကြရအောင်ပါ..” ဟု တီးတိုး ရေရွတ်မိလိုက်ပြန်တော့သည်။
“ပင်ပန်းသွားပလား အကြင်လေး.. အဝတ်အစားလဲပြီး တရေးလောက် အိပ်လိုက်နော်..”
အပြုံးယဲ့ယဲ့လေးဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ သည်ကနေ့က အကြင်တို့ မင်္ဂလာပွဲ။ ဗိုက် (၇)လ နှင့် ကျင်းပရသော မင်္ဂလာပွဲ။ ချစ်သူ ကိုရင့် ရှေ့ရေး မနှောင့်နှေးစေလိုသော စိတ်ဖြင့် ကောလိပ်ကျောင်း အပြီးထိ စောင့်ခဲ့ပါသော်လည်း အကြင်လေးခမြာ မျက်နှာကောင်း မရရှာ။ သာဒွန်း တစ်ယောက် မယ်ကြင် ဗိုက်ကြီးသွားလို့ ယူလိုက်ရတာ ဆိုသည့် စကားများကလည်း နားနှင့် မဆန့်။ ကောလိပ်ကျောင်းကြီးမှ ဘွဲ့ဒီဂရီ ရအောင် ပျိုးထောင်ပေးသော မိဘကိုမှ မထောက်၊ လင်ထောင် ဖမ်းရက်သည့် မိန်းမ ဟူသော စကားများကလည်း မိုးလုံး အနှံ့။ မိန်းမသားရယ်လို့မှ တစ်စက်ကလေး အိနြေ္ဒမရ၊ အနေပက်စက်လို့သာ လင်မယူခင် ဗိုက်ကြီးတာပေါ့ ဟူသည့် စကားများကလည်း မြေပြင် တပြန့်။
မိမိအား တစ်ချက်ကလေးမျှ စကားပင် မပြောသော်ငြား သားဆန္ဒကို အတင်းကြပ် မပိတ်ပင်ပါသော ယောက္ခမတို့ကို အားနာစွာ ကျေးဇူးတင်ရင်း ကိုရင့် မိဘအိမ်သို့ အကြင် ရောက်ခဲ့ရပါပြီ။ ဘုန်းကြီးငါးပါး အရုဏ်ဆွမ်း ကပ်ကာ သူကြီး အပါအဝင် ရပ်မိရပ်ဖအချိ့နှင့် ရှေ့ ရအိမ် နောက် ရအိမ်ဖိတ်၊ ငါးခြောက်ထောင်းကြော်၊ ကောက်ညှင်းဆီထမင်း နှင့် လက်ဘက်ရည် တို့ဖြင့်သာ ဧည့်ခံသော အကျဉ်းရုံး မင်္ဂလာပွဲလေးက အကြင့်လို ကွမ်းတောင်ကိုင် အပျိုချောအတွက် အညတရ ဆန်လွန်းလှ၏။ သို့သော်လည်း အကြင် ပျော်ပါသည်။ ချစ်ရသူ၏ ရင်ခွင် မဟုတ်ပါလား။ ကုတင် ခြေရင်းတွင် ချထားသော လက်ဆွဲအိတ်ထဲမှ အဝတ်တစ်စုံ ထုတ်လိုက်သည်။ ကုတင်ဘေးရှိ ကျွန်းဘီဒိုကြီး ပေါ်မှ မှန်ချပ်ထဲတွင် အကြင့်ပုံရိပ်လေး။ လူပျို့အိပ်ခန်းဟောင်းမို့ သနပ်ခါး ကျောက်ပျဉ် မှန်တင်ခုံ စသည်တို့ မရှိ။
သူငယ်ချင်း ဖြစ်သူ ဆန်စက်ပိုင်ရှင် သမီး တစ်ဦး မင်္ဂလာ ဆောင်စဉ်က ခန်းဝင်ပစ္စည်း ဆိုသော အဆောင်အယောင်များကို အကြင် မြင်ခဲ့ဖူးသည်။ နှစ်ယောက်အိပ် ကျွန်းကုတင်ကြီးနှင့် ဘီဒို၊ သနပ်ခါး ကျောက်ပျဉ် တင်သော မှန်တင်ခုံ တစ်လုံး။ မှန်တင်ခုံ၏ ဘဲဥပုံ မှန်ချပ်ဝိုင်းကြီးရှေ့တွင် အကြင်တို့ အပျိုတစ်သိုက် တွန်းထိုးကြည်စယ်ရင်း ရယ်မောခဲ့ကြဖူးသည်။ ယခုတော့ မိမိ ရှေ့ရှိ ဘီဒိုတံခါးရွက်မှ ပြဒါးပြယ်လုလု မှန်ချပ်ကို ကြည်လို ကြည်ငြား ခြုံထားသည့် ပုဝါပိုင်းလေးနှင့် ပွတ်ကြည့်လိုက်၏။ အနောက်မှ ရောက်လာသည့် ကိုရင်က “အွမ်းးး.. ဘီဒိုမှန်က ဝါးနေပြီရယ်.. အကြင့်ဖို့ မှန်တင်ခုံလေး တစ်လုံးလောက် အပ်ပေးဦးမှပါ..” ဟု ပြောရင်း အနောက်ဘက်မှ ကြင်နာစွာ သိုင်းဖက်လိုက်သည်။ “မလိုပါဘူး ကိုရင်ရယ်.. ကျုပ်ဖြင့် နက်ဖြန် သဘက် ဆိုရင်ပဲ ကလေးအမေ ဖြစ်ပြီ ဟာကို..” ဟု ပြန်ပြောလိုက်၏။ တကယ်လည်း မလိုချင်ပါ။ လင်သားအပေါ် အားနာခြင်း၊ ယောက္ခမအား ကြောက်ရခြင်း၊ မိမိကြောင့် ပတ်ဝန်းကျင်တွင် မျက်နှာအောက်ကျရှာသည့် မိဘများအတွက် ဝမ်းနည်း ရခြင်း စသည်တို့ကြောင့် အားငယ်စိတ်တို့ ပြည့်လျှံနေသည့် မိမိမျက်ဝန်းများကို ကြည်လင်စွာ မြင်ရစေမည့် မှန် တစ်ချပ် အကြင့်အတွက် မလိုပါလေ..။
သာဒွန်း တစ်ယောက် ဇနီးအလိမ္မာလေးအား နောက်မှ သိုင်းဖက်ထားရင်း နားထင်စပ်နှင့် ဆံစလေးများကို ဖွဖွ ရှိုက်နမ်းနေသည်။ အကြင် ဝတ်ထားသည့် မင်္ဂလာဝတ်စုံဟု ပြောရမည့် ပဒုံမာချည် အကျီကလေးမှ ကြယ်သီးတံများကို တစ်ခုချင်း ဖြုတ်လိုက်၏။ အပေါ်အကျီ ကျွတ်သွားတော့ ချွေးခံ အကျီအောက်တွင် စူပုံ့ပုံ့ ဗိုက်ကလေး။ သားလား သမီးလား မသိရသေးသည့် လူသား ပိစိလေးတစ်ဦး ထိုဗိုက်ထဲတွင် သန္ဓေ တည်နေပြီ။ ပတ်ဝန်းကျင် ပြောစကားနှင့် မိခင်ဖြစ်သူတို့၏ မကြည်လင်မှုများကို ခေါင်းငုံ့ခံရင်း မိမိမျက်နှာ တစ်ကမ္ဘာပြုကာ လိုက်လာရှာသည့် ဇနီးသည်လေး မြကြင်။ ထိုမိန်းကလေးကို အကြင်နာဆုံး ဆက်ဆံပြီး အကောင်းဆုံး စောင့်ရှောက်မည်ဟု သာဒွန်း ဆုံးဖြတ်ထားသည်။
“ချွေးခံပါ လဲပါလား အကြင်.. မျက်နှာသစ်ပြီး သနပ်ခါးလေး လူးချင်လား.. အမေ့ အခန်းမှာတော့ ကျောက်ပျဉ် ရှိတယ်.. သွားယူလိုက်မယ်လေ..”
“ဟင့်အင်း.. အဝတ်လဲပြီး ခဏ လှဲမယ်လေ.. ညောင်းလို့..”
“အွမ့် အွမ့်.. ဒါလေးလဲဖို့လား..”
“ဟုတ်.. အယ်.. ထမီကြီး ချထားပါ ကိုရင်ရဲ့.. ကျုပ်ဘာသာ ယူမှာပေါ့.. ဘယ့်နှယ်..”
