April 30, 2024

ဈေးပေါပေါ

လှိုင်သာယာ တနေရာ ။ ရန်ကုန်မြို့ ။ ည၁၀နာရီခွဲ ။ ဦးဘိုဘိုအောင်သည် ဖေါ့ဘူးနဲ့ထည့်ထားတဲ့ ခေါက်ဆွဲကြော် ပါတဲ့ ကျွတ်ကျွတ်အိတ်ကို ဆွဲလို့ သူနေတဲ့ ဝေဘာကီလမ်းသွယ်လေးထဲကို ဒယိမ်းဒယိုင် ခြေလှမ်းတွေနဲ့ လှမ်းဝင်လိုက်တဲ့ အချိန် လမ်းထိပ်ကင်းတဲမှာ ထိုင်နေတဲ့ ဘယ်ကျော်ဆိုတဲ့ အသက် ၁၅နှစ်ခန့် ကောင်လေးက “ ဦးဘိုကြီး….နောက်ကျလိုက်တာ..မသိန်းညွန့်ဆိုင် ကို ၀င်ခဲ့ပြီနဲ့ တူတယ်…” လို့ လှမ်းအော်ပြောလိုက်သည် ။ မသိန်းညွန့်ဆိုင် ဆိုတာက သူတို့နေတဲ့ အပိုင်းက အရက်နဲ့ အစားအသောက် ရောင်းတဲ့ ဆိုင် ။ ဦးဘိုဘိုအောင်က “ ဟားဟား….တော်တော်လည်း ခန့်မှန်းတာ တော်တဲ့ ချာတိတ်….ဟီး….မှန်တာပေါ့ကွာ….”လို့ ပြန်အော်ပြောရင်း သူ့အိမ်ရှိတဲ့ လမ်းရဲ့ အဆုံးအစွန်ဖက်ကို ဆက်လျှောက်သွားလိုက်သည် ။ အမှန်က ဒီနေ့ည ဦးဘိုဘိုအောင် စက်ရုံမှာ အိုဗာတိုင် ဆင်းရမှာ ။ အိမ်က မိန်းမကို ဒီည ထမင်းစား မစောင့်နဲ့..ငါ အိုဗာတိုင်ဆင်းမှာ မနက်မှ ပြန်ခဲ့မယ်..လို့ မှာခဲ့ပြီး စက်ရုံရောက်တော့ အာမက်ဆိုတဲ့ကောင်က သူငွေလိုနေလို့ အိုဗာတိုင်ကို သူလုပ်ပါရစေလို့ အထပ်ထပ် တောင်းလို့ သူ့အိုဗာတိုင်ကို အဲ့ကောင်ကို ပေးလိုက်ပြီး သူက စိုးကျော်ဆန်းတို့အုပ်စုနဲ့ မသိန်းညွန့် အရက်ဆိုင်မှာ သွားသောက်သည် ။ အပြောကောင်းတဲ့ စိုးကျော်ဆန်းရဲ့ လေမှာ နစ်မြောပြီး တခွက်ပြီးတခွက် နှိပ်လိုက် မကုလားမရဲ့ ကြက်ရိုးသုတ် စပ်စပ်လေး ၀ါးလိုက်နဲ့ ဟန်ကို တအားကျနေတာ ။ ပြန်ခါနီးတော့ မိန်းမကို သတိရပြီး သူ့အတွက် ကြက်သားခေါက်ဆွဲကြော်တပွဲ ထုတ်ခိုင်းလိုက်သည် ။ ရှိပူရသေး..ကုန်မှအေး….ဆိုတာ ဦးဘိုဘိုအောင်ရဲ့ ပြောနေကျ လက်သုံး စကား ။ ဆင်းရဲသားကျောမွဲတွေ အတွက် တသက်လုံး ဆင်းရဲတွင်းက မတက်နိုင်လို့ မထူးတဲ့အတူတူတော့ သောက်သောက်စားစား လုပ်နေတော့မယ် ဆိုတာကို အမြဲ ပြောတတ်တဲ့ ဦးဘိုဘိုအောင်သည် ဆုံးသွားတဲ့မိန်းမနဲ့ ရတဲ့ သားနှစ်ယောက်ကလည်း လက်လွတ်နေပြီ ဆိုတော့ မကြာသေးခင်က ယူလိုက်တဲ့ အသက်ငယ်ငယ် မယားလေးနဲ့ ရသမျှ သုံးစားရင်း ပျော်ပျော်ကြီး နေနေသူတယောက် ။

နွားအို မြက်နုကြိုက် ဆိုတဲ့ စကား အတိုင်း မိန်းမငယ်ငယ် ယူလို့ သူ့စိတ်နဲ့ရုပ် အရင်ကထက် ပို နုပျိုလန်းဆန်းလာသည် လို့ ပြုံးဖြီးဖြီးနဲ့ သူငယ်ချင်း ရောင်းရင်းတွေကို ပြောတတ်တဲ့ ဦးဘိုဘိုအောင်သည် အသက်ကြီးသူတွေ သုံးစွဲနေတဲ့ ဘိုင်ယာဂရာ ဆိုတဲ့ ဆေးပြားလေးတွေကို သုံးစွဲဖို့ မလိုဘဲ အိပ်ရာထဲ တာဝန်ကျေ နေသည် လို့လည်း ကြွားဝါသလို ပြောလေ့ရှိသည် ။ အင်း..အရက်အရှိန်လေးနဲ့ ဦးဘိုဘိုအောင်ရဲ့ စိတ်တွေက နိုးကြွနေသည် ။ ဖြူဖြူဖွေးဖွေး ကိုယ်လုံးသွယ်သွယ်နဲ့သူ့ထက် အနှစ်နှစ်ဆယ်ကျော် ငယ်တဲ့ မယားလေး ကြူကြူထားကို ဒီညတော့ တချီကောင်း ဆွဲလိုက်တွယ်လိုက်အုံးမယ် လို့လည်း အပြန်လမ်းမှာ စဉ်းစားလာခဲ့သည် ။ မှောင်မဲ တိတ်ဆိတ်နေတဲ့ ရပ်ကွက်စွန်က သူ့အိမ်ကလေးရှေ့ကို ရောက်လာခဲ့ပြီ ။ အိမ်ထဲက မီးရောင်ဝါလဲ့လဲ့လေးကို သူ တစွန်းတစ မြင်ရသည် ။ အင်း..မိန်းမတော့ မအိပ်လောက်သေးပါဘူး ။ သူ စားထားပြီးလို့ ၀ယ်လာတဲ့ ခေါက်ဆွဲကြော်ကို ဒီည မစားနိုင်ရင်လည်း မနက်ကျမှ ပြန်နွှေးပြီး အတူတူ စားကြမယ်လို့ တွေးရင်း အိမ်တံခါးဆီကို ချဉ်းကပ်လိုက်တဲ့အချိန် အိမ်ထဲက လူသံတွေ ကြားလိုက်ရသည် ။ ယောက်ျားတယောက်ရဲ့ အသံလိုလို ။ သိပ် မသဲကွဲဘူး ။ တံခါးကို ခေါက်မယ် ပြင်ပြီးကာမှ မိန်းမ တယောက်ထဲ ရှိနေရမယ့် သူ့အိမ်ထဲ ဘယ်သူတွေများ ရောက်နေပါလိမ့်လို့ စဉ်းစားရင်း အသံတွေကို သေသေချာချာ နားစွင့်ထောင်လိုက်သည် ။ မိန်းမဖက်က ဆွေမျိုးတွေများ ဒါးပိန်ကနေ လာကြသလား ဆိုတဲ့ အတွေးက ကြားလိုက်ရတဲ့ အသံတွေကြောင့်လွင့်ပြယ်သွားသည် ။ ကြားလိုက်ရတာက ကုတင်တကျွိကျွိ မြည်တဲ့ အသံတွေနဲ့ ခြင်ထောင်သံလို့ လူတွေ ပြောလေ့ရှိတဲ့ တအင်းအင်း ညည်းသံတွေ..အသားချင်း ရိုက်ခတ်တဲ့ တဖတ်ဖတ် အသံတွေ ။ ဟင်….ကြူကြူထား……မျောက်ဇာတ်ခင်းနေပြီလား ။ ဦးဘိုဘိုအောင် အရက်မူး ပြေသွားသလိုဘဲ ။ သေချာအောင် အိမ်ဘေးကို ပတ်သွားလိုက်သည် ။ သူ့အိပ်ခန်းနဘေးကို ရောက်တော့ သေသေချာချာ နံရံမှာနားကပ်ပြီး အထဲက အသံတွေကို နားထောင်သည် ။ ဟုတ်သည် ။ ဖိုမကာမစပ်ယှက်နေတဲ့ အသံတွေ ။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အထဲကို မြင်နိုင်မယ့် အပေါက်တခုခုကို ရှာသည် ။ တော်တော် ရှာရပေမယ့် နောက်ဆုံးတော့ အထဲကို မြင်သာတဲ့ အပေါက်လေး တပေါက်ကို တွေ့သည် ။ ချောင်းကြည့်လိုက်တော့ မြင်ရတဲ့ မြင်ကွင်းကြောင့် ဦးဘိုဘိုအောင် အသားတွေ တဆတ်ဆတ် တုန်လာသည် ။ ဒေါသစိတ်က သူ့ကို လွှမ်းမိုးသွားပြီ ။ တုန်နေတဲ့ဒူးတွေ ခြေထောက်တွေနဲ့ အိမ်အနောက်ဖက်ကို ခပ်သွက်သွက် လှမ်းသွားလိုက်ပြီး ဘူးစင် နဘေးက ပေါက်ပြားကို ကောက်ဆွဲလိုက်သည် ။

