သူငယ်ချင်းကောင်း..
ဆုက ကျောင်းသူပါ၊ ပထမနှစ်ပေါ့၊ ဘာမေဂျာလဲဆိုတော့.. မမေးပါနဲ့၊ ဒါတွေက အရေးမပါပါဘူး၊ဆုမှာ ရည်းစားရှိတယ်၊ ထွဋ်တဲ့၊ ထွဋ်မှာ အရမ်းချစ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်၊ ကျော်ကျော်တဲ့၊ မေဂျာတူတွေပေါ့၊ထွဋ်က ပျော်တတ်တယ်၊ ရက်ရောတယ်၊ ဆိုးတာကလဲ အပျော့ဆွဲဆိုတော့ လူချစ်လူခင်လဲ ပေါတယ်၊ ကျော်ကျော်က ခပ်အေးအေးသမား၊ ထွဋ်လောက် ဥာဏ်မကောင်းပေမယ့် စာကြိုးစားတယ်၊ …