စိတ် ကြိုက် ဗျင်း
မေ့အဘို့ သည်လောက၀ယ် လိုလေသေးမရှိ အောင်ဖြစ်နေရခြင်းမှာ မေ၏ ဘ၀ကုသိုလ်အကျိုးပေး ကောင်း၍ဆိုရပေမည်။ မေသည်နှစ်ထပ်တိုက်တလုံးအ ပေါ်ထပ်ဝယ် အစစအရာရာ လိုလေသေးမရှိအောင်နေရသည်။ မေ့ကိုပတ်ဝန်းကျင်နှင့်အပေါင်းအသင်းများက မင်းကတော်ဟူ၍ တင်စားခေါ်ကြသည်။ မေသည် အရာရှိကတော်ဖြစ်သည်။မေသည်အရာရှိကတော် မင်းကတော်ဟူ၍ နံမည် တွင်ကာ သတင်းကြီးလှသည်။ မေ၏သတင်းကြီးမှုမှာ လည်း အိနြေ္ဒနှင့်မေ၏အလှအပကြောင့်သာလျှင် ဖြစ် လေသည်။ …