အိမ်နောက်ဖက်ပေါက် တံခါးဆီကို ဘယ်လို ရောက်သွာမှန်း မသိတော့ ။ သည် တံခါးက အထဲက ဂျက်ထိုးထားပေမယ့် ဆောင့်တွန်းလိုက်ရင် ပွင့်သွားသည် ။ သူ မပြင်ဖြစ်သေးတဲ့ တံခါး ။ ဒေါသနဲ့ ဆောင့်တွန်းလိုက်သည်။ ၀ုန်းကနဲ တံခါးပွင့်သွားတော့ ခြေလှမ်းကြဲကြဲနဲ့ အိပ်ခန်းဆီကို လှမ်းသွားသည် ။ အိပ်ခန်းတံခါး ပိတ်မထား ။ အ၀တ်မယ့် ကိုယ်လုံးတီး မောင်နှံ ပြင်းပြင်းထန်ထန် စပ်ယှက်နေကြတာကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ ဦးဘိုဘိုအောင်သည် စိတ်မထိန်းနိုင်တော့ ။ နောက်ဖေးက ခြံထဲ အပင်စိုက်တဲ့အခါ မြေပေါက်တဲ့ ပေါက်ပြားကို လွဲမှားစွာနဲ့ သုံးမိသွားပြီ ။ တောက်..ဖေါက်ပြန်တဲ့ မိန်းမ…..နဲ့ ကြာကူလီ မယားခိုး……..။ သူ သတိဝင်လာတော့ သူ့မိန်းမ ကြူကြူထားရော ကြူကြူထားနဲ့ ကာမပွဲကြမ်းနေတဲ့လူရော သွေးအိုင်ထဲမှာ မလှုပ်တော့ ။ မန္တလေးမြို့ ။ ကျွဲဆည်ကန်ရပ် ။ ဇော်ဇော်အောင် သည်နေ့ အလုပ်နားရက် ။ ခါတိုင်းလို မနက်စောစော ထစရာ မလိုဘူး ။ သူနေတဲ့ သူ့အလုပ်ရှင်ရဲ့ တိုက် အနောက်ဖက်က အိမ်တန်းလျားမှာ နေမြင့်တဲ့အထိ အိပ်သည် ။ စားသောက်ဆိုင်မှာ ပုဂံဆေး ဘာရီဟ အလုပ်ကြမ်းတွေ လုပ်ရတဲ့ဇော်ဇော်အောင်သည် တကယ်တော့ အသက်၁၈နှစ် အရွယ် လူငယ်လေး တယောက် ။ သူလုပ်နေတဲ့ဆိုင်က စားသောက်ဆိုင် လို့ နံမည်တပ်ထားပေမယ့် အကုန်ရသည် ။ ဘာလိုလိုရသည် ။လိုချင်တာသာ ပြောလိုက် ။ ဆိုင်ရှင် ကိုကောက်တွဲက အကုန် ဖြစ်အောင် ကြံဆောင်ပေးသည် ။ အရက်လည်းရ ဆေးမျိုးစုံလည်းရ …စော်လည်း ရသည် ။ ဖဲရိုက်ချင်သလား..ဂျင်ဖိုက်ချင်လား…လောင်းကစားဝိုင်းတွေလည်း ရှိသည် ။ အိပ်ရာ နိုးလာတော့ အားရက်မို့ နေတဲ့နေရာနဲ့မနီးမဝေးက လဖက်ရည်ဆိုင်ကို သွားသည် ။ လဖက်ရည်နဲ့ မုန့် စားသောက်ရင်း သတင်းစာ ဂျာနယ်တွေကို လှန်လှောဖတ်သည် ။ သည် လဖက်ရည်ဆိုင်က သတင်းစာ ဂျာနယ်တွေ အများကြီး ချပေးထားသည် ။ ဇော်ဇော်အောင်သည် ဂျာနယ် အသစ်ရဲ့ မျက်နှာဖုံးမှာ စာလုံးမဲကြီးတွေနဲ့ ပါလာတဲ့ သတင်းကို တွေ့လို့ အာရုံစိုက်ပြီး ကြည့်လိုက်သည် ။ ၂လောင်းပြိုင် လူသတ်မှု ဖြစ်ပွါး လှိုင်သာယာ ဆိုပါလား ။ လင်ငယ်နဲ့ ပျော်ပါးနေတဲ့ မယားနဲ့ လင်ငယ်ကို ပေါက်ပြားနဲ့ ခုတ်သတ် …တဲ့ ဟာ…..အဖေ…အဖေ့ပုံကြီး…. လက်ထိပ်တန်းလန်းနဲ့ အဖေ့ဓါတ်ပုံကြီးကို တွေ့လိုက်ရလို့ ဇော်ဇော်အောင် တအား တုန်လှုပ်သွားသည် ။ ဟား….ဖြစ်မှ ဖြစ်ရပလေ..အဖေရယ်…….အို..ဗျာ…….. ဇော်ဇော်အောင် တအား စိတ်ထိခိုက်သွားသည် ။ မိန်းမငယ်ငယ် ယူပြီး ဂုဏ်ယူဝင့်ကြွား နေတဲ့ အဖေ့ပုံရိပ်ကို မြင်ယောင်နေသည် ။ ဖြစ်မှ ဖြစ်ရတယ် အဖေရယ်…ဆိုတဲ့ စကားစုကို အထပ်ထပ် အခါခါ ရေရွတ်နေမိသည် ။ အကိုကြီးဇော်ရဲအောင် တယောက်ကတော့ သိမည် မထင်ဘူး ။ သူ့ဆီကို ဖုန်းဆက် အကြောင်းကြားရမည် ။အကိုကြီးသည် မလေးရှားမှာ အလုပ်လုပ်နေသည် ။ ရရစားစား အလုပ်သမား အလုပ်လုပ်နေတာပါ ။ ဇော်ဇော်အောင်လည်း အလုပ်ရှင် သူဌေးကို ခွင့်တောင်းပြီး ရန်ကုန်ကို အမြန် ပြန်သည် ။ သူဌေးက ပြန်ခွင့်မရှိဘူး..ပြန်လာရင် အလုပ်ရမယ်လို့ အာမမခံဘူးလို့ ပြောသည် ။ သို့ပေမယ့် ဇော်ဇော်အောင်ပြန်သည် ။ အလုပ်ပြန်မရလည်း တခြားမှာ လုပ်ရုံဘဲပေါ့ ။ ဒီလို အောက်ဆုံးအဆင့် ခိုင်းဘတ် အလုပ်က မရှားပါဘူး ။

အဖေ့ကို ထောင်ထဲမှာ ထောင်ဝင်စာ သွားတွေ့ရသည် ။ အဖေသည် လူနှစ်ယောက်ကို သတ်လိုက်မိပြီ ။ ထောင်ထဲက ထွက်ရတော့မှာ မဟုတ်ဘူး ။ ဇော်ဇော်အောင့်ကို အဖေက ဘာမှ စကားမပြောဘူး ။ အဖေ့အတွက် လိုအပ်တဲ့ ဆေးဝါး စားစရာတွေ ပေးခဲ့သည် ။ ကြားက ဘယ်လောက် ဖြတ်ခုတ် ယူထားမလဲတော့ မသိဘူး ။ မလေးရှားနိုင်ငံ ။ ကွာလာလန်ပူမြို့ ဆင်ခြေဖုံး တနေရာ ။ ဇော်ရဲအောင်သည် ညီလေး ဇော်ဇော်အောင်ဆီက ဖုံးရလို့ အဖေ့ရဲ့ လူသတ်မှုအကြောင်းကို သိရသည် ။ သူ ချက်ချင်း ပြန်သွားလို့လည်း ဘာလုပ်နိုင်မှာလဲ ။ အဖေ့ပြစ်မှုက ထင်ရှားနေသည် ။ အဖေက သူ သတ်ကြောင်းလည်း ၀န်ခံသည် ။ လူနှစ်ယောက်ရဲ့ အသက်ကို ရက်စ က်စွာ သတ်ဖြတ်လိုက်ခြင်းကို ကယ်နိုင်ဖို့ လမ်းမမြင်ဘူး လို့ သူ ထင်သည် ။ ညီလေး ဇော်ဇော်အောင်ကို သူ မကြာခင် ပြန်လာမယ်လို့ ပြောလိုက်ပေမယ့် သူကိုယ်တိုင်လည်း ဘယ်တော့ သူ ပြန်ဖြစ်မယ် ဆိုတာ သူမသိဘူး ။ သည်လာဖို့က ငွေ အရမ်း ကုန်ခဲ့သည် ။ ပွဲစားခတွေ က များသည် ။ ရောက်တော့လည်း အလုပ်ကောင်းကောင်း က မရ ။ စားသောက်နေထိုင်တဲ့ စားရိတ်နဲ့ဆို ရတဲ့ ၀င်ငွေက သိပ် မကျန်ဘူး ။ အခု ပြန်လိုက်ရင် အကြွေးတင်တာဘဲ အဖတ်တင်မည် ။ သူကြိုက်နေတဲ့ ရည်းစား နန္ဒာဝင်းမော် ရဲ့ မိသားစုအရှေ့မှာ နိုင်ငံခြားမှာ အလုပ်သွားလုပ်သည်လို့ သူ ဟိတ်ထုတ်ခဲ့ပေမယ့် တကယ်တမ်း ရတဲ့ ၀င်ငွေက ကချလာ ။ နန္ဒာဝင်းမော်တို့က အိမ်မှာ ဆိုင်ဖွင့်ထားသလို သူတို့နေတဲ့ ရပ်ကွက်က လူစည်ကားတဲ့ လမ်းဆုံနေရာမှာလည်း ကုန်စုံဆိုင် တဆိုင် ရှိသည် ။ ဒီဆိုင်က သွားတိုက်ဆေး..အိမ်သာသုံးစက္ကူ လူသုံးကုန် ပစ္စည်းမျိုးစုံ အိမ်သုံးဆေး ဘီယာ နဲ့ အချိုရည် ..ဇီးယိုဇီးပေါင်း မုန့်ထုပ် အကုန်ရောင်းသည် ။ အရမ်းရောင်းကောင်းလို့ စီးပွားတက်နေတဲ့ အချိန် ။ တနေ့ နန္ဒာဝင်းမော်နဲ့ ယူဖို့က ငွေရှိမှ ဖြစ်မည် ။ အခုတိုင်းဆို ဒီလိုပုံနဲ့ဆို ဘယ်လိုမှ ငွေစုဖို့ မလွယ်ဘူး ။ ပြန်ရမလား..ဆက်နေရမလား…ဒွိဟ ဖြစ်နေသည် ။ အရေးထဲ အဖေကလည်း ထောင်ထဲဝင်သွားရသည် ။ ညီလေးတော့ ဘယ်လိုလုပ်နေလဲ မသိဘူး ။ ဇော်ဇော်အောင်လည်း အဖေ့ကြောင့် မန္တလေးကို မပြန်ဖြစ်တော့ဘူး ။ အဖေက သူ သတ်ကြောင်း ၀န်ခံ လိုက်တာမို့ အမှုက သိပ်ကြာမှာ မဟုတ်ပါဘူးလို့ ရှေ့နေက ဇော်ဇော်အောင့်ကို ပြောပြသည် ။ ရန်ကုန်မှာဘဲ အလုပ်တခုခု လုပ်ဖို့ ဇော်ဇော်အောင် ဆုံးဖြတ်လိုက်သည် ။ မန္တလေးမှာ အလုပ်သွားလုပ်တာလည်း အဖေ့ကြောင့်ပါ။ အဖေက မိန်းမငယ်ငယ် ထပ်ယူတော့ ဇော်ဇော်အောင် အိမ်မှာ ရှိနေရင် သူ မလွတ်လပ်လို့ သူ့မိတ်ဆွေတယောက်ရဲ့ အဆက်အသွယ်နဲ့ မန္တလေးက လဖက်ရည်ဆိုင်ကြီးမှာ အလုပ်သွင်းပေးတာ ။ အဲဒီဆိုင်ရှင်က တဆိုင်ပြီး တဆိုင် ထပ်ဖွင့်နေတော့ ကြိုးစားတဲ့ အလုပ်သမား ဆိုရင် တိုးတက်လမ်း ရှိတယ် ဆိုပြီး ။

