အရုပ်ကလေးနှယ်လှလွန်းသည်
ကျွန်တော် က မန္တလေးဇာတိဖြစ်ပြီး ၁၀တန်းအောင်တော့အမှတ်မှီသဖြင့် (တီတီစီ ) ကျာင်းသို့တက်ခဲ့သည်။ ကျောင်းဆင်းပြီး ခန္တီးမြို့သို့တာဝန်ကျသဖြင့် သဘောင်္ပေါ်ရောက်နေသည်။ အခန်းယူထားသဖြင့် ဘေးဘက်ခုတင်မှာ မည်သူနှင့်ကျမည်ကို ရင်ခုန်မိသည်။ သားအမိလား ဘာလားတော့မသိ။အဒေါ်ကြီးတစ်ယောက်နှင့် အမကြီးတစ်ယောက်အခန်းထဲသို့ဝင်လာသည်။ အဒေါ်ကြီးပုံကနေကောင်းဟန်မရှိ ။အခန်းထဲက ကုတင်ပေါ်ရောက်သည်နှင့်လှဲတော့သည်။ အမကြီးကထိုင်စရာနေရာမရှိတော။အပြင်ဘက်ထွက်လမ်းလျှောက်လိုက် သူ့အဒေါ်ကို လာကြည့်လိုက်လုပ်နေတော့ ကျွန်တော်ကုတင်မှာ ထိုင်ရန်ဖိတ်ခေါ်လိုက်သည်။ …