“အာ.. လာစမ်းပါ.. လုပ်ပေးချင်လို့ဟာကို..”
“အော်.. ခက်ရချည့်.. ကျုပ်ဘာသာ လဲမယ်လို့ ဆို..”
“ချွတ် ချွတ်.. ထမီရော.. ချွေးခံက ဝတ်မနေနဲ့တော့လေ.. ဗိုက်ထဲက ကလေး အနေမခက်လား..”
“ကျုပ်မှ မနေတတ်ဘဲတော်.. ဟောင်းလောင်းကြီး ဟာကို.. ဖယ်ပါ ကိုရင်ရယ်.. ဘယ့်နှယ့်ကြောင့် အတင်း လိုက်ချွတ်နေတုန်း..”
“ဟ.. ငါ့ မိန်းမ ငါ ချွတ်တာ.. ဘာပြုတုန်း.. မှန်းစမ်း.. ဒါ ဘာလေးလဲလို့.. ဘာ ပေနေတုန်း ဒါ.. ဟွမ် မိန်းမလေး..”
“အို.. ဘယ့်နှာ.. ဘာပေရမတုန်း.. မှဲ့ ဟာကို..”
“အီးးး.. မှဲ့က အနီရောင်လည်း ရှိသလား.. လှလိုက်တဲ့ မှဲ့လေး အကြင်ရယ်.. စောစော မမြင်မိတာ နာလေချင်း..”
“ဟွင့်.. အပိုင်ဖြင့် ရနေမင့် ဟာကို..”
“အွမ်းး.. အွမ်းနော်.. အကြင်က ငါ့ မယားဖြစ်နေမှဟာပဲ.. အချိန်မရွေး လှပ်ကြည့်ရုံ..”
“ပေးစမ်းပါလို့ အဲ့ အင်္ကျီကို.. တကတည်း..”
“အွမ့် အွမ့်.. အောက်က ချွေးခံ မဝတ်နဲ့တော့.. အင်္ကျီလေးပဲ ဝတ်ပြီး လှဲရအောင်လား..”
“ဟွင့်.. ဟာလာဟင်းလင်းကြီး..”
“လက်နဲ့ အုပ်ပေးထားမယ်လေ.. ဟောသလို..”
“အို့..”
သားသည် အမေလောင်းမို့ နကိုထက် ဆူဖြိုးနေသည့် နို့အုံနှစ်ဘက်ကို ခပ်ဆဆ ညှစ်ရင်း သာဒွန်း စိတ်တွေ ထကြွ ဆူဝေလာသည်။ ကိုယ်ဝန်နှင့် မိန်းမသားကို သံဝါသပြုလို့ ဖြစ်ပါ့မလား။ မတော်တဆများ တစ်ခုခု ဖြစ်သွားလျှင် ကျော်မကောင်း ကြားမကောင်း ဖြစ်ရချည့်လေ။ သို့သော်လည်း စိတ်က ထိန်းမရ။ ဝင်းဝါစိုပြေသော နို့အုံ ပြောင်ချောချောလေး ထက်မှ ချစ်စရာ မှဲ့နီနီလေးက သာဒွန်း အာရုံကို ဖမ်းစားနေသည်။ မိမိစကားကို နားထောင်ရှာသော မယားလေးက အတွင်းခံ အင်္ကျီ ပြန်မဝတ်ဘဲ အပေါ်အကျီလေးသာ ထပ်ဝတ်ပြီး ထမီလဲရန်ပြင်နေသည်။ နားထင်စပ်တွင် ဆံနုလေးများ ကပိုကယို၊ လည်တိုင် ကျော့ကျော့လေးတွင် သူ့အမေ ဆင်လိုက်ဟန်တူသည့် ကဒေါင်းပုံ ဆွဲသီးနှင့် ရွှေကြိုးကလေး။
“လက်မောင်း အုံးလှဲ့..”
“ဟုတ်..”
“အွမ်းးး.. ဟိုဘက်လှည့် မိန်းမ.. နောက်က ဖက်ချင်လို့..”
လင်ဖြစ်သူ ရင်ခွင်ထဲ ခေါင်းတိုးဝှေ့ကာ အိပ်စက်လိုပါသော်လည်း စောဒဂ မတက်ဖြစ်။ လှည့် ဆိုသည့်တိုင်း လှည့်ပေးလိုက်ဖြစ်သည်။ နူးညံ့သော အနမ်းများ အကြင့်ခေါင်းထက်ဆီ တဖွဲဖွဲ ကျလာ၏။ ကိုရင့် လက်တစ်ဘက်က အင်္ကျီအောက်ထဲ လျှိုဝင်လာသည်။ ဆူဖြိုးသော နို့အုံနှစ်ဘက်ကို တစ်လှည့်စီ အုပ်ကိုင်ပွတ်သပ်ရင်း အကြင့်နားရွက်ဖျားလေးကို ဖွဖွနမ်းပြန်သည်။ ထို့နောက်မှ လည်တိုင်ရှိ အရစ်ကလေးများကို လျှာဖြစ့် စုပ်လျက်လိုက်၏။ အကြင့် ကိုယ်လေး တွန့် သွားပြီး “ယားတယ်လို့ ကိုရင်ရဲ့..” ဟု ပြောလိုက်သည်။ ပြောခါမှပဲ နို့အုံကို အုပ်ကိုင်ထားသည့် လက်ချောင်းများက နို့သီးခေါင်းလေးတွေကို ညှစ်ကာ ချေပြန်သည်။ လည်တိုင်ကို စုပ်ကာ စုပ်ကာ နမ်းရင်း ပုခုံးသား အိအိလေးများကို တဇတ်ဇတ် ကိုက်နေပြန်၏။ ရင်စေ့ အင်္ကျီကလေး၏ ကြယ်သီးတံကို ဖြုတ်ရန် ပြင်သည်။ ဥဿဖရား ကြယ်သီးလေးများက ကြယ်သီးကြိုးကွင်း ကြပ်ကြပ်ထဲတွင် အံကျနေသည့် အပြင် ဖြုတ်နေကျ မဟုတ်သည့် ကိုရင့် အဖို့ အလွယ်တကူမရှိလှ။ စိတ်မရှည်တော့ပြီမို့ ဇတ်ကနဲ ဆောင့်ဆွဲ လိုက်တော့သည်။ ဖြတ်ကနဲ ပြုတ်သွားသည့် ကြယ်သီးလေးက ဂလောက် ဟူသောအသံလေးသာ ကြားလိုက်ရပြီး ဘယ်နား ကျသွားပြီမသိ။ နောက်တစ်လုံး ထပ်ဖြုတ်မည့် ကိုရင့်လက်ကို ဗြာကသီ ဆွဲလိုက်ပြီး..
“ဘယ်နှယ် လုပ်တာတုန်း ကိုရင်ရဲ့.. သည်လိုသာ ဆောင့်ဆွဲမှဖြင့် အကုန် ကုန်ရချည့်..”
“ဖြုတ်မှ မရဘဲကိုးကွ.. စိတ်မရှည်စရာ..”
“ကျုပ်ဘာသာ ဖြုတ်ပေးပါ့မယ်တော်.. အမေ့(အဖွား) အမွေ ဥဿဖရား အစစ် တော်ရဲ့.. အစစ်..”
“ဟီး.. အေးပါဟ.. ကြမ်းပျဉ် ကျသွားတာပါ.. ပြန်ရှာပေးမယ် ပြီးမှ.. မတွေ့လည်း ငါ အသစ် ဆင်ပါ့မယ် အကြင်ရယ်..”
“ဟွင်းးး..”