အကိုဇော်ရဲအောင်ရဲ့ ရည်းစား နန္ဒာဝင်းမော် အဖေ့သတင်းကြားပြီး အိမ်ကို သတင်းလာမေးတော့ ဇော်ဇော်အောင်လည်း အလုပ်ရှာနေတဲ့အကြောင်း ပြောပြလိုက်တယ် ။ မနန္ဒာက “ ဒို့ဆိုင်မှာလည်း အမြဲလူလိုနေတာ..အဖေတို့က ဆိုင်ခွဲတောင် ထပ် ဖွင့်ကြမလို့ လုပ်နေတာ….ဆိုင်မှာ လုပ်လို့ရတယ်…လုပ်မလား….” လို့ ချက်ချင်း မေးလို့ ဇော်ဇော်အောင်လည်း မနန္ဒာတို့ ဆိုင်မှာ ၀င်လုပ်မလားလို့ စိတ်ကူးလိုက်မိသည် ။ ပိုး နံမည်က တလုံးထဲ ။ ပိုး ။ ငယ်ငယ်ထဲက မိဘ မရှိတော့ ။ အဒေါ်ဝမ်းကွဲနဲ့ ကြီးပြင်းခဲ့ရတယ် ။ အဒေါ်ကလည်း စာရိတ္တ မကောင်းဘူး ။ ပိုးအပေါ်လည်း မကောင်းဘူး ။ ပိုး စိတ်တွေကို အတင်း ချုပ်တီးနေတယ် ။ ပိုးရဲ့ အကျင့်တွေကို ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ် ။ မရဘူး ။ ပိုး တတ်နိုင်ရင် ပိုးရဲ့ လက်တွေကို ကြိုးနဲ့ တုပ်ထားချင်တယ် ။ ပိုး ကိုယ့်စိတ်ကိုယ် မနိုင်ဘူး ။ ပိုးဟာ မွေးကထဲ က စောရနက္ခတ်နဲ့ ယှဉ်မွေးတယ်လို့ ပြောမလား ။ ခိုးချင်တဲ့စိတ် ရှိပြီး အမြဲ ခိုးတတ်တယ် ။ တခါက ကျောင်းမှာ အတန်းဖေါ်တွေရဲ့ ကွန်ပါဘူးကို ခိုးခဲ့တာ မိသွားလို့ “ သူခိုးမ ” လို့ ၀ိုင်း ခေါ်ကြတာကို ခံခဲ့ရတာ ပိုး ဘယ်တော့မှ မမေ့ဘူး ။ သည်လို မိဘူးလို့လည်း နောင်ကို ခိုးချင်လာရင် သေချာမှ ပိုင်မှ ခိုးဖို့ သတိရှိသွားတယ် ။ နောက်ပိုင်း ခိုးတာတွေ လူမမိဘူး ။ ပိုးဟာ ပရောဖက်ရှင်နယ် သူခိုး တယောက် ဖြစ်မှန်းမသိ ဖြစ်လာတယ် ။ ပိုးရဲ့ အဒေါ် ဒေါ်လေးမီက လောင်းကစားသမားမို့ အမြဲ ပိန်လိုက်ဖေါင်းလိုက် ။ မွဲသွားလိုက် ငွေချေးပြီး ပြန်ပြီး ကစား ပြန်နိုင်လို့ ထောလိုက်နဲ့ လုံးခြာပတ်လည် ၇ိုက်နေတဲ့မိန်းမ ။ ဒေါ်လေးမီဟာ ချေးထားတဲ့ ငွေတွေ ပြန်မဆပ်နိုင်ရင် ရော့အင့် ဆိုပြီး လူကို ထိုးကျွေးတတ်တဲ့ အကျင့် ရှိတာ ကြောင့် ဒေါ်လေးဟာ အိမ်ကို ယောက်ျား တစိမ်းတွေ ရံဖန်ရံခါ ခေါ်လာ အိပ်တတ်တယ် ။ ဒါကြောင့် ပိုးလည်း မိန်းမနဲ့ ယောက်ျား လိင် ဆက်ဆံတဲ့ကိစ္စကို အဆန်း မဟုတ်တော့ဘူး ။ ကိုယ်တိုင် မကြုံဘူးသေးပေမယ့် ဒေါ်လေး ကမြင်းတာတွေကို ကြားနေမြင်နေခဲ့ရလို့ သဘောပေါက် နားလည် မြင်တွေ့ဘူး ကြားဘူးနေခဲ့တယ် ။ညအချိန် အထပ်သား နံရံဘဲ ခြားတဲ့ တဖက်ခန်းက အသံဘလံတွေကို အတိုင်းသား ကြားကြားနေရတာမို့ ပိုးလည်း ဒေါ်လေး ယောက်ျားနဲ့ အိပ်တိုင်း စိတ်တွေ ဖေါက်ပြန်မိရတယ် ။ မတရား ယားလာတဲ့ ပိုးရဲ့ အင်္ဂါစပ်ကိုဖိဖိ ပွတ်မိရင်း ကိုယ့်ဖါသာ အာသာဖြေတဲ့အကျင့်ကို ပိုး ရလာတယ် ။ နောက်ပိုင်းမှာ ဒေါ်လေးနဲ့ ဘဲကြီးတွေလုပ်ကြတာကို မျက်စိနဲ့ပါ မြင်ချင်လာမိတာနဲ့ ပိုး ချောင်းကြည့်မိတယ် ။ ချောင်းဖို့ အပေါက်ကို ဒေါ်လေး မရှိတဲ့ နေ့ခင်းပိုင်းမှာ ကြို ဖေါက်ထားမိတယ် ။ ပိုးလည်း ယောက်ျားနဲ့ ကိုယ်တိုင် မပတ်သက်ဖူး ပေမယ့် ယောက်ျားတွေ ဘယ်လို လိုးတယ် ယက်တယ် ဆိုတာတွေကို ခဏခဏ တွေ့ဖူးရလို့ သိလာတယ် ။ ယောက်ျားလီးချောင်း အမျိုးမျိုးကိုလည်း တွေ့ဖူးလာတယ် ။

ဒေါ်လေးနဲ့ လာလိုးတဲ့ ဘဲကြီးတွေရဲ့ အိတ်တွေထဲကလည်း ပိုး ခိုးထားတတ်တယ် ။ ပိုး မခိုးဘဲ မနေနိုင်လို့ ခိုးမိခဲ့တော့ ပိုးမှာ ပိုး ခိုးထားတဲ့ ပစ္စည်းတွေ တဖြည်းဖြည်းနဲ့ များလာရတယ် ။ ဒါတွေကို ငွေ အဖြစ် ပြောင်းလဲဖို့ ဒါတွေကိုရောင်းလို့ ရတဲ့နေရာ လိုလာတယ် ။ ခိုးရာပါ ပစ္စည်း ၀ယ်တဲ့နေရာတွေ ရှိပေမယ့် သူတို့က ကိုယ့်ကို ဘယ်သူမှန်း မသိဖို့ကလည်း အရေးကြီးတယ် ။ မဟုတ်ရင် သူတို့ကို ရဲလာဖမ်းရင်ရဲကို ကိုယ့်ဆီက ရတာပါ လို့ ပြောလိုက်နိုင်လို့ ရဲတွေက မီးခိုးကြွက်လျှောက် လိုက်လာနိုင်တယ် ။ ဒါကြောင့် ပိုးလည်း ကိုယ့်ကို မသိနိုင်တဲ့ခိုးရာပါ ပစ္စည်း လက်ခံ ၀ယ်တဲ့ တနေရာကို ရှာရတယ် ။ ပိုး ရောင်းလေ့ရှိတဲ့နေရာက ပိုးနေနေတဲ့ ရပ်ကွက်နဲ့ ဝေးတဲ့ တနေရာက မခါတွန် ဆိုတဲ့ မိန်းမတယောက်ဆီမှာ ။ မခါတွန်ကလည်း ပိုးလိုဘဲ သူခိုးမ တယောက်ပါ ။ သူလည်း လစ်ရင် ခိုးတဲ့ သူခိုးမ ပေမယ့် သူက ခိုးရာပါ ပစ္စည်းလည်း ၀ယ်တယ် ။ ပိုး လည်း မခါတွန်က နုတ်လုံ စကားနည်းပြီး ဈေးလည်း သိပ် မနှိမ်တာကြောင့် သူ့ဆီကို ရောင်းတယ် ။ မခါတွန်က အ၀ယ်ရှိတဲ့ ပစ္စည်းကိုလည်း ပြောပြတယ် ။ သူ့နံမည်ကို ပိုး သိနေပေမယ့် ပိုး နံမည်ကို သူ မသိပါဘူး ။ လေပြင်းတချက် ဝှေ့လိုက်တာကြောင့် ချမ်းစိမ့်သွားတဲ့ ပိုး ဂျင်းဂျက်ကက် ကြယ်သီးတွေကို တပ်လိုက်မိတယ်။မဲပြောင်နေတဲ့ ကတ္တရာ လမ်းမကြီး အတိုင်း ပိုး လျှောက်နေတယ် ။ မနေ့က ကုန်တိုက်တတိုက်ကို လျှောက်ပတ်ကြည့်ရင်း ခိုးလာတဲ့ ပစ္စည်းလေးတွေကို မခါတွန်အိမ်ကို သွားပို့လို့ ငွေနဲနဲ ရလာတယ် ။ ခပ်လှမ်းလှမ်းဆီက မီးလင်းနေတဲ့ ဆိုင်တွေ ဆီကို ပိုး လျှောက်သွားလိုက်တယ် ။ ဆာလွန်းလို့ တဂြီဂြီ မြည်နေတဲ့ ဘိုက်ကို ဖြည့ဆည်းဖို့ စားသောက်ဆိုင်တန်းလေးက ဆိုင်တွေကို လိုက်ကြည့်လိုက်တယ် ။ ဘာစားရမလဲ ကြည့်တာ ။ ဇော်ဇော်အောင် မနန္ဒာတို့ ဆိုင်ကို ရောက်သွားတယ် ။ အလုပ်လုပ်ဖို့ မဟုတ်သေးဘူး ။ ဆိုင် အခြေအနေကို အ ရင်ဆုံး လေ့လာကြည့်ချင်လို့ သွားတာ ။ ဆိုင်မှာ မနန္ဒာ ရှိနေလို့ အဆင်ပြေသွားတယ် ။ မနန္ဒာရဲ့ အဖေကတော့ ပစ္စည်း ထွက် ၀ယ်နေလို့ ဆိုင်မှာ မရှိဘူး ။ မနန္ဒာက ဆိုင်မှာ ၀ယ်သူ များနေတဲ့ အချိန် သူ့ကို ဘေးကနေဘဲ ကြည့်နေခိုင်းပြီး ဈေးရောင်းတယ် ။ လူပါးသွားတာနဲ့ ဆိုင်အကြောင်း သိသင့်တာတွေ ပြောပြတယ် ။ ဘာတွေ ရောင်းတယ် ဆိုတာလည်း ပြတယ် ။ ၀ယ်သူ မရှိတဲ့ အချိန် “ အကို ဇော်ရဲအောင် နဲ့ ဖုန်းပြောဖြစ်သလား..သူ ဘယ်တော့ ပြန်လာမလဲ ”လို့ မနန္ဒာက မေးတယ် ။ သူလည်း တိတိပပ ရေရာတဲ့ အဖြေကို မပေးနိုင်ဘူး ။ အကို ဇော်ရဲအောင်ကလည်း ဘာမှ သူ့ကို တိတိကျကျ မပြောဘူးလေ ။ မနန္ဒာနဲ့ ဆိုင်ခန်း ကျဉ်းကျဉ်းကြပ်ကြပ်လေးထဲ နီးနီးကပ်ကပ် နေခဲ့လို့ မနန္ဒာရဲ့တင်ပါးကြီးတွေကြောင့် စိတ်လှုပ်ရှားမိခဲ့ရတာတော့ အမှန်ဘဲ ။

