မိ သား စု ဘ ၀ လေး
မိုးလင်း ကတည်းက အသဲအသန်ရွာသွန်းနေသော ကိုရွှေမိုးက ညနေရောက်မှာသာ လုံးလုံးတိတ်သွားတော့သည်၊ဇွဲကိုက ဆိုင်ရှေ့မှာပစ္စည်းလေးတွေ ပြန်ခင်းရင်းဈေးဝယ်သူအလာကိုသာ ထိုင်စောင့်နေမိတော့သည်၊မိန်းမက ဆိုင်အတွင်းက စက်ချုပ်ရင်း ညည်းသံသဲ့သဲ့ကို ကြားမိတော့ ပြုံးမိပြန်သည်။ ကျွန်တော်နာမည်က ဇွဲကိုပါ ၊အမျိုးသမီး နာမည်က မိုးမြင့်သူပါ၊ကျွန်တော်က စက်ရုံတစ်ရုံမှာ စာရေးလုပ်တယ်၊သူကတော့ အရင်က အထည်ချုပ်စက်ရုံလုပ်ရင်း ကျွန်တော်နဲ့ညားပြီးတော့ စက်ချုပ်သင်တန်းလေးတက်ကာဆိုင်လေးဖွင့်လိုက်တာ၊မထင်မှတ်ပဲ …