မျက်စောင်းလေး လှည့်ထိုးရင်း ကြယ်သီးများကို တစ်လုံးပြီးတစ်လုံး ချွတ်ပေးလိုက်သည်။ ကိုရင်က ရင်ဘတ်ဟပြဲ ဖြစ်သွားသည့် အကြင့် အင်္ကျီလေးကို အကုန်မချွတ်ဘဲ ပုခုံးသားများ ပေါ်သာရုံ လှပ်လိုက်၏။ အကြင့် လည်တိုင်ရင်းတွင် ရွှေဆွဲကြိုးလေးက အရောင်လက်လက်။ ကဒေါင်းရုပ်ပုံ ဆွဲသီးလေးက ရင်မြွှာနှစ်ခုကြား အညှာတည့်တည့်။ ဆွဲသီးလေးနှင့် ထိနေသည့် ရင်အုံတွင် မှဲ့နီနီလေးက ထင်းနေသေးသည်။ ကိုရင်တစ်ယောက် စိတ်မထိန်းနိုင်တော့။ အကြင့် လည်တိုင် အရင်းသားလေးကို ဆွဲကြိုးပါ ပါအောင် ငုံခဲက ဂျိကနဲ ကိုက်ချလိုက်တော့သည်။ ထို့နောက်မှ သွေးစုပ် ဖုတ်ကောင်ကြီး အလား အားပြင်းပြင်းနှင့် စုပ်ပြန်လေသည်။ နို့အုံကို နယ်ဖတ်နေသည့် လက်ကလည်း အလျဉ်မပြတ်။ အကြင်လည်း ခြေဖျားလေးပင် ဆတ်ဆတ်ခါအောင် တွန့်တွန့် လူးသွားရ၏။ သားမြတ်တွင်းရှိ အကြောအချင် အားလုံး တဖျဉ်းဖျဉ်းနှင့် သွေးတိုးလာတော့သည်။ ကာမ ရမ္မက် လှိုက်တက်လာသည် ဆိုတာ ဒါမျိုးပဲ ဖြစ်မယ်ဟု အကြင် တွေးမိလိုက်သည်။ ဇက်ကလေး စောင်းလိမ်ကာ ပုတုကွေးရင်း ရမ္မက်စိတ်ကို အံကြိတ် တင်းရသည်မို့ ခေါင်းအုံး ထောင့်စွန်းကို ဆုပ်ကိုင်ထားမိသည့် လက်သီးကလေးပင် ဆတ်ဆတ် တုန်နေပြီ။ လက်ဖျန်တွင်လည်း မွေးညင်းများ ထောင်၍ နေသည်။
“ထမီ လျှော့ အကြင်..” ပြောလည်းပြော လုပ်လည်းလုပ်မို့ အကြင့်မှာ ကိုယ်တိုင် ချွတ်မပေး လိုက်ရသလို တားချိန်လည်း မရလိုက်။ ချစ်လင်၏ လက်တစ်ဘက်က ထမီကျွတ်ကို ပေါင်လည်ဆီ အထိ ဆွဲချပြီး စူပုံ့ပုံ့ ဗိုက်ကလေးကို ပွတ်သပ် ချော့မြှူနေလေပြီ။ လင်ဖြစ်သူ၏ အထိအတွေ့များ အောက်တွင် ဗြောင်းဆန်လာသည့် သွေးသား တောင့်တမှုကို အကြင် တောင့်မထားနိုင်တော့။ ကိုရင်ကတော့ သူ့အတံ မာတောင်တောင်ကြီးကို အကြင့် တင်လုံးနှစ်ခု ကြားမြောင်းထဲ ညှပ်ပြီး ဖွဖွ ညှောင့်နေပြီ။ ဟိုသင်းထဲ ထိုးထည့်ပေးရင် သိပ်ကောင်းမှာပဲဟု တောင့်တမိသော်လည်း အကြင် မပြောရဲ။ ပဋိသန္ဓေ လွယ်ထားရသည့် မိန်းမသား တစ်ဦး အနေနှင့် ကာမ၏ အရသာကို ခံစား လိုလာခြင်းက အပြစ်ရော ကင်းပါရဲ့လား။ မိမိထက် စာတတ်သည့် ကိုရင်ကတော့ သိနားလည်မည် ထင်ပါသည်။
“ချစ်တယ် အကြင်ရယ်.. နို့နှစ်လုံးကြားမှာ ဒေါင်းဆွဲသီးလေး ညပ်နေတာ.. ကြည့်ကောင်း လိုက်တာ..” ဆွဲကြိုးရာလေး ထင်အောင် လည်ပင်းကို ကိုက်လိုက် ကို လျှာဖြင့် လျက်လိုက် စုပ်လိုက် လုပ်ရင်း ပြောမိသည်။ “ကျစ် ကျစ်.. နာတယ်လို့.. သူ့အသား မဟုတ်တိုင်း..” ဒေါင်းဆွဲသီးလေးကို အလယ်တည့်တည့် ထားပြီး နို့အုံနှစ်ခုကို ပူးကပ် ညှစ်တော့ အကြင်လေး ခပ်တိုးတိုး ညည်းသည်။ တကယ်လည်း နို့နှစ်ဘက်ကြားတွင် ဒေါင်းမြီးရာ ထင်နေပြီ။
“နောက်ဆို ဒေါင်းဘယက်ကြီး လုပ်ပေးဦးမှာ.. ပြွတ်စ်.. ဂျိ.. ဂိ..”
“အာ.. ရှီးး.. ဟင့်..”
“ချစ်တယ် အကြင်ရယ်.. ငါ.. ငါ တအား လုပ်ချင်တာပဲ..”
“အို..”
“ငြိမ်ငြိမ်နေ.. ခဏပဲ..”
“ကျုပ်.. ကြောက်တယ် ကိုရင်.. အထဲက ကလေးက လှုပ်.. လှုပ်နေတယ်..”
“အင်းပါ.. အထဲထိ မထိုးဘူးလေ နော်.. ဒီလိုလေး.. ဖင်နှစ်လုံး အောက်လေး ညှပ်.. ညှပ် ထားပေး.. ရှီးး..”
“အွင့်.. အင်း..”
တင်သားဖွံ့သည့် ဇနီးသည်ရထားခြင်းသည် ကံကောင်းမှု တစ်ခုများလား။ တောင့်တင်းနေသည့် ငယ်ပါက ဂူမအောင်းရသော်လည်း တင်ကြားမြောင်းတွင် ဇိမ်ကျလို့နေသည်။ “ပေါင်လေး ကျစ်ပေးထား အကြင်.. ညှပ်ပေးထား နော်.. ရှီးးး..” ကိုရင့်စကားဆုံးတော့ အကြင်လည်း ရင်ခွင်ထဲတွင် တစောင်းလှဲ အိပ်နေရာမှ ဒူးနှစ်ဘက်ကို လိမ်ချိတ်ကာ ပေါင်နှစ်ချောင်း ကျစ်သည်ထက် ကျစ်အောင် နေပေး လိုက်သည်။ နောက်ကနေ တစ်ချက်ချင်း ညှောင့်နေသည့် လင်တော်မောင်ကို ပါရမီ ဖြည့်ရင်း မိမိ ကိုယ်တွင်းမှ ဆာလောင် မွတ်သိပ်မှုကိုတော့ မိခင်စိတ်ဖြင့် ရိုက်ချနေရ၏။ ကလေး ထိခိုက်သွားလျှင် ရင်ကျိုးရချည်ရဲ့ မဟုတ်လား။
“အကြင်.. မိန်းမ.. မိန်းမလေး.. အု.. အီးး.. ငါ.. ထွက် ထွက်တော့မယ်.. အု.. အွမ့်.. အွမ်း..” ပြောပြီး ညှောင့်ချက်များက သွက်သွက်နှင့် စိပ်လာသည်။ ညှစ်နယ် ကိုင်ဆုပ်ထားသည့် နို့အုံ နှစ်ဘက်ဆီမှ အရည်ကြည်လေးများပင် စိမ့်ထွက်လာ၏။ “ထွက်.. ထွက်ပြီ.. အီးးး.. ရှီးးး..” အကြင့်ကိုယ်လေးကို တင်းနေအောင် ဖက်ထားပြီး လည်တိုင်တဝိုက်ကို စုပ်နမ်းမိပြန်သည်။
“ချစ်လိုက်တာ အကြင်ရယ်..”
“အားရရဲ့လားဟင်..”
“ဘာကိုတုန်း မိန်းမ.. ဟွင်.. ပြွတ်စ်.. ရွှတ်..”
“အထဲမှ မထည့်ရတော့လေ.. အားရရဲ့လားလို့..”
“အမှန်ပြောရင်တော့ ဘယ်အားရမတုန်း.. မိန်းမကို စိတ်ရှိလက်ရှိ လုပ်ချင်တာလေ..”
“အွင့်..”
“ဒါမဲ့ ရတယ်.. ကလေးမွေးပြီးမှ အတိုးချ လုပ်မယ်.. နော် မိန်းမ.. ခုက ဒီလောက်လေးပဲ ကောင်းတယ်..”
“အွင့်..”
“မင့်ရော်.. ခံချင်မနေဘူးလား မိန်းမ.. ဟွင်.. မှန်းးး.. အာ.. တွင်းလေး စိုနေတယ်.. လာ လာ.. ပေါင် ဟ..”