ဒီ တင်ပါးကြီးတွေကို အ၀တ်မပါဘဲ ပကတိ အတိုင်း သူ မြင်ဘူးခဲ့သည် လို့ ဆိုရင် ဘယ်သူကမှ ယုံကြမယ် မထင်ဘူး ။ကိုဇော်ရဲအောင် မလေးရှား ထွက်ပြီး အလုပ်သွားမလုပ်ခင်က မနန္ဒာကို အိမ်ကို ခေါ်လာခဲ့ဘူးသည် ။ သူ့ကို“ ဇော်လေး…စားစရာ တခုခု သွားဝယ်ကွာ..မင်းလည်း လမ်းထိပ်ဆိုင်မှာ ဂိန်းလေးဘာလေး ကစားလိုက်အုံး…” လို့ ပြောပြီး ပိုက်ဆံ ထုတ်ပေးတတ်တယ် ။ သူက အိမ်က ထွက်ဟန်ပြပြီး နောက်ဖေးပေါက်က ခြေဖျားထောက်ပြီး တိတ်တိတ်လေး ပြန်ဝင်ပြီး သူတို့အတွဲကို ချောင်းတတ်တယ် ။ ကိုဇော်ရဲအောင်နဲ့ မနန္ဒာက တော်တော့်ကို ပွင့်ပွင့်လင်းလင်းတွေ ဖြစ်နေကြပြီ ။ မနန္ဒာရော ကိုဇော်ရဲအောင်ရော အ၀တ်တွေကို အကုန် ချွတ်ပစ်ကြပြီး ကိုယ်လုံးတီးကိုယ်တွေနဲ့ လိင်ဆက်ဆံကြတာတွေကို သူ တ၀ကြီး ချောင်းတယ် ။ မနန္ဒာ ကိုဇော်ရဲအောင်ကို လီးစုတ်ပေးတာတွေကို မြင်ရတယ် ။ မနန္ဒာက လီးစုတ် တော်တော် ကျွမ်းတယ် ။ ကိုဇော်ကြီး စုတ်နေရင်း ပါးစပ်ထဲမှာ ပြီးသွားတာကို သူ တွေ့ဖူးတယ် ။ မနန္ဒာရဲ့ နို့ကြီးတွေ ဖင်တုံးတွေနဲ့ စောက်ပတ်ကို သူ တ၀ကြီး ချောင်းရင်း ကွင်းတိုက်ခဲ့မိတာ အခါခါ အကြိမ်ကြိမ်ပါဘဲ ။ မနန္ဒာကို စိတ်ကူးနဲ့ လိုးခဲ့တဲ့ အကြိမ်ပေါင်းက မနည်းဘူး ။ ကိုဇော်ရဲအောင်နဲ့ မနန္ဒာတို့က အကြိမ်ကြိမ် ချိန်း လုပ်နေကြတာမို့ အရှက်လည်း ကုန်နေပြီ ဆိုတော့ မနန္ဒာသည် အိပ်ခန်းထဲ ရောက်တာနဲ့ သူမကိုယ်ပေါ်က အ၀တ်တွေကို အကုန် ချွတ်ပစ်ပြီး ကုန်းလေ့ရှိတော့ ဇော်ဇော်အောင် အတွက် အကြိုက်ဘဲပေါ့ ။ ဖင်ထောင် ကုန်းပေးတဲ့ မနန္ဒာရဲ့ ဖင်တုန်းဖွေးဖွေးကြီးတွေ ကြားက ပြူးထွက်နေတဲ့ စောက်ဖုတ်ဖေါင်းဖေါင်းကြီးထဲကို ကိုဇော်ရဲအောင်ရဲ့ လီးကြီး ထိုးဆောင့် ၀င်ထွက်နေတာတွေကို စစချောင်းတုံးက ဆိုရင်လူပျိုပေါက်လေး ဇော်ဇော်အောင် အတွက် လက်တုန်ဒူးတုန် နဲ့ စိတ်တွေ တအား လှုပ်ရှားခဲ့ရပြီး တအား တောင်လာတဲ့ သူ့လီးကို ဆုပ်ကိုင်ရင်း ကွင်းတအား တိုက်မိရတဲ့အထိဘဲ ။ မနန္ဒာတို့ ဆိုင်က ပြန်လာတဲ့အချိန် လမ်းမှာ စာအုပ်အငှားဆိုင်က ဟာကြူလီနဲ့ တိုးတယ် ။ ဟာကြူလီ့ဆိုင်က ဇော်ဇော်အောင် စာအုပ် အမြဲ ငှားနေကျ ။ ဟာကြူလီက အသားမဲကြုပ်ကြုပ် ပိန်ညောင်ညောင် သွားခေါခေါနဲ့မို့ ရပ်ကွက်ထဲက စော်တွေက ဘဲတူးကင် လို့ နောက်ပြောင် ခေါ်ကြတယ် ။ ဟာကြူလီက စာပုပ်အငှားဆိုင် ဖွင့်လို့ ရပ်ကွက်ထဲက လူစုံနဲ့ ထိတွေ့နေပြီး ခင်မင်နေသလို စပ်လည်း စပ်စုတဲ့ကောင် ။ အခုလည်းကြည့် ။ သူ့လမ်း သူ မသွားဘဲ ဇော်ဇော်အောင်ကို လာ စပ်စုနေတယ် ။ သူက ဇော်ကြီးလို့ ခေါ်တဲ့ ကိုဇော်ရဲအောင်ရဲ့ အကြောင်းကို မေးသလို မနန္ဒာ အဖေကြီးက နဂိုကမှ သဘော မတူတဲ့ကြားထဲ ဦးဘိုဘိုအောင်က လူသတ်မှု ဖြစ်သွားတော့ ထောင်ကျလူသတ်သမားရဲ့ သားနဲ့ သဘောမတူနိုင်ဘူးလို့ ဒေါနဲ့မောနဲ့ပြောနေတာတွေကို သူ ကြားခဲ့တယ် လို့ လာပြောနေတယ် ။ ဇော်ဇော်အောင်လည်း မနန္ဒာက သူတို့ ဆိုင်မှာတောင် အလုပ်လာလုပ်ခိုင်းနေလို့ မနန္ဒာရဲ့ အဖေက သူတို့ ညီအ ကို အပေါ်ကို ဒီလို ဒေါသကြီးလိမ့်မယ် မထင်တာနဲ့ ဟာကြူလီကို “ ဟုတ်လို့လား ဟာကြူလီရယ်…”လို့ မယုံသလို ပြန်မေးလိုက်တယ် ။ ဟာကြူလီက “ ဟကောင်ရ..ငါက လုပ်ကြံ ပြောပါ့မလား..ငါက နန္ဒာဝင်းမော် စာအုပ် ပြန်မအပ်တာ တပတ် ရှိနေလို့ သူတို့အိမ်ကို သွားတောင်းတဲ့အခါ သူတို့ အဖေ ဦးမော်ကြီး အော်နေတာ ငါ့နားနဲ့ ကြားခဲ့ရတာ….”လို့ ပြောတယ် ။

ဇော်ဇော်အောင်လည်း စိတ်ထဲမှာ ဦးမော်ကြီး မကျေနပ်လည်း သူတို့ဆိုင်မှာ မလုပ်ရုံ ရှိတာပေါ့လို့ဘဲ သဘော ထားလိုက်ပြီး အိမ်ကို ပြန်လာခဲ့တယ် ။ ပိုးလည်း မြေအိုးမြီးရှည်နဲ့ မာလာဟင်းကို အပြတ်ဆွဲနေတုံး ဟာရှင် ဆိုင်ထဲကိုဝင်လာတာ တွေ့လိုက်ရတယ် ။ ဟာရှင်က ရပ်ကွက်ထဲမှာ မလည်ရှုပ် လုပ်နေတဲ့ ကုလားဒိန် ။ အသားဖြူဖြူ နှာခေါင်းကောက်ကောက် ပိန်ပိန် ကုလား ။ ပိုးကို မြင်တာနဲ့ ဟာရှင့် မျက်နှာကြီး ပြုံးသွားတယ် ။ သူက ပိုးကို ဖန်ချင်နေတာ ။ ပိုးရဲ့ဒေါ်လေးမီ ဘဲကြီးတွေ အိမ်ခေါ်ခေါ်လာတာကို သူသိနေပြီး ပိုးကိုလည်း ဒေါ်လေးမီလို စရိုက်လို့ ထင်နေလို့ ရမလား ဆိုပြီး ဖန်ချင်နေတဲ့ကောင် ။ “ ပိုး..တယောက်ထဲစားနေလား..ငါ့ကော မကျွေးဘူးလား …” ပိုးလည်း သူ့ကို လေထဲ လွင့်လာတဲ့ သစ်ရွက်တရွက် လိုတောင် သဘောမထားဘူး ။ မကြားချင်ယောင်ဆောင်ပြီး ဆက်စားနေလိုက်တယ် ။ မြေအိုးမြီးရှည်က တော်တော် စပ်လို့ ပိုး ရှူးရှဲနဲ့ ဖြစ်နေတာကို ဟာရှင် တွေ့တာနဲ့ ဆိုင်ရှင်ကို “ရေခဲရေ ပေးပါအုံး..ညီမလေး စပ်နေပြီ …” လို့ အော်တောင်းပေးတယ် ။ ဟာရှင့်ကို ပိုး ရွံတာနဲ့ စောက်ဖက် မလုပ်ဘူး ။ ပိုးစားနေတဲ့ စားပွဲကို သူ ၀င်ထိုင်ဖို့ ပြင်လိုက်တာနဲ့ ပိုးလည်း…“ လာမထိုင်နဲ့…” လို့ ခပ်မာမာနဲ့ ပြောပစ်လိုက်တယ် ။ ဟာရှင်လည်း တဟဲဟဲနဲ့ရယ်ပြီး..“ နင်ကလည်းဟာ..စိပ် လေစိမ်း တိုက်တာဘဲ ..ဟီး….နင့်ကို ငါ တကယ် ခင်တာ..” လို့ ပြောရင်း မထိုင်တော့ပေမယ့် အနားက မခွာသေးဘူး ။ ဒီအချိန်မှာ ..“ ဟေ့ကောင်..ကုလားပိန်….မင့်ကို ငါ လိုက်ရှာနေတာ..စောက်ကုလား…စောက်ရေးထဲ ပျောက်နေတယ်…လာ..လာ..မင်းကို စာရင်းရှင်းစရာတွေ ရှိသေးတယ် ….” လို့ အနောက်က လေသံကျယ်ကျယ်နဲ့ ပြောလိုက်တာကို ဟာရှင် ကြားလိုက်တော့ တွန့်ကနဲ ဖြစ်သွားသလို မျက်နှာလည်း ကွက်ကနဲ ပျက်သွားတယ် ။ သူ့ပုခုံးကို လာကိုင်ပြီး ပြောလိုက်တဲ့လူက ရဲစခန်းက နယ်ထိန်း ဆားပုလင်းအောင်မင်း ။ ဘိုက်ရွှဲရွှဲ ဂင်တိုတိုနဲ့ အောင်မင်းသည် ရပ်ကွက်က အော့နှလုံးနာနေတဲ့ အကျင့်ပျက် ရဲတယောက် ပါ ။ အောင်မင်းကတော့ မျက်နှာပြောင်တယ် ။ ဘယ်သူ ဘာထင်ထင် ဂရုမစိုက်ဘူး ။ ရပ်ကွက်ထဲမှာ လောင်းကစားဝိုင်း လုပ်တဲ့ အိမ်တွေ..ဆေးခြောက်ဆေးပြား ရောင်းတဲ့ အိမ်တွေ ဖါခံစား..ဖါခေါင်းလုပ်စားတဲ့အိမ်တွေ ဆိုရင်သူ ဆက်ကြေး လိုက်တောင်းတယ် ။

