အငယ်အနှောင်းဘဝလေ
ဆယ်တန်းမပြီးပဲကျောင်းထ်ွက်ထားတော့ ကျွန်မဘာလုပ်ရမယ်မသိ။ အသက်က ၂၀ကျော်တဲ့အထိ အလုပ်လဲရေရေရာရာမရှိ။ အိမ်ကလဲ စီးပွားရေးအဆင်ပြေလှသည် မဟုတ်တော့ အလုပ်လျှောက်ဖို့ ဆုံးဖြတ်လိုက်ရတယ်။ ဘွဲ့များများရတဲ့ သူတွေတောင် အလုပ်ရဖို့ခက်နေတဲ့ခေတ်ကြီးထဲ ကျွန်မလိုဆယ်တန်းမပြီးတဲ့သူအတွက် အပုံကြီးခက်တာအမှန်ပါပဲ။ ရှိစုမဲ့စု ပိုက်ဆံလေးနဲ့ ကျွန်မကွန်ပြူတာသင်တန်းတက်တယ်။ အလုပ်ရဖို့ ကြိုးစားတယ်။ သတင်းစာတွေမှာ အလုပ်ခေါ်တဲ့ကြော်ငြာရှာတယ်။ လမ်းသွားရင်းလဲ ကပ်ထားသမျှအလုပ်ခေါ်စာဖတ်တယ်။ သွားလျှောက်တယ်။ …