ပူးကပ်နေသည့် ကိုယ်နှစ်ခု ခွာလိုက်ပြီး အိပ်ရာပေါ် တံတောင် ထောက်လျက် အကြင့်ကိုယ်ပေါ် တစောင်း အုပ်မိုးလိုက်သည်။ ပူးကျစ်ထားသည့် ပေါင်လေး အသာ ဆွဲဟလိုက်တော့..
“ဟင့်အင်း.. မဖြစ်ဘူးလေ.. မဖြစ်ဘူးလို့ ကိုရင်ရဲ့..”
“အသာလေးပဲ လုပ်ပေးမှာ.. ဟပါ မိန်းမရ.. အဲ.. နို့ရည်လေးတွေတောင် ထွက်နေပေါ့ အကြင်.. ဒီမယ် ကြည့်စမ်း.. နို့သီးခေါင်းမှာ အရည်ကြည်လေး..”
“အို.. မဟုတ်တရုတ်..”
“တကယ်ဆို မိန်းမရ.. မှန်းး.. ပြွတ်စ်.. ပြွတ်စ်..”
“ရှီးးး..”
“အွမ့်.. ပြွတ်စ်.. ပွတ်ပေးမယ်နော် အကြင်လေး.. စိတ်လျှော့ထားပြီး ဇိမ်ခံလိုက်..”
“အွင့်.. ရှီးး ကျစ်ကျစ်.. အင်းး.. အာ့နားလေး.. ဟုတ်တယ်..”
“အွမ့်.. ကောင်းလား.. ဒီမယ်.. အစိလေးက မာတောင် နေတာ.. ဟောသလို ဟောသလို ဖိချေပေးမယ်..”
“ရှီးး.. ကို.. ကိုရင်.. အင့် အင့်..”
“အဝလေးထဲ နည်းနည်း မွှေပေးမယ် အကြင်လေး.. ဒီလို .. ဒီလိုလေး..”
“အီးး.. ကျစ်ကျစ်..”
“ကောင်းလား မိန်းမလေး ဟွင်..”
“အင်း.. ဟုတ်.. အင့်..”
“မြန်မြန်လား.. ဖြည်းဖြည်းလား.. ဘယ်လို ပွတ်ပေးမရလဲ မိန်းမ.. ပြွတ်စ်..”
“သိပါဘူးဆို ကိုရင်ရယ်..”
“ပြောပါ မိန်းမရ.. လင်ကို ရှက်စရာလား မင့်နှယ်.. ဒီလို.. ဖြည်းဖြည်းလေးလား.. ဒီလိုဒီလို ခပ်သွက်သွက်လား.. ဟွမ်..”
“အီးးး.. မြန် မြန်.. မြန်မြန်လေး..”
“အွမ့်.. အွမ့်.. မိန်းမလေး ကောင်းနေတာ.. ကြည့်စမ်း.. ချစ်လိုက်တာ.. ပြွတ်စ် ပြွတ်စ်.. ငါ့မယားလေး.. ရွှတ်စ်..”
“အာ.. အ.. ပြီး.. ပြီးပြီ.. ရပ် ရပ်.. ကိုရင်.. ရှီးး..”
ခြေဖျားလေးများ ကွေးကုတ်ကာ အကျောဆတ်ဆတ် ဆွဲရင်း ထောင်ထားသည့် ဒူးလေး ခွေကျ သွားရှာသည်။ နုံးချိသွားပုံရသော အကြင်လေးကို ပွေ့ဖက် နမ်းရှုံ့ပြီး လက်တစ်ဘက်က ရွှေကျုတ် ဖောင်းဖောင်းလေးကို အုပ်ကိုင်ထားလိုက်၏။ ကြင်စဦးတို့၏ မင်္ဂလာဦးညက သည်မျှလောက်နှင့် တိတ်ဆိတ် ငြိမ်သက်သွားသည်။ ရှေ့တွင်ကား လျှောက်ရမည့်လမ်း၊ ထမ်းရမည့်တာဝန်၊ စောင့်ရှောက် ရမည့် အသိုက်အမြုံလေး မဟုတ်ပါလား။
“အလို ငါ့မိန်းမ.. အဝတ်လှန်းနေတာ ပြုံးပြုံးကြီး.. ဘာတွေတွေးနေသတုန်း ဟွမ်..”
“အိုတော်.. ဘာတွေးရမှာ..”
“တွေးတယ်တော့ လုပ်စမ်းပါ ကွာ.. ဟဲ ဟဲ ဟဲ..”
“ဖယ်စမ်းပါတော်.. ဒီမယ် အလုပ် မပြီးရတဲ့အထဲ..”
“ထားလိုက်စမ်းပါ.. လာ သွားမယ်..”
“ဘယ်သွားမှာတုန်း..”
“အိပ်ရာထဲလေ.. မိုးအေးအေးနဲ့ ကွေးရအောင်..”
“ကိုယ့်ဘာသာ သွားကွေးချည်စမ်းပါတော်..”
“လာပါ အကြင်ရယ်.. ငါတို့ နှစ်ယောက်တည်း ပူးပူးကပ်ကပ် မနေရတာ နှစ်များဖြင့် ကြာပေါ့.. လာပါ.. ဖက်အိပ်ချင်လို့.. နော်..”
အဘွားကြင်၏ အိဖိုင့်ဖိုင့် ကိုယ်လုံးကို နောက်မှ သိုင်းဖက်ရင်း ဘိုးသာဒွန်း ပြောလိုက်သောစကား။ ဟုတ်တော့လည်း ဟုတ်သည်။ အသက် ၂၀ စွန်းစ အရွယ်တွင် ဘဝခရီးကို အတူလျှောက်ခဲ့ကြသည်။ နွေမိုးဆောင်း ပြက္ခဒိန်ပေါင်းများစွာကို ကျော်လွန်ပြီး ယခုဆိုလျှင် မိမိတို့ မင်္ဂလာသက် နှစ် ၄၀ ပင် ကျော်ခဲ့ပြီ။ သားတစ်ဦးသာ ဖွားမြင်ပြီး နောက်ထပ် သားသမီး မထွန်းကားတော့။ တစ်ဦးတည်းသော သားဖြစ်သူကို အဖေထက် သာလွန် ထူးချွန်စေဖို့ (မိခင်ဖြစ်သူ ဒေါ်မြကြင် ကိုယ်တိုင်) မောင်သာထူး ဟု အမည် ပေးဖြစ်သည်။
မောင်သာထူးက တကယ်လည်း ပညာချွန်သည်။ ဆယ်တန်းကို ဂုဏ်ထူးတွေ တသီကြီးနှင့် အောင်ပြီး နည်းပညာ တက္ကသိုလ် တက်ကာ ဝါသနာပါရာ ဗိသုကာ ဘာသာရပ်ဖြင့် မဟာဘွဲ့အထိ တက်လှမ်း နိုင်ခဲ့သည်။ ယခုဆို ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် အင်ဂျင်နီယာမှူးကြီး ရာထူးဖြင့် တာဝန် ထမ်းဆောင် နေပြီ။ မိန်းမယူတော့လည်း ချွေးမလေးက ပညာရေးတက္ကသိုလ် ကျောင်းဆင်း အထက်တန်းပြ ဆရာမလေး။ ခုတော့ အလယ်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းငွေရောင်ပေါ့လေ။ ရိုးသားဖြူစင်ပြီး လိမ္မာရေးခြားလည်း ရှိသည့် ရှမ်းတိုင်းရင်းသူ ချွေးမလေးက ဒေါ်မြကြင်ရော ဦးသာဒွန်း အတွက်ပါ သမီးအရင်းလို ချစ်ရသူပင်။
တစ်ဦးတည်းသော အဖိုးတန်သားကို လက်ထပ်ခဲ့ပြီး ယောက္ခမ အရိပ်အချည် ကြည့်ကာ ရှင်သန်ခဲ့ရသည့် ဒေါ်မြကြင်၊ ချွေးမလေးကို မိမိကဲ့သို့ အားငယ်စိတ် မဝင်ရအောင် စောင့်ရှောက်ခဲ့သည်။ မြေးလေး တစ်ယောက် ရလာတော့လည်း ချွေးမလေး နန်းကို အလုပ်မပျက်စေခဲ့။ သားအချစ် မြေးအနှစ် ဆိုသလို သား၊ ချွေးမ၊ မြေး အားလုံးကို ရင်ခွင်ထဲထားကာ စောင့်ရှောက်ရင်း ဘေးရောက်မှန်းမသိ ရောက်သွားရရှာသူက အဘိုးဦးသာဒွန်း။ လင်တော်မောင်၏ မျက်နှာကို သေသေချာချာရယ်လို့မှ မကြည့်ဖြစ်သည်မှာ ဘယ်မျှကြာခဲ့ချေပြီ မသိ။