များသောအားဖြင့်တော့ အောင်မင်းကို ဖါးထားပြီး ပေးကျွေး ခွံ့ကြတယ် ။ မပေးတဲ့ လူတွေ ဆိုရင် သူက အတို့အထောင် လုပ်ပြီး ဒုက္ခပေးတယ် ။ အောင်မင်းကို မတတ်သာလို့ ဆက်ဆံနေကြရတဲ့သဘောဘဲ ။ ရွံမုန်းကြတယ် ။ ၈၈ အရေးအခင်းကို မှီလိုက်တဲ့တချို့လူကြီးတွေကလည်း လက်ရည်ဆိုင်ထဲမှာ အောင်မင်း ရှိနေတာ သိရက်နဲ့ “ ၈၈ အရေးအခင်းတုံးက အချိုးမပြေတဲ့ ရဲတွေကို ဓါတ်တိုင်မှာ ကြိုးနဲ့ တုပ်ပြီး ဘိုက်ကို ဓါးနဲ့ခွဲ..အူတွေ အသဲတွေကို ဆွဲထုတ်ကြတယ်လို့ မြင်ခဲ့တဲ့ လူတွေက ပြောတယ်ကွ..” လို့ ပြောကြတယ် ။ အောင်မင်းကတော့ အမြဲလည်း သောက်ထားလို့ ဖေါယောင် အဆီပြန်နေတဲ့ မျက်နှာကြီးနဲ့..ကွမ်းတံတွေး တပျစ်ပျစ်ထွေးရင်း…“ ကြည့်ကျက်ပြောကြဆိုကြ..ပေါ်လစီနဲ့ ညိမယ်….ဆွဲစိခံရမယ်….” လို့ ပြောပြီး လွယ်အိတ်စုတ်ကြီး လက်က ကိုင်ပြီး လစ်သွားရော ။ ဟာရှင်ကို ဆိုင်ထောင့်က စားပွဲကို အောင်မင်းက ခေါ်သွားပြီး ဘာတွေ ပြောနေသလဲ မသိဘူး ။ ဟာရှင်လည်းခေါင်းတခါခါ လည်တခါခါနဲ့ ဖြေရှင်းနေတယ် ။ ပိုးလည်း စားလည်း ပြီးလို့ ပိုက်ဆံရှင်းပေးပြီး ဆိုင်ထဲက ထွက်ခဲ့လိုက်တယ် ။နန္ဒာဝင်းမော်တို့ရဲ့ ဆိုင်မှာ ဇော်ဇော်အောင် စ အလုပ်ဆင်းပြီ ။ စာအုပ်အငှားဆိုင်က ဟာကြူလီရဲ့ ပြောချက် အရတော့ မနန္ဒာရဲ့ အဖေ ဦးမော်ကြီးက လူသတ်သမားရဲ့ သား တွေ ဆိုပြီး သူတို့ ညီအကို အပေါ် လေစိမ်းတိုက်နေသည် တဲ့ ။ သူနဲ့ ဦးမော်ကြီး တခါဘဲ ဆိုင်ထဲမှာ တွေ့ကြတယ် ။ ဦးမော်ကြီးသည် စီးပွားရေးသမား တယောက် ဖြစ်သည့်အားလျော်စွာ စိတ်ထဲက မကြိုက်ပေမဲ့အပြင်ဘန်းမှာ ဟန်ဆောင် ဆက်ဆံလေ့ရှိနေသူမို့လား မသိ..ဇော်ဇော်အောင်ကို ပြုံးပြ နုတ်ဆက်တဲ့အပြင် မင်းအကိုကော ဖုန်းတွေဘာတွေ ဆက်လား..နေကောင်းလား..လို့ မေးခဲ့တယ် ။ သူက ဆိုင်ခွဲ ထပ်ဖွင့်တာကြောင့် သည် ဆိုင်ကို မိန်းမနဲ့ သမီးနဲ့ဘဲ လွှဲထားပြီး လာခဲတာကို တွေ့ရတယ် ။ဇော်ဇော်အောင်လည်း ဆိုင်အကြောင်း သိပ် မသိသေး ။ မနန္ဒာက သင်ပြပေးနေတုံး ။ မနန္ဒရဲ့ အမေကလည်းဈေးထဲမှာ ၀က်သားဆိုင်ကလည်း တဖက်မို့ ဆိုင်ကို မနက်စောစော လာဖွင့်ပေးတာလောက်ဘဲ လုပ်တယ်။ မနန္ဒာဘဲ သည် ဆိုင်ကို တာဝန်ယူနေတယ်လို့ ဆိုရမယ် ။ အကူ ကောင်မလေး တယောက် ရှိနေပေမယ့် ပစ္စည်းတွေ ရောက်လာရင် ဆိုင်ထဲ အနောက်ဖက်ခန်းဆီကို သယ်ပို့ နေရာချထားဖို့က ယောက်ျားတယောက် ရှိဖို့ လိုအပ်တာမို့ ဇော်ဇော်အောင့်ကို အလုပ်ပေးခဲ့တာ ။ အကူကောင်မလေးက မေကြင် ။ မေကြင်က တွံတေးဖက်က အဖေကရင် အမေ မြန်မာ ဆံပင်ဂုတ်ဝဲလေးနဲ့ အသားဖွေးဖွေး ချစ်စရာ ကောင်မလေး ။ ရိုးအလွန်းလို့ မနန္ဒာက အမြဲ ဆူပူ ကြိမ်းမောင်းတာကို ခံနေရတယ် ။ ဇော်ဇော်အောင်က အတတ်မြန်တယ် ။တခါပြပေးရုံနဲ့ တတ်လွယ်တဲ့ကောင် ။ မေကြင်က နှေးကွေးတယ် ။ ဒါပေမယ့် မေကြင်က ရိုးတယ် ။ သစ္စာရှိ တယ်လို့ မနန္ဒာက ပြောတယ် ။ ညနေပိုင်းမှာ မေကြင်က မိုးမချုပ်ခင် ပြန်တယ် ။ သူက တော်တော်ဝေးတဲ့နေရာမှာ နေတာ ဆိုတော့ ဘတ်စ်ကားက တနာရီမက စီးရမှာ ဆိုတော့ ညနက်အထိ ဆိုင်မှာ မကူနိုင်ဘူး ။

မနန္ဒာနဲ့ ဇော်ဇော်အောင်ဘဲ ဆိုင်ပိတ်တဲ့အထိ နေတယ် ။ တခါတလေတော့ မနန္ဒာရဲ့ အဖေ ဦးမော်ကြီး ရောက်လာပြီး ဆိုင်သိမ်းတာကို ကူညီတတ်တယ်။ ဦးမော်ကြီးက အနာကပ်တဲ့ ပလာစတာ ကျားဘမ်း ပရုပ်ဆီကနေ မုံရွာဒေါ်မြရင် ၀က်အူချောင်း အထိ ပစ္စည်းစုံဘာလိုလို ရနိုင်တဲ့ နေရာ ဖြစ်အောင် ပစ္စည်းစုံတင်ထားတာမို့ အနီးအနားက လူတွေ သာမကဘူး..။ ဒီဆိုင်လေးမှာ ဘာလိုလိုရနိုင်တယ် လို့ သိထားပြီးတဲ့ ၀ယ်ဖူးတဲ့ လူတွေက လာလာ ၀ယ်ကြတယ် ။ ကားတွေနဲ့ လာဝယ် တဲ့လူတွေလည်း ရှိတယ် ။ ဇော်ဇော်အောင်လည်း နေ့ခင်းပိုင်းမှာ ရင်မို့မို့ ခါးသေးသေး တင်ကော့ကော့လေးနဲ့ မေကြင်ရဲ့ အလှအပတွေ နဲ့….မနန္ဒာရဲ့ ရင်ထွားထွား တင်ကားကား ကိုယ်လုံးကိုယ်ပေါက်ကို တိတ်တခိုး ခိုးကြည့်ရင်းနဲ့ နီးနီးစပ်စပ် လုပ်နေရသလို ညပိုင်းမှာ မနန္ဒာနဲ့ နှစ်ယောက်ထဲ လုပ်နေရတာက ဆန့်ကျင်ဖက် လိင်ကို တောင့်တ သာယာချင်တဲ့ စိတ်တွေ နိုးကြွနေရတာတော့ အမှန်ပါ ။ ဆိုင်လေးက ကျဉ်းတော့ တခါတလေ ၀ယ်သူအတွက် ပစ္စည်း ရှာဖွေ ပေးရတာတွေ..လုပ်တဲ့အခါ တယောက်နဲ့တယောက် တိုးမိတာ တိုက်မိတာ ထိမိတာတွေ ရှိတတ်တယ် ။ သည် ရင်ထွားထွား..တင်ကားကားတွေနဲ့ ခဏခဏကို ထိမိတိုက်မိ တတ်တော့ ဇော်ဇော်အောင်ကလည်း လူပျို၇ိုင်းလေး လေ ။ ပေါင်ကြားက တန်ဆာတုတ်က ငုတ်တုပ် ထထထောင်တယ် ။ နောက်တခုက ဆိုင်မှာ အိမ်သာခန်းနဲ့ ရေချိုးခန်း ရှိတယ် ။ အဖြစ် လုပ်ထားတဲ့ သွပ်ပြားနဲ့ ကာထားတဲ့ အခန်းလေးတွေပါ ။ တခါမှာ မနန္ဒာ အိမ်သာတက်နေတဲ့ အချိန် ဇော်ဇော်အောင်ကေ၇ချိုးခန်း ဖက်မှာ လက်ဆေးဖို့ ရောက်နေတော့ တဖက်ခန်းက မနန္ဒာကို ချောင်းကြည့်လို့ ရမလား ဆိုပြီး စူးစမ်းမိတယ် ။ အပေါက်လေးတွေကလည်း ရှိနေတော့ ချောင်းကြည့်တာကို ၀ါသနာထုံတဲ့ ဇော်ဇော်အောင်လည်း မနန္ဒာကို ကိုဇော်ရဲအောင်နဲ့ လုပ်တဲ့အချိန် ချောင်းနေကျ ဆိုတော့ ချောင်းကြည့်လိုက်မိတယ် ။ ထမိန်ကို မလှန်ပြီး ချီးထိုင်ပါနေတဲ့ မနန္ဒာကို တွေ့ရတာ ဇော်ဇော်အောင် တအား ပျော်သွားတယ် ။ ဖြူဖွေးတဲ့ပေါင်တန်တွေနဲ့ တင်ပါးကြီးတွေကို တွေ့လိုက်ရသလို အမွှေးရေးရေးနဲ့ ဆီးခုံဖေါင်းဖေါင်းကြီးကိုပါ တွေ့လိုက်ရလို့သူ့ပေါင်ကြားက တန်ဆာတုတ် မတ်မတ်ထောင်သွားရတယ် ။ နီညိုညို အကွဲကြောင်း အင်္ဂါစပ်ကြီးက သူ့စိတ်တွေကို တအား နိုးထ ကြွရွစေတယ် ။ သည်လို ချောင်းလို့ ရမှန်း သိသွားတဲ့ ဇော်ဇော်အောင်လည်း မနန္ဒာကိုသာ မကဘူး…အကူကောင်မလေး မေကြင်ကိုလည်း သူ ချောင်းတယ် ။ မနန္ဒာရဲ့ အမေ ဒေါ်ချိုအုန်းကိုတောင် အလွတ်မပေးဘဲ ချောင်းတယ် ။ တရက်မှာမေကြင်က အိမ် မပြန်ခင် ရေချိုးသွားတော့ အဲဒီအချိန် မနန္ဒာလည်း ဈေးထဲက ၀က်သားဆိုက်က သူ့အမေက လာကူဖို့ လှမ်းခေါ်လို့ လမ်းတဖက်က ဈေးထဲကို သွားကူနေချိန် ဆိုင်ကလည်း လူပါးနေတော့ ဇော်ဇော်အောင်လည်း ရေချိုးနေတဲ့ မေကြင်ကို အိမ်သာခန်း ဖက်ကနေ ချောင်းကြည့်လိုက်တယ် ။