လက်ထဲမှ လှန်းလက်စ အဝတ်ကို ပြန်ချပြီး မိမိအားသိုင်းဖက်ထားသည့် ကိုရင့်လက်များကို ငုံ့ကြည့်မိသည်။ ညိုမောင်းသော အသားအရောင်က ခပ်ခြောက်ခြောက် ဖြစ်နေပြီ။ လူက ပိန်လွန်းသည် မဟုတ်သော်လည်း လက်ဖမိုးတွင်တော့ အကြောများက ပြိုင်းပြိုင်းထနေပြီ။ လက်ဖျန်ထက်တွင်လည်း မှဲ့ခြောက်ကလေးများပင် မနည်းတော့။ မိမိ အပါအဝင် သား၊ ချွေးမ၊ မြေး အပြင် နှစ်ဘက်သော မိဘများကိုပါ လုပ်ကျွေးစောင့်ရှောက်ခဲ့သည့် ကိုသာဒွန်း။ ချစ်ရသော ခင်ပွန်းလင် အိမ်ဦးနတ်သခင် ကျေးဇူးရှင်။ လင်ကောင်း ယောက်ျားမြတ် ဖြစ်သော ဤသူ့ အပေါ် ထားရှိသည့် မိမိအချစ်တို့အား သား၊ ချွေးမနှင့် မြေးနောက်သို့ ပို့မိသလို ဖြစ်ခဲ့ရသော်လည်း ရင်ခွင်ကတော့ နွေးဆဲပါလား။
အဘိုးသာဒွန်းလည်း အဘွားကြင်လိုပင်။ အသက် ၆၀ ကျော် အမယ်အိုထံမှ နံ့သာဖြူနံ့လေးကို ရှူရင်း ငယ်ငယ်က အကြောင်းတွေ ပြန်တွေးနေမိသည်။ မိသားစုတာဝန်၊ နိုင်ငံ့တာဝန်များနှင့် ရုန်းကန်ခဲ့ရသော နေ့ရက်တိုင်းတွင် မျက်နှာ တစ်ချက်မညှိုးဘဲ ပါရမီ ဖြည့်ရှာပါသော ဇနီးမယား အကြင်။ ငယ်ငယ်တုန်းက သူငယ်ချင်း၊ အရွယ်ရောက်တော့ သမီးရည်းစား၊ ထိုမှ တဖန် လင်မယား။ အကြင်သည်ကား မိမိအတွက် မိခင်နှင့်တူသော မယား၊ ကျေးကျွန်နှင့် မခြားသော မယား၊ သေအတူ ရှင်မကွာ ရဲဘော်ရဲဘက်ဆန်သော မယား။ ထိုသို့သော မယားမြတ်ကို မထွေးဖက် ဖြစ်တော့သည့် ရက်များ မည်မျှပင် ရှိခဲ့ပြီနည်း။ မိမိသွေးသားကို ထည့်လွယ်ခဲ့သည့် ဗိုက်ကလေးက ခုတော့ ပူဖောင်းကားနေပြီ။ စိတ်ကြိုက် နယ်ဖတ် ညှစ်စို့ခဲ့သည့် မို့မောက်သော ရင်စိုင်တို့က ခါးထိလုတိုင် တွဲကျနေပြီ။ ခွမအိပ်ရတာ ကြာပြီ ဖြစ်သည့် တင်စိုင်ကြီး ၂ တုံးကတော့ အားပါးတရ ရှိဆဲ။ တဇိဇိ ကိုက်ဆွဲ စုပ်နမ်းခဲ့သည့် လည်တိုင် ကျော့ကျော့လေးက အရစ်အရစ်သော အရေးအကြောင်းများဖြင့် ပျော့ပျော့ အိအိလေး ဖြစ်နေပြီ။ သို့သော်လည်း အကြင့် ကိုယ်ရနံ့သည် မိမိရင်ကို အေးမြဲ အေးဆဲ။ ဆံပင်ဖြူဖြူလေးများနှင့် နားသယ်စပ်လေးကို ငုံ့နမ်းရင်း..
“လာကွာ.. သွားရအောင်ပါ အခန်းထဲ.. လူလစ်တုန်းလေ မိန်းမ.. နော်..”
“အိုတော်.. အွင့် အွင့်.. လာ..”
၂၅ပေ – ၃၅ပေ ကျယ်ဝန်းသော တိုက်ခန်းဖြစ်သည်မို့ ဝင်ဝင်ချင်း ဧည့်ခန်း၊ ဘုရားခန်း၊ ထမင်းစားခန်း၊ မီးဖိုချောင် နှင့် ရေချိုးခန်း အိမ်သာတို့အပြင် အိပ်ခန်းကျယ် တစ်ခန်းနှင့် တစ်ယောက်အိပ်သာသာ အခန်းကျဉ်း တစ်ခန်းသာပါသည်။ သား မိသားစုကို အိပ်ခန်းကျယ် ပေးထားတော့ တစ်ယောက် အိပ်ခန်းငယ်က အဘွားကြင် အခန်း ဖြစ်သွားပြီး ဘိုးဘိုးကြီး သာဒွန်းကတော့ ဘုရားခန်းတွင် ခေါက်ကုတင်လေးနှင့်။ သို့ဖြစ်၍ အဘိုးနှင့်အဘွား ဖက်မအိပ်ရသည်မှာ သားဖြစ်သူ အိမ်ထောင်ကျ ကတည်းကဟုပင် ဆိုနိုင်ပေသည်။ ယခုတော့ အိမ်တွင် လူရှင်းတုန်း အဘိုးကြီးနှင့် အဘွားကြီး ငယ်မူပြန်ကာ ချိန်းတွေ့ကြမည်။
“အောက်မယ် ခင်းလိုက်ရမလား.. ကုတင်က ကျဉ်းကျဉ်းနဲ့..”
“ထပ် အိပ်မယ်လေ ငယ်ငယ်ကလို.. ကျဉ်းပါဘူး မိန်းမရ..”
“ကြံကြံဖန်ဖန်တော်.. အဘိုးကြီးနော် အဘိုးကြီး.. ဟွင့်..”
“ဘာ အဘိုးကြီးတုန်း.. မင့်ကလည်း.. ခေါ်စမ်းပါကွ ငယ်ငယ်ကလို.. ကိုရင်လို့ ခေါ်စမ်းပါ.. အာမွ.. ပြွတ်စ်..”
“အို.. ကိုရင်.. ခိခိ.. ဘယ်နှယ် ဖြစ်နေတာ.. ယားတယ်တော့်.. ခက်ပါ့..”
“အွမ့် မွမ့်.. မွမ့်.. နမ်း.. နမ်းပါဦး မိန်းမရဲ့..”
“အိုတော်.. ခိခိ.. ပြွတ်စ်.. ခိခိ.. ရွှတ်.. မွ..”
နှုတ်ခမ်းကြီး ထော်ပေးပြီး အနမ်းခိုင်းနေသည့် ဘိုးသာဒွန်းကို ဘွားကြင် ပြန်နမ်းလိုက်သည်။ အဘွားအို၏ အိပ်ခန်းလေးထဲ ရယ်သံလွင်လွင်နှင့် အနမ်းလေးများ ပလူပျံသွား၏။ ခံစားချက်က အုပ်ထိန်းသူများ မရှိချိန် ရည်းစားအား အိပ်ခန်းထဲ ခေါ်သွင်းလာသည့် အပျိုပေါက်မလေးလို။ ၃ပေခွဲသာ ကျယ်သည့် ကုတင်လေး အစွန်းတွင် နှစ်ဦးသား ထိုင်လိုက်ကြ၏။
အဘိုးသာဒွန်း လက်တို့က ဘွားကြင် အကျီကြယ်သီးများဆီ ရောက်နေပြီ။ ခေတ် စနစ်တို့ ဆယ်စုပေါင်း များစွာ ပြောင်းခဲ့ပြီ ဖြစ်သော်လည်း အဘွားကြင်ကတော့ ကြိုးကွင်းတပ် ဥဿဖရား ကြယ်သီးလေးများ ကိုပင် မြတ်နိုး နှစ်ခြိုက်စွာ ဝတ်ဆင်မြဲ။ တစ်လုံးချင်း ပြုတ်သွားသည့် ကြယ်သီးကွင်းလေးများကို ငုံ့ကြည့်ရင်း အဘွားကြင် ရှက်သွေးတွေ စိုလာသည်။ ဟင်းလင်းပွင့်သွားသည့် အကျီအောက်တွင် ချွေးခံ တစ်ပတ်နွမ်းလေးဖြင့် လုံခြုံစွာ ဖုံးအုပ်ထားသည့် ရင်သားစိုင် ၂ ခု။ သားဖြစ်သူကို ၃ နှစ်အထိ နို့ချို တိုက်ကြွေးခဲ့သည့် သားမြတ် တစ်စုံ၊ မြေးကလေးက ယနေ့တိုင် ကလိကလောက် ကိုင်ဆော့တတ်သည့် သားမြတ် တစ်စုံ၊ ဘိုးသာဒွန်း စိတ်ကြိုက် ညှစ်ခဲ့ စို့ခဲ့သည့် သားမြတ်တစ်စုံ။
“ချွတ်.. ချွတ်.. ဒီချွေးခံ ကြည့်ရဆိုးလွန်းတယ်..”