မေကြင် ကိုယ်တုံးလုံးနဲ့ ချိုးမယ် ဆိုတာကို သူ သိနေတယ်လေ ။ေ၇ချိုးဖို့ အ၀င်မှာ မျက်နှာသုတ်ပူဝါလေး တထည်နဲ့ဘဲ ၀င်သွားတာကို သူ တွေ့လိုက်တယ် ။ ရေလဲထမိန် လည်း မပါဘူး ။ ၀တ်ထားတဲ့ သည် အ၀တ်တွေကိုဘဲ ပြန် ၀တ်မှာ ဆိုတော့ ကိုယ်လုံးတီး ချိုးမှာက သေချာနေတယ် ။ မေကြင်ရဲ့ မိမွေးတိုင်း ကိုယ်ခန္ဓာက ပက်ပက်စက်စက်ကို လှလိုက်တာ ။တအား ဖူးကြွ နုထွတ်နေတဲ့ မေကြင်ရဲ့နို့လှလှကြီးတွေကို မြင်လိုက်ရတာ ဇော်ဇော်အောင် အဖို့ တုန်တုန်ရင်ရင်နဲ့ သူ့တန်ဆာတုတ်ကို သူ့ဖါသာ တအား ဆုပ်ကိုင်ထားမိရတယ် ။ ဖင်လှလှကားကားတွေနဲ့ အမွှေးနုနုလေးတွေဘဲ ပါးပါးလေး ပေါက်နေတဲ့ ခုံးမို့တဲ့ အင်္ဂါစပ်ကြီးကတော့ ပြေးယက်ပစ်လိုက်ချင်စရာ လှလွန်းနေတယ် ။ အိုး..သည်မှာ လာလုပ်တာ တန်သွားပြီ ။ မနန္ဒာနဲ့ မေကြင်ရဲ့ မိမွေးတိုင်း ကိုယ်လုံးတီး အလှအပတွေကို မြင်ရတာနဲ့တင် တန်နေပြီ ။ အဖေ့ကို ထောင်ဝင်စာ တွေ့ဖို့လည်း မနန္ဒာက ခွင့်ပေးသလို စားစရာနဲ့ ဆေးလိပ်တွေလည်း အလကား ပေးလိုက်သေးတယ် ။ တနေ့မှာတော့ ဇော်ဇော်အောင် တယောက် ကံကောင်းသွားတယ် ။ အဲဒီနေ့ မနက်ပိုင်းက မနန္ဒရဲ့ အမေ ဒေါ်ချိုအုန်း ဆိုင်ကို ရောက်လာပြီး အိမ်သာ တက်တဲ့အချိန် ဇော်ဇော်အောင် လည်း မနေနိုင်ဘဲ ရေချိုးခန်း ဖက်ကနေ ချောင်းကြည့်တော့ ဒေါ်ချိုအုန်းရဲ့ အောက်ပိုင်း ပစ္စည်းတွေကို အနီးကပ်ကြီး အကုန် မြင်လိုက်ရလို့ စိတ်တွေ တအားထကြွခဲ့ပြီး တုတ်လည်း မတ်မတ်ထောင်ခဲ့ရတယ် ။ နေ့လည်ခင်း ရောက်တော့ မနန္ဒာက ဆိုင်ရဲ့ ပစ္စည်းတွေ ထားတဲ့ ထပ်ခိုးလေးကို မေကြင်နဲ့သူ့ကို တက်ရှင်းခိုင်းတယ် ။ မေကြင်နဲ့သူ အထုပ်တွေ ပုံးတွေ မရင်း ရွှေ့ရင်း မေကြင်ရဲ့ နို့ထွားထွားတွေကို သူ ထိမိ ကိုင်မိသွားတယ် ။ မေကြင်က မသိသလို နေလိုက်ပေမယ့် သူလည်း ရင်ခုံသွားတာကို သတိထားမိတယ် ။ ဒေါ်ချိုအုံးက ခဏဘဲ လာတာပါ ။ သူ့ဝက်သား ကိစ္စနဲ့ လုံးပန်းနေရလို့ မအားဘူး ။ သူတို့ ၀က်သားဆိုင်က အသစ် ဖွင့်တဲ့ ကြေးအိုးဆိုင်အတွက် ကန်ထရိုက် ရသွားလို့ တော်တော် ဟန်ကျနေတယ် ။ ညနေပိုင်း မေကြင် ပြန်ခါနီး အချိန် သူက မေကြင့်ကို နေ့လည်က မတော်တဆ ထိမိတာတွေ အတွက် ဆောရီးဘဲဟာ လို့ ပြောလိုက်မိတော့ မေကြင်က “ အို…ကိုဇော်ကလည်း…ထားလိုက်ပါ..ဘာလို့ လာပြောနေရတာလဲ”လို့ မျက်နှာလေး နီမြန်းသွားရင်း ပြောတယ် ။ မေကြင် ပြန်တဲ့အချိန် မေကြင့်ကို အနောက်ခန်းထဲ ဆွဲဖက် နမ်းပစ်ချင်တဲ့ စိတ်တွေ တဖွားဖွား ပေါ်ပေါက်ခဲ့ရပေမယ့် စိတ်ကိ ထိန်းထားခဲ့ရတယ် ။ တနေ့လုံး ထန်နေခဲ့တာ ညပိုင်း ဆိုင်သိမ်းချိန် လည်း ရောက်ရော မနန္ဒာနဲ့ သူ နှစ်ယောက်ထဲ ရှိတဲ့အချိန် မနန္ဒာက “ ဇော်လေး….နင့်အကိုလည်း ပေါ်မလာ ဇာတ်ကား ရိုက်သွားပြီ ထင်တာဘဲ..ဘာ သတင်း ကြားသေးလဲ… မလေးရှားမှာကလည်း ကောင်မတွေက တအားကဲကြတယ် လို့ ကြားတယ်..နင့်အကို စော်များ ရနေပြီလား မသိဘူး….ငါ့ကို သတိတောင် ရရဲ့လား မသိဘူး….” လို့ ပြောတော့ သူလည်း မနန္ဒာ တယောက် ဖြုတ်ပေးမယ့်လူမရှိလို့ ဆာများနေလေသလား လို့ ထင်မိလိုက်တယ် ။