“အာ.. ပြဲ ကုန်တော့မှာပဲ ကိုရင်ရယ်.. ချွတ်ပါ့မယ်.. ဘယ်လို ဖြစ်နေတာ.. ဟွင့်..”
“မမြင်ရ မကိုင်ရတာ ကြာပေါ့.. မှန်း.. ငါ စို့ခဲ့တဲ့ နို့ကြီးတွေ.. ရှီးး.. မှဲ့နီလေးက ခုထိ ရှိတုန်းဟ.. ဒီမယ် ကြည့်စမ်း မိန်းမ..”
“ခိခိ..”
“ထ ထ .. ထမီပါ ချွတ်..”
“အို တော်..”
“အိုစမ်းပါစေ.. ငါ့မိန်းမ ငါ ကြည့်စမ်းပါရစေ.. ချွတ်ပါ အကြင်ရဲ့..”
“ခိခိ.. မရှက်ဘူးလား ကိုရင်ရယ်.. မကြီးမငယ် အိုကြီးအိုမနဲ့..”
“ဘယ်သူ့ ရှက်ရမှာ..”
“အိမ်စောင့်နတ်ကိုပေါ့ တော့်..”
“အာ.. လဖွတ်..”
“ဟုတ်တယ်လေ.. မနက်မိုးလင်းတော့ဖြင့် ဘုရားတွေ ရှိခိုးနေတာမှ အော်ကြီးဟစ်ကျယ်..”
“ဘာ ဆိုင်တုန်းဟ.. ချွတ်ပါ မြန်မြန်..”
“အွင့်တော်.. ကဲ.. ဟွင့်..”
ပြောပြောဆိုဆို ထမီလေး အသာ ချွတ်ချတော့ စူပုံ့ပုံ့ ဗိုက်နှင့် ဖင်တုံးအယ်စတုံကြီးက ဘွားကနဲ ပေါ်လို့လာသည်။ အမယ်အို၏ သက်တမ်း ၆၀ ကျော် ရတနာရွှေကျုတ်ထက်တွင် ငွေရောင် ရောယှက်နေသည့် အမွေးတို့က ကျိုးတို့ကျဲတဲ။ “လှဲချေစမ်း မိန်းမ..” ဟု ပြောလိုက်တော့ အဘွားမယ်ကြင် စောဒက မတက်ဖြစ်။ ကုတင်ပေါ် အသာလှဲချလိုက်သည်။ ဘိုးသာဒွန်းက ဘေးမှနေ၍ တစောင်း လှဲအိပ်လိုက်သည်။ တင်းတိပ် မှဲ့ခြောက်ကလေးများဖြင့် ပြည့်နေပြီ ဖြစ်သည့် ပါးပြင်ကို ငုံ့နမ်းလိုက်၏။ အညိုရောင်ပျယ်နေပြီ ဖြစ်သည့် မျက်ဆံတို့တွင် အရင်လို ရမ္မက်သွေး မလွှမ်းတော့ သော်လည်း ကြည်နူးရိပ်ကတော့ သန်းနေဆဲ။
မေးနှစ်ထပ် ဖြစ်နေသည့် ပါးဖောင်းဖောင်း အောက်က လည်တိုင်သည် ငယ်စဉ်ကလို တင်းရင်း မနေတော့။ အသားပို အသီးလေးများပင်ထ နေသည့် လည်တိုင်ကို ပြွတ်ကနဲ စုပ်လိုက်တော့ အဘွားကြင် တွန့်သွားပြီး “ကိုရင်နော်..” ဟု တိုးတိုးလေး ရေရွတ်သည်။ ဘေးနှစ်ဘက်ဆီ ဘတ်လပ် တွဲကျနေသည့် ရင်စိုင် ၂ ခုကို ဖွဖွရွရွ ပွတ်ပေးလိုက်၏။ လွန်ခဲ့သည့် နှစ်များက သည်ရင်စိုင် ၂ ခုကြားသို့ အတံကြီး ညှပ်ထည့်ပြီး အရသာ ခံခဲ့ဖူးသည်။ “ချိုင်း မြှောက်စမ်း မိန်းမ..” ပြောလည်းပြော ဆွဲလည်း မြှောက်လိုက်၏။
လက်နှစ်ဘက်ကို အပေါ်သို့ ဆန့်ဆန့်မြှောက်ကာ ပူးကိုင်ပြီး အောက်က တလစပ် ညှောင့်သည့် ဆက်ဆံပုံကို မယ်ကြင် အလွန်နှစ်သက်တာ ကိုရင် အသိဆုံး။ ထိုစဉ်က ဖြောင့်စင်း တင်းရင်းခဲ့သည့် လက်မောင်းအိုး လှလှလေးများက ယခုတော့ လက်ပြင်းကျကာ ပျော့တွဲတွဲ ရှိချေပြီ။ အမွေးအမျှင် ကင်းစင်သည့် ချိုင်းလှလှလေးကို လျှာနှင့် တပြပ်ပြပ် လျှက်တိုင်း တွန့်လိမ်လူးကာ ယားတတ်ရှာသည့် ပုံရိပ်လေးကို ပြန်လွမ်းရင်း နံ့သာဖြူ သနပ်းခါးလေးများဖြင့် ချေးကြောင်းလေး ထင်နေသည့် အမယ်အို၏ ချိုင်းလေးကို ပြွတ်ကနဲ စုပ်လိုက်၏။
“အိုးး.. ဘယ့်နှာ.. ကိုရင်.. ရှင်ဟာလေ..”
“ဟဟ.. ယားတုန်းလား ငါ့မိန်းမ.. ဟွမ်.. ပြွတ်စ်.. ပြွတ်စ်..”
“အို့.. အာ.. တော်ပြီလို့.. အဘိုးကြီးနော်..”
စုပ်ရင်း လျက်ရင်း ချိုင်းအောက်ဘက်ကို ဆက်ဆင်းပြီး ဘတ်လပ်ကျနေသည့် နို့တစ်ဘက်ကို ငုံခဲလိုက်သည်။ အဘိုးအို၏ နှာခေါင်းရှည်ရှည်ကြီးနှင့် မွှေ့ကာပင့်ကာ နမ်းလိုက် တပြွတ်ပြွတ် စို့လိုက်နှင့် စိတ်ကြိုက် ဆော့ကစားပြန်သည်။ အဘွားကြင်လည်း မတားမိတော့။ ကိုယ်လုံး ဖိုင့်ဖိုင့်ကြီးကို အိပဲ့အိပဲ့ လူးလွန့်ရင်း လင်တော်မောင် ပြုသမျှ နုရပြန်လေသည်။ လင်ရော သားရော ချွေးမ အပြင် မြေးလေးအတွက်ပါ အစာအာဟာရတို့ ချက်ပြုတ်စီမံရှာသည့် အဘွားကြင်။ နန်းက လွဲပြီး ကျန် သုံးယောက်လုံးက အစားရွေး ချေးထူကြသူများမို့ ပိုလျှံသမျှ နှမြောစာများ စားရင်း ရွှဲကျလာသည့် ဗိုက်ခေါက်ကြီးက ချစ်စဖွယ် အိဖိုင့်နေ၏။ ငယ်ငယ်က တင်းတင်းကျစ်ကျစ်ရှိခဲ့သည့် ချက်တွင်းကလေးမှာလည်း အရေးအကြောင်း ပတ်လည်နှင့် မြေကျင်းဟောင်း တစ်ခုလို အလှကင်းနေပြီ။ အချစ် မပြယ်နိုင်သေးသည့် အဘိုးအိုကတော့ မြေကျင်းဟောင်းကလေးကိုပဲ လျှာဖျားနှင့် ထိုးမွှေကာ ဆော့ပြန်၏။
အဆီပြင်တို့ တွဲလျဲကျနေသည့် ပေါင်လုံး အိအိ နှစ်ဘက်ကို ပွတ်မိပြန်တော့ ငယ်ငယ်က အလုပ်ပင်ပန်းချိန်၊ မိန်းမ ပေါင်ကြား လချောင်းညှပ်ထားပြီး ဇိမ်ခံခဲ့ဖူးတာလေး သတိရမိပြန်သည်။ မိန်းမလည်း လိုချင်နေရှာမလားဟု တွေးမိသော်လည်း လိုးမပေးနိုင်သည့် ညများ မနည်းမနော ရှိခဲ့ဖူးသည် မဟုတ်ပါလား။ မိခင်နှင့် တူသော မယားကတော့ ဘယ်တုန်းကမှ အပြုံးမပျက်ခဲ့ပါပေ။ ပေါင်နှစ်လုံးကြားက ကုန်းကမူ မို့မို့၊ ယခင် နက်မောင်ရွှန်းစိုသော တောအုပ်ကလေးက ငွေမှင်ရောင် ပင်အိုတို့ဖြင့် ခြောက်ကပ်ကပ် ဖြစ်လို့နေပြီ။
“ဒူးထောင်.. ပေါင်ကို ကားလိုက် မိန်းမ..”
“ဗုဒ္ဓေါ.. မဟုတ်တရုတ် ကိုရင်ရယ်.. အိပ်မှာဖြင့်လည်း အိပ်ချေပါတော့..”
“လုပ်ပါကွာ.. မမြင်တာကြာလို့ ကြည့်ချင်လို့ပါ.. ဖြဲစမ်းပါ.. ဟောသလိုလေး..”
“အို့ အို့.. ပလုတ်တုပ်.. ငုတ်တုပ်.. အသာလုပ်ပါတော့ ဘယ့်နှာ.. အကြောတင်သွားမှဖြင့် ကျော်မကောင်း ကြားမကောင်း ကိုရင်ရယ်..”
ပေါင်အယ်စတုံကြီး နှစ်ဘက်ကို နင်းကန် ဖြဲကားလိုက်တော့ ဂျွတ်ကနဲပင် မြည်သွားသေးသည်။ မလျှော့ရတာ ကြာပြီ ဖြစ်ရှာသည့် မယ်ကြင့် ပေါင်တွင်းကြောများ မည်မျှပင် တင်းနေရှာမည်နည်း။ ငယ်ရွယ်စဉ် အခါတုန်းကတော့ အနှီ ပေါင်နှစ်ချောင်းကို ဖြဲနိုင်သလောဖြဲ၊ ပြားနေအောင် ကားပြီးမှ လီးတဆုံး ထိုးစိုက်ကာ ကျိတ်ဆောင့်ခြင်းကို အလွန်နှစ်သက်သည့် အကြင်။ ဖားပြုတ်ကျောကုန်းလို ဖောင်းကား နေသည့် အဖုတ် ဖောင်းဖောင်းကြီးရဲ့ အတွင်းပိုင်းက ခုတော့ ရေမရှိတော့သော တွင်းဟောင်းလို ခြောက်ကပ်နေလေမလား။
နှုတ်ခမ်းထူထူကြားမှ ထိုးထွက်နေသည့် ပွင့်ဖတ်လေး နှစ်ချပ်ကို လက်ချောင်းထိပ်ဖြင့် ပွတ်သပ်ပြီး ခပ်ဖွဖွလေး ဆွဲကြည့်လိုက်သည်။ ခြောက်သွေ့ စေ့ကပ်နေသည့် အကွဲကြောင်းကို ဆွဲဟကာ ဖြဲကြည့်လိုက်တော့ ခရမ်းရင့်ရောင် သစ်ခွတစ်ပွင့် ပေါ်လာသည်။ စိတ်ကြိုက် လျှက်ခဲ့ နမ်းခဲ့ တဇတ်ဇတ်ကိုက်ကာ စုပ်လိုက် ထွေးလိုက်နှင့် ဆော့ကစားခဲ့သည့် ပွင့်ချပ်လေးများက ပန်းသွေးရောင်ပြယ်ကာ ခရမ်းပြာရောင် ဖြစ်နေပြီ မဟုတ်ပါလား။ နုတ်ခမ်းပန်းနား တွန့်တွန့်လေးနှင့် ပျော့တွဲတွဲ ပြဲကားနေသည်မှာ ချစ်စရာပင် ကောင်း ကောင်းသေးတော့၏။ မျက်နှာ အပ်ကာ ပလပ်လပ် မြည်အောင် လျက်ပစ်လိုက်တော့ အဘွားကြီး အလန့်တကြား ထ အော်တော့သည်။
“အလိုလေး.. တော့် ကိုရင်.. ရှင်ကြီးနော်.. ရှင်ကြီး..”
“အသာ နေစမ်းပါ မိန်းမရယ်.. မင့်စောက်ဖုတ်လေးက အိုနေပေမဲ့ အရင်လို ချိုတုန်း ဟ..”
“အို.. ခက်ပါဘိတော်.. မအပ်မရာ ကိုရင်ရယ်..”
အဖုတ်အိုလေးကို ဖြဲကာ လျက်ရင်း လျှာဖျားက အနောက်ပေါက်ကို ရှာစမ်းမိသည်။ တင်ပဆုံးကားကား မတရား ထွားလွန်းနေပြီမို့ အရှေ့နဲ့ အနောက် ကြားက အတော်ပင် လှမ်းလှပါရော့လား။
“ဘာတွေ လုပ်နေသတုန်းလို့ ကိုရင်ရဲ့.. ခက်တယ်နော် ခက်တယ်..”
“ဖင်ပေါက်ကလေး မြင်စမ်းချင်လို့ပါ မိန်းမရယ်.. ငါ အလိုရှိတိုင်း ခံပေးရှာတဲ့ မင့် ဖင်ကလေးလေ.. အဲ့သာလေး မြင်ပြီးရင် တော်ပါ့မယ်.. နော် မိန်းမ..”
“ရှင်ကြီးဟာလေ.. အိုကြီးအိုမ အထိတောင် ဖင်ခံစားချင်တုန်းလား..”
“ဟေ့ဟေ့.. လေသံ မှန်အောင် ပြောပါဟ.. ဘယ့်နှယ် ဖင်ခံစားချင်ရမတုန်း.. မိန်းမဖင်ကို အရသာ ခံစားချင်တာ.. အဲ့သလို ပြောစမ်းပါ..”
“ခိခိခိ.. တော်ဟာလေ..”
“ကြွ ကြွ.. ဖင်လေး နည်းနည်း ကြွပေး..”
“ကျုပ်ဖင် ကျုပ် မနိုင်ဘူးတော့်.. ဘယ့်နှာ လူကို အသက် ၂၀ သူငယ်မလေး မှတ်နေရော့လား..”
“အိမ်း ဒါလည်း ဟုတ်သဟ.. နေဦး.. ဟော.. ဟောဟိုက ခေါင်းအုံး လာစမ်း.. ခါင်းအောက်မယ် သလိုလေး ခေါင်းအုံး ခုလိုက်.. အေး.. ရပြီ.. ရပြီ.. ဟုတ်သွားပြီ.. မြင်ရပြီ မိန်းမ.. ငါ ခံစားခဲ့တဲ့ မင့် ဖင်လေး.. အဟေးဟေး..”
အားပါးတရ ပြောရင်း ညိုရင့်ရင့် ခရေလေးကို လက်ထိပ်နှင့် တို့ကာ မွှေကာ ဆော့ပြန်ပါလေသည်။ ပန်းခရေတို့ သဘာဝ လန်းရာမှ မြေခကြွေ၊ ခြောက်လေသည့်တိုင် မွှေးရနံ့ မပျယ်သလိုပင် ငယ်စဉ်က လန်းဆန်းခဲ့သည့် အကြင့် ခရေပွင့်လေးမှာလည်း ယနေ့တိုင် လှနေဆဲ။ ထုံအီအီ ရနံ့လေး တစ်မျိုးဖြင့် အဘိုးအိုရင်ကို အချစ်တိုးအောင် စွဲဆောင်နေဆဲ။ စိတ်ရှိလက်ရှိ ကလိကလောက်လုပ်ရင်း အတိတ်ကို စားမြုံ့ပြန်ကာ ကြည်နူးမဆုံးနိုင် ဖြစ်နေသည့် အဘိုးသာဒွန်း တစ်ယောက်..