“ ကဲ ရှေ့တံခါးတွေ စပိတ်တော့ ဇော်လေး..ဒီနေ့…မမက မင်းကို ကြေးအိုး လိုက်ကျွေးမယ်….” လို့ မနန္ဒာက ပြောလိုက်ရင်း ဒီကနေ့ ရောင်းရငွေတွေကို စစ်နေတယ် ။ ဇော်ဇော်အောင်လည်း ဆိုင်တံခါးတွေကို ဆွဲပိတ်လိုက်တယ် ။ အရှေ့က ဘာဂျာတံခါးနဲ့ သစ်သားတံခါးကို အတွင်းကနေ သော့ခတ် ပိတ်ပြီး အနောက်ဖက်က အပေါက်ကနေ သူတို့ ထွက်လေ့ရှိတယ် ။ အလုံပိတ် ဆိုင်ခန်းထဲ မနန္ဒာနဲ့ သူနဲ့ နှစ်ယောက်ထဲ ဆိုတဲ့ အသိက ဘာလိုလိုကြီး ။ တကယ်တော့ နေ့တိုင်း လုပ်နေကျ ဖြစ်နေကျပါ ။ ဒီနေ့က နှာထန်စရာတွေ ကြုံထားလို့လား မသိဘူး ။ ဇော်ဇော်အောင်လည်း မနန္ဒာအပေါ် စိတ်တွေ တအား လာနေတယ် ။ မနန္ဒာက “ ဇော်လေးကို မမ မပြောခဲ့တာ တခု ပြောအုံးမယ်….မင်းအကို ကိုဇော်ကြီးနဲ့ မမ ဟိုတုံးက ချိန်းတွေ့ တဲ့အချိန် မင်း အမြဲ ချောင်းချောင်းနေတာတွေ မမ သိခဲ့တယ် ဆိုတာဘဲ..ဟင်းဟင်း…..” လို့ ပြောချလိုက်တော့ဇော်ဇော်အောင်လည်း “ ဟင်…..မမ….အာ…..မမသိနေတယ်….” လို့ ပြန်ပြောရင်း အပြစ်ရှိသူ တယောက်လို ခေါင်းကြီး ငုံ့ထားရင်း ဘာဆက် လုပ်ရမှန်း မသိ ဖြစ်သွားရတယ် ။ “ ဇော်လေး….မမကို ကြည့်စမ်း….မမ မေးတာကို ဖြေ….” “ ဟုတ်…မမ….” “ မင်း….မမတို့ကို ကြည့်ပြီး…စိတ်တွေ တအားလာတယ် မဟုတ်လား….” ဇော်ဇော်အောင်လည်း ခေါင်းငုံ့ထားရင်း..“ ဟုတ်..မမ…” လို့ ဖြေလိုက်တယ် ။ “ သိတယ်…..မမ…တွေ့တယ်..မင်း ကွင်းထုထားလို့ မင်းရဲ့ လရည်တွေ တပုံကြီး နံရံမှာ ပေကျံနေတာ မမတွေ့တယ်…..မမလေ..မင်း ကို ပြောမလို့ ပြင်နေတာ ကြာပြီ …” ဇော်ဇော်အောင်လည်း မနန္ဒာရဲ့ရှေ့မှာ မျက်နှာပူပူနဲ့ ရပ်နေရတယ် ။ “ မင်း က မင်းအကိုနဲ့ ဘာကွာလဲ ဆိုတာ မမ သိချင်မိတယ်…အခု မမနဲ့ မင်း နှစ်ယောက်ထဲဘဲ ရှိတဲ့အချိန် မင်းကို မမ မေးမယ်….မင်း….ကော မင်းအကို ကိုဇော်ကြီးလိုဘဲ ဒုတ်ကြီးသလား..မမ…သိချင်နေတာ ကြာပြီ….” လို့ မေးလိုက်တော့ ဇော်ဇော်အောင်လည်း အရမ်း အံ့သြသွားတယ် ။ မနန္ဒာ ဒီလို ရဲတင်း ပွင့်လင်း လိမ့် မယ်လို့ ထင်မထားဘူး ။ သူအရင် ခန့်မှန်းသလိုဘဲ မနန္ဒာ ကိုဇော်ရဲအောင် နဲ့ ကင်းကွာနေရလို့ ဆာလောင်နေပြီလား ။ “ ကျ…ကျနော်..ကျနော်က….သူ့ထက်…သူ့ထက်…….” သူ စကားထစ်ငေါ့နေတာကို မစောင့်နိုင်ဘဲ မနန္ဒာက “ ဘာဖြစ်လဲ…မင်း…မင်းက ပိုကြီးလား….” လို့ မေးလိုက်တယ် ။ ဇော်ဇော်အောင်လည်း ခေါင်းညှိမ့်ပြပြီး…“ မမဘဲ ကြည့်ပြီး ဆုံးဖြတ်ဗျာ….ကျနော်လည်း မသိဘူး…” လို့ပြောရင်း သူ့ပုဆိုးကို ဖြေချပစ်လိုက်ပါတယ် ။ မနန္ဒာလည်း တောင်မတ်နေတဲ့ သူ့တန်ဆာချောင်းကြီးကို တွေ့လိုက်ရလို့ မျက်လုံးပြူးပြီး..“ ဟယ်….မင်း..မင်းဟာက တအား ကြီးတာဘဲကွာ…..ကိုဇော်ကြီးဟာ ထက်တောင် ကြီးလိမ့်မယ်….” လို့ ပြောလိုက်ရင်း အရှေ့တိုးလာတယ် ။“ မနန္ဒာ…ကိုင်ကြည့်ချင် ကြည့်လေ…” လို့ ပြောရင်း ဖျတ်ကနဲ အမြန် နန္ဒာဝင်းမော်ရဲ့ လက်တဖက်ကို ဆွဲယူကာ သူ့လိင်တန်ပေါ်ကို တင်ပေးလိုက်တယ် ။

ကိုင်ချင်နေတဲ့ မနန္ဒာအတွက် အတော်ဘဲ ဖြစ်သွားတယ် ။ “ ဟယ်တော့..တကယ် ထွားတဲ့ကောင်ကြီး…..” လို့ တုန်တုန်ရင်ရင်နဲ့ ပြောလိုက်ရင်း လိင်ချောင်းကို ဆုပ်ညှစ်လိုက် ပွတ်သပ်ကြည့်လိုက် လုပ်နေတယ် ။ ခါတိုင်း ဇော်ရဲအောင်ရဲ့ လိင်တန်ကို စုတ်ပေးနေကျ နန္ဒာဝင်းမော် အနေနဲ့ ဇော်ဇော်အောင်ရဲ့ အတန်ကြီးကို မြင်တာနဲ့ ငုံဟတ် စုတ်ပစ်လိုက်ချင်စိတ်တွေ ထောင်းကနဲ ပေါ်ပေါက်သွား ရတာ ။ ဒါပေမယ့် ရုတ်တရက် ဆိုတော့ ရှက်နေသေးတယ် ။ ပယ်ပယ်နယ်နယ်ဘဲ ဆုပ်နယ်နေမိပြီး “ ဇော်လေးနင် ရည်းစားထားနေပြီလား….” လို့ မေးလိုက်တယ် ။ ဇော်ဇော်အောင်ရဲ့ မျက်နှာကိုတော့ မကြည့် ။ ခေါင်းငုံ့ရင်း လိင်ချောင်းကိုဘဲ စိုက်ကြည့်ပြီး ပြောလိုက်တာပါ ။ ဇော်ဇော်အောင်လည်း..“ ကြံကြီးစည်ရာဗျာ…မမရယ်..ရည်းစား မထားဘူးပါဘူး….” လို့ ပြန်ပြောလိုက်တယ် ။ မနန္ဒာက “ ဟင်း…ဟုတ်လို့လား..ဘယ်စော်တွေ လိုက်လုပ်နေသလဲ မသိပါဘူး..လူလည်လေး…” လို့ ပြောလိုက်တယ် ။လက်ကတော့ လိင်တန်ကြီးကို ပွတ်နေဆဲ ။ “ အတွေ့အကြုံ မရှိပါဘူး..မမရာ..ကျနော် တွေ့ဖူးတာ တခုပါဘဲ..တွေ့ဖူးတာလည်း မမ နဲ့ ကိုဇော်ကြီးတို့ လုပ်ကြတာကို ချောင်းပြီး တွေ့ဖူးရတာပါ…..” “ ကဲ ဇော်လေး…ဒို့ အိမ်ပြန်ရအုံးမယ်…..” လို့ ပြောရင်း လိင်တန်ကြီးကို လွှတ်လိုက်ရမှာ ၀န်လေး ပင်ပန်းနေတဲ့ ပုံ ရှိနေလို့..“ မမရယ်….ကျနော် တခု တောင်းပန်ပါရစေဗျာ..မမ…….မမ…….ကျနော့်ကို ကိုဇော်ကြီးကို လုပ်ပေးခဲ့သလို….ဟို…ဟိုလေ……..” လို့ ပြောလိုက်တယ် ။ ဆက်မပြောရဲလို့ ရပ်လိုက်တာ ။ မနန္ဒာလည်း “ ဟီး လူလည်လေး….စုတ်ခိုင်းနေတယ်….အင်း…မမလည်း ကိုဇော်ကြီးက ပြန်မလာတာ ကြာပြီမို့..သူ့ကို သတိရနေတာ.. ကဲ တခုတော့ မမ ဂတိတောင်းမယ်…မင်း နဲ့ မမ အကြောင်းကို မင်း ဘယ်သူ့ကိုမှ မပြောရဘူး..သေသည်အထိ…ဘယ်လိုလည်း..ဂတိပေးမလား….” လို့ ပြောလိုက်ရင်း ဒစ်လုံးကြီးကို ညှစ်ပေးနေတယ် ။ ထိပ်ပေါက်လေးက အရည်ကြည်တွေက ယိုစီးကျနေတယ် ။ ဇော်ဇော်အောင်လည်း ကမန်းကတန်း “ ပေးတယ်.မမ….ပေးတယ်..ဘယ်သူ့ ကိုမှ မပြောပါဘူး….စိတ်ချပါ….မမရယ်…” လို့ ဂတိပေးတယ် ။ မနန္ဒာလည်း ဆတ်ကနဲ ထိုင်ချလိုက်ပြီး သူ့လိင်တန်ထိပ်ဖျားကို ပါးစပ်နဲ့ ငုံပစ်ပြီး စ စုတ်ပေးလိုက်တယ် ။ ဇော်ဇော်အောင် ကံကောင်းပြီ ။ မနန္ဒာရဲ့ ပုလွေမှုတ်ပေးတာကို မထင်မမှတ်ဘဲ ခံလိုက်ရတယ် ။ မနန္ဒာက တကယ့်ကို ဆာလောင်မွတ်သိပ်နေတာ သိသာတယ် ။ လိင်တန်ကို အားရပါးရကို စုတ်နေတယ် ။ “ အား…….အား……….အိုး………..အား…..အား…..” မနန္ဒာရဲ့ ပုလွေပညာက အစွမ်းထက်လွန်းနေတယ် ။