“ကျုပ် ချမ်းလာပြီတော့် ကိုရင်ရဲ့.. ဟပ်.. ဟပ်.. ဟပ် ချိုး..”
“ဟာ.. အကြင်.. မိန်းမ.. ငါ့ မယားလေး.. မင့် အဖုတ်က.. ကြည့်စမ်း..”
“ဘာတုန်းတော့် အလန့်တကြား.. ဟပ်.. ချိုးးးး..”
“အဲ.. တကယ်ဟ.. မင့် မအိုသေးဘူး မိန်းမ.. ခုနေ ငါ တက်လိုးရင် အဆင်ပြေနိုင်သေးတယ်ဟ.. သည်မယ် စိုလာတယ်.. အဟုတ် စိုလာတယ်.. ငါ ဆွ နေတာ ကောင်းလို့နေမယ်..”
“ဘာ ဘာ..”
“မင့် အဖုတ်လေးလေ.. အဲ အဖုတ်ကြီးပေါ့ကွာ.. ငါ လိုးခဲ့တဲ့ အဖုတ်ကြီး.. အခု စိုလာတယ်လို့..”
“စို မပေါ့ တော့.. နှာချေလိုက်လို့ သေး ထွက်သွားတဲ့ဟာမင့်ကို..”
“ဟမ်..”
“ဖယ်စမ်းပါ.. ဒလဟော ထွက်ကျကုန်မှ အိပ်ရာခင်း သေးစိုလို့ အခက်.. မိုးက ဆက်နေတာ လျှော်လို့ လှမ်းလို့ အဆင်ပြေတာ မဟုတ်..”
“ဟေ.. အဲ့သဟာ သေးလား.. ဟားဟားဟား..အွမ်း အွမ်း.. ဖြည်းဖြည်းထ မိန်းမ.. ဟားဟားဟား..”
ဘိုးသာဒွန်း တစ်ယောက် ဇနီးဖြစ်သူ၏ အိဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးကို အသာထူပေးရင်း တဟားဟား ရယ်မိရတော့သည်။ နှာချေလို့ သေးထွက်တာကို အဖုတ် စိုလာတယ် ထင်ပြီး တက်ခွရန် ကြံမိသော မိမိ အဖြစ်ပါတကား။ အဘွားကြင် တစ်ယောက် ချွတ်ချထားသည့် ထမီကို ကပြာကယာ ကောက်စွပ်ပြီး သေးပေါင်ရန် အိမ်သာပြေးရ ရှာလေသည်။ အတော် လက်ကမြင်းတဲ့ ယောက်ျားဟု တိုးတိုးကလေး ရွတ်ကာ မျက်စောင်း ရွယ်သွားသေးသည်။ အိပ်ခန်းနှင့် အိမ်သာ အကူးမှာပင် နှာချေတာ စိပ်လာပြီး မထိမ်းနိုင်သည့် သေးတို့က ပေါင်တလျှောက် စီးကျလာတော့သည်။ အဘွားကြင်ခမြာ ကိုယ့်အဖြစ်ကိုယ် တခိခိ ရယ်ရင်း ပေါင်ကြားထဲ ထမီလုံးထိုးကာ ကြမ်းပြင် သေးမစိုအောင် ထိန်းပြီး မတ်တပ်အတိုင်း ခပ်သာသာ ပေါက်ချရတော့၏။ ပြီးမှ အိမ်သာဆီသွားကာ ဆေးကြော၊ ထမီလဲ၊ အကျီလေးပါ ပြန်ကောက်စွပ်ပြီး အိပ်ခန်းဆီ ပြန်ဝင်လာတော့ ကိုရင်သာဒွန်းက ကုတင်ပေါ်တင် တစောင်းလေး လှဲလို့ မှိန်းနေပြီ။
ကုတင်စောင်းလေး အသာ မှေးထိုင်လိုက်တော့ မျက်စေ့ မှိတ်လျက်ကပဲ လက်မောင်းကို ပုတ်ပြ၏။ လာအုံးအိပ် ဟူသည့် သဘော။ ဘွားကြင်လည်း အလိုက်သတိပင် လင်ဖြစ်သူ ကိုသာဒွန်း ရင်ခွင်တွင် ကျောအပ်၍ ပူးကပ်ကာ ဝင်လှဲလိုက်၏။ ဘိုးသာဒွန်း လက်တစ်ဘက်က ဘွားကြင် အကျီအောက်မှ လျှိုကာ ရင်အုံနှစ်လုံးကြား ထိုးနှိုက်လာသည်။ သည်လို ပူးကပ် ပွေ့ဖက်ပြီး သည်လို နှိုက်မယ်မှန်း သိနေသည့် အဘွားကြင်လည်း ချိုင်းကလေး ဟကာ ဝင်လာသည့် လင့် လက်ကို အသာပြန် ဖိညှပ်ထားပေးလိုက်၏။ ချက်ချင်း ဆိုသလိုပင် ဖင်တုံးထွားထွားကြီးပေါ် ခြေတစ်ဘက် ကားရားတင် ခွလာပြန်သည့် အကြင့်ချစ်လင်။ ငယ်ငယ်ကလို လတံချောင်းကြီး ဖင်ကြားညှပ် အိပ်ဦးမလားဟု တွေးမိသော်လည်း မမေးဖြစ်။ ဖင်ဟောင်းလောင် အိပ်ရင်းက နှာချေလျှင် သေးဆို့တတ်လာပြီ ဖြစ်သည့် မိမိ အသက်အရွယ်ကို သူလည်း သိသွားပြီပဲလေ ဟုတွေးရင်း နွေးနွေးကလေး ပြုံးမိတော့သည်။
ကွမ်းတောင်ကိုင် ရွာသူမလေး ကျမ မြကြင်.. ကောက်စိုက်ပွဲ အပြီးမှာ နွှဲခဲ့တဲ့ ချစ်ပွဲက စလို့ ဘဝထဲ ဝင်ဖြစ်ခဲ့တယ်လေ.. မြို့ကျောင်းတက် သတို့သားနဲ့ အညတရ တောသူဘဝမို့.. ဘယ်အချက်ကများ ဝေးစေမလား ဆိုပြီး စိုး တထိတ်ထိတ်နဲ့ ရှင့်လက်ကို ဆုပ် ထားမိခဲ့.. သားလေး မွေးပြီးသည့်တိုင်လည်း ကျမ စိုးစိတ်တွေ မပြယ်နိုင်ခဲ့ပါဘူး.. တောအရပ်ကို ခွာ.. မြို့မှာ လာ ဘဝခရီးဆက်တော့.. ရှင့် ပတ်ဝန်းကျင် ရှင့်အသိုင်းဝိုင်းကြား တောသူမ အရိုင်းမို့ ထားရစ်လေးမလား တွေးရပြန်တယ် ကိုရင်ရယ်.. တည်ကြည်တဲ့ လင်သား.. တာဝန်ကျေတဲ့ လင်သား.. သစ္စာတရား ကြီးမားစွာနဲ့ ညှာတာတတ်တဲ့ လင်သားပေမို့ ခုတော့ ကျမ ရတက်အေးရပါပြီ.. ရှင်နဲ့ ကျုပ် ဝေးရစရာ အကြောင်း မရှိတော့ဘူး ထင်ပါရဲ့.. ရှင်နဲ့ကျုပ်ကြား ကွဲအောင် ခွဲနိုင်မယ့် အရာ ဆိုလို့လည်း မရှိတော့ဘူး ထင်ပါရဲ့..
ကျုပ်တို့ နှစ်ယောက် ခွဲခွာလောက်စရာ အကြောင်းဆိုလို့ မရှိနိုင်တော့ဘူး ထင်ပါရဲ့..
ကျုပ်တို့ နှစ်ယောက် ခွဲခွာလောက်စရာ အကြောင်းဆိုလို့..
ကျုပ်တို့ နှစ်ယောက် ခွဲခွာလောက်စရာ..
ကျုပ်တို့ နှစ်ယောက်..

Leave a Reply

Your email address will not be published.