လူပျိုသိုးလေး ဇော်ဇော်အောင် အလူးအလဲ ခံနေရတယ် ။ မနန္ဒာရဲ့ လျာကလေးက သွက်တယ် ။ ဟိုထိုး ဒီထိုးနဲ့ ။ ဒစ်ကြားကို ပွတ်ထိုး ကလိနေတော့ ဇော်ဇော်အောင်ကော့တွန့်နေရအောင် ကောင်းလွန်းနေတယ် ။ ဒီလိုပုံနဲ့ဆိုရင် မနန္ဒ္ဒာရဲ့ ပါးစပ်ထဲကို သုတ်တွေ လွှတ်မိတော့မယ် ။ “ အား…..အား………ကောင်းလိုက်တာ..မမ ရယ်…” မနန္ဒာက ပညာသည် တယောက် ။ ကျွမ်းတယ် ။ ဒီချာတိတ် ပြီးသွားလိမ့်မယ် ဆိုတာ သိလို့ အမှုတ် ရပ်လိုက်တယ် ။ လိင်တန်ကြီးကို ပါးစပ်ထဲက ထုတ်လိုက်တယ် ။ “ ကောင်းလား ဇော်လေး…” “ ဟုတ်..အရမ်း..အရမ်းကို ကောင်းတယ် မမ…” မနန္ဒာက ပြုံးတယ် ။ သည်ဇော်လေး ဆိုတဲ့ ကောင်လေးရဲ့ စံချိန်မှီ ငပဲကြီးနဲ့ တပွဲတလမ်း အကဲစမ်းကြည့်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ် ။ “ လာ..ဇော်လေး..အမြန် လုပ်ကြရအောင်…အချိန် သိပ်မရှိဘူး….” မနန္ဒာက သူ့ကို အတွင်းခန်းထဲကို ဆွဲခေါ်သွားတယ် ။ လီးမတ်မတ်တောင်ရက်ကြီးနဲ့ သူ ပါသွားတယ် ။ ရေချိုးခန်းနဲ့ အိမ်သာရှေ့က ထင်းရှူးသေတ္တာပုံးတွေ ပေါ်မှာ ဇော်ဇော်အောင့်ကို ထိုင်ခိုင်းလိုက်ပြီး မနန္ဒက ထမိန် မယ့် အခု ဖွေးဖွေးဖြူနေတဲ့ ကိုယ်အောက်ပိုင်း အစိတ်အပိုင်းတွေကို မြင်လိုက်ရတဲ့အခါ အငမ်းမရ လိုက်ကြည့်နေလို့ မနန္ဒာက “ ဟိတ်..မမြင်ဘူးတာ ကျနေတာဘဲ..သူ အမြဲ ချောင်းနေပြီးတော့..” လို့ ပြောလိုက်တယ် ။ ပုံးကြီးတပုံးပေါ်မှာ ခပ်လျောလျာ ထိုင်နေတဲ့ ဇော်ဇော်အောင်လည်း သူ့အပေါ်ကို တက်ခွထိုင်လာတဲ့ မနန္ဒာက သူ့တန်ဆာကို လက်နဲ့ ကိုင်ပြီး သူမ ပေါင်ကြားက စောက်ဖုတ်အကွဲကြောင်းဆီ ဆွဲယူတေ့လိုက်တဲ့အခါ စိုစိစိစောက်ဖုတ် အသားနုတွေနဲ့ သူ့တန်ဆာခေါင်းထိပ် ထိမိတဲ့ အထိအတွေ့ကြောင့် စိတ်တွေ ၀ုန်းကနဲ ထကြွပြီးမကြာခင် ရတော့မယ့် အရသာထူးကို စိတ်လှုပ်ရှားလွန်းစွာနဲ့ စောင့်မျှော်နေပါတယ် ။ မနန္ဒာလည်း လုပ်နေကျ အလုပ်တခု ဖြစ်တာမို့ ကျွမ်းလွန်းနေတယ် လို့ သူထင်မိတယ် ။ စိုရွှဲနေတဲ့ စောက်ဖုတ်ပေါက်ထဲ တေ့မိတာနဲ့ ဖြည်းဖြည်း ဖိထိုင်ချလိုက်တယ် ။ မနန္ဒာရဲ့ မျက်နှာလေး နီရဲနေတယ် ။ တဏှာအရှိန်ကြောင့် ဖြစ်လိမ့်မယ် ။ သူ့ဒစ်လုံးပိုင်းဟာ မနန္ဒာရဲ့ နုအိအိ အင်္ဂါစပ်ထဲ သွပ်စွပ်မိနေပြီ ။ ဆက်ဖိမချသေးဘဲ ၀တ်ထားတဲ့ တီရှပ်ကို လှန်တင် ချွတ် …ဘရာစီယာလေးကိုပါ ဖြုတ်ချွတ်လိုက်တယ် ။ “ ဇော်လေး……မမနို့တွေကို ကိုင်စမ်း…” လို့ ပြောလိုက်ရင်း ဖိချလိုက်တယ် ။ စီးစီးတင်းတင်းနဲ့ ဇော်ဇော်အောင်ရဲ့တုတ်ဖြိုးတဲ့ တန်ဆာချောင်းသည် မနန္ဒာရဲ့ စောက်ဖုတ်ထဲ တိုးဝင်သွားတယ် ။ မမျှော်လင့်ဘဲ အကိုရဲ့ ရည်းစားနဲ့ သူ လိုးဖြစ်သွားပြီ ။

သူတို့ ချိန်းချိန်း လိုးနေတာကို သူ ချောင်းကြည့်ခဲ့တုံးက မနန္ဒာကို တအား လိုးချင်ခဲ့တယ် ။ မနန္ဒာကို မှန်းဆပြီး ကွင်းထုခဲ့ရတာ အကြိမ် တရာတောင် ကမယ် မထင်ဘူး ။မနန္ဒာရဲ့ ဆူဖြိုးတင်းမာပြီး ကော့နေတဲ့ နို့ကြီးနှစ်လုံးကို အားရပါးရ ဆုပ်ကိုင် နယ်နေရတာက အရသာရှိလွန်းနေတယ် ။ နီညိုညို နို့သီးခေါင်းလေးတွေက မာတင်းနေတယ် ။ စူထွက်နေတယ် ။ သူ့လက်ချောင်းတွေနဲ့ သည် နို့သီးလေးတွေကို ချေပေးရတာကလည်း သူ့ကာမစိတ်တွေကို ထိပ်ဆုံးနေရာကို ရောက်သွားစေတယ် ။ မနန္ဒာက ဖင်တုံးကြီးတွေကို ဖိချလိုက် ကြွထလိုက်နဲ့ သူ့ကို လိုးနေပြီ ။ သူကလည်း အောက်ကနေ ပင့်ပင့်ပေးမိတယ် ။ “ နို့တွေကို တအား ညှစ်ဆွဲစမ်းပါ ဇော်လေးရယ်….အဟင့်ဟင့်ဟင့်….” မနန္ဒာက တုန်ုတုန်ရီရီ အသံနဲ့ ပြောရင်း ဖိဖိချနေတယ် ။ စောက်ဖုတ်နဲ့လီး စွပ်ရက် ပွတ်တိုက်တာတွေက နှစ်ယောက်စလုံးကို အရသာထူးတွေ ရစေတာမို့ တဖြည်းဖြည်းနဲ့ ညှောင့်ချက်တွေက မြန်ဆန်လာတယ် ။ “ အား….အီး…..ဟင်း….အင်း……” ဇော်ဇော်အောင်ရဲ့ ပုခုံးနှစ်ဖက်ကို အားပြုကိုင်ရင်း တအားကို ညှောင့်နေတယ် ။ အရည်တွေ တအား ထွက်နေတာမို့ ဖွပ်ဖွပ်ဖွပ် ဖွပ်ဖွပ်ဖွပ် ဆိုတဲ့ အသံတွေ ထွက်နေတယ် ။ မနန္ဒာလည်း အကိုဇော်ရဲအောင် မရှိတာမို့ တော်တော် လိုလား ဆာလောင်နေတဲ့ပုံ ရှိတယ် ။ လိုချင်တာကို စိတ်ကြိုက် ယူနေတဲ့ပုံပါဘဲ ။ “ အီး…..ဇော်လေး…….အိုး…….အား…..ကောင်း…ကောင်းလားဟင်…..” “ အရမ်းကောင်းတယ်….မမ……………မမကော ကောင်းလား…….” “ အင်း..အင်း…တအား..တအားကောင်းတယ်……” ကိုယ်လေးကို ဘယ်ညာလှည့် ယိမ်းပြီး ဖိဆောင့်ချနေတယ် ။ ဆောင့်ချက်တွေ မြန်သထက် မြန်လာတယ် ။ တအားပြင်းလာတယ် ။ စိပ်လာတယ် ။ မကြာခင်မှာဘဲ မနန္ဒာ ပြီးသွားတယ် ။ စောက်ဖုတ်က သူ့လီးကို တအား ဆွဲညှစ်တာ သူလည်း တအားကို ကောင်းသွားရတယ် ။ လီးအထဲက လရည်တွေကို တအားညှစ်ထုတ်ပစ်လိုက်သလိုဘဲ ။ တစစ်စစ်နဲ့ လရည်တွေ ပန်းထုတ်ပစ်မိလိုက်တယ် ။ “ အီး………အမလေး….အို…..ကောင်း..ကောင်းသွားတယ်…….အားဟား……..” မနန္ဒာ ဇော်ဇော်အောင်ရဲ့ပုခုံးနှစ်ဖက်ကို တအားကိုင်ရင်း တန်ဆာတဆုံး ဖိချကပ်ထားတယ် ။ “ မင်းကော ပြီးလား….” လို့ မေးလိုက်လို့ “ ဟုတ်မမ….ပြီးသွားတယ်….” လို့ ဖြေတယ် ။ “ မင်းလရည်တွေ မမအထဲ ပန်းထည့်လိုက်တယ်ပေါ့လေ….” လို့ ထပ်မေးလို့..“ ဟုတ်..မမ….” လို့ သူ ဖြေလိုက်တယ် ။ မနန္ဒာက တပ်ရက်စွပ်ရက်ကြီး တော်တော်ကြာကြာငြိမ်နေပြီးမှ…“ ဟူး….ကောင်းတယ်ကွာ…” လို့ ရေရွတ်လိုက်ပြီး သူ့အပေါ်က ထလိုက်တယ် ။ သူ့တုတ်လည်း ပျော့ကျသွားပြီလေ ။

မနန္ဒာ ရေချိုးခန်းထဲ ၀င်သွားတယ် ။ ထမိန်ကို မထားပြီး ဆောင့်ကြောင့်ထိုင်ပြီး သေးပေါက်နေတယ် ။ ခွက်နဲ့ရေခပ်လိုက်ပြီး ပေါင်ကြားကို လက်နဲ့ ပွတ်သပ် ဆေးနေတယ် ။ “ ဇော်လေး…လာ…လာ….လီး လာဆေး……” လို့လည်း ခေါ်တယ် ။ မနန္ဒာကို သူတို့ လမ်းထိပ် အထိ သူ လိုက်ပို့ပေးပြီး ပြန်ခဲ့တဲ့အချိန် လူချင်း ခွဲခါနီး မနန္ဒာ သူ့ကို ပြောသွားတဲ့စကားတွေကြောင့် သူ ၀မ်းသာလုံး ဆို့သွားခဲ့ရတယ် ။ “ ဇော်လေး..ဒို့ အမြဲ လုပ်ကြရအောင်….” တဲ့ ။ပိုး ညသန်းကောင် အချိန် အိမ်ကနေ ထွက်ခဲ့တယ် ။ အိမ်နောက်ဖေးဖက် တံခါးကနေ အသာလေး တိတ်တဆိတ် ထွက်ခဲ့တာ ။ ဒေါ်လေးက ဘဲကြီးတကောင်ကို အိမ်ခေါ်လာပြန်လို့ တိတ်ဆိတ်နေတဲ့ ညအချိန် ဒေါ်လေးရဲ့ အိပ်ခန်းဖက်က “ ကုတင်သံ ” တွေ ပေါ်တင်ကြီး ထွက်နေတော့ ပိုး နေလို့ထိုင်လို့ မရဘူး ။ ခါတိုင်းလို သူတို့ဖက်ကို ချောင်းချင်စိတ်လည်း မရှိဘူး ။ အော်ဂလီဆန် စိတ်ညစ်သလိုဘဲ ။ ကိုယ့်ကို လူမထင် အလေးမထား..စော်ကားသလိုဘဲလေ ။ ကုတင် တကျွိကျွိ မြည်သံတင် မကဘူး..ဒေါ်လေးရဲ့ ညည်းသံတွေ..ဘဲကြီးရဲ့ တရှူးရှူး အသက်ရှုသံ ပြင်းပြင်းတွေ..အသားချင်း ထိရိုက်တဲ့ တဖတ်ဖတ် အသံတွေ ဆူညံနေတယ် ။ အရောင်လွင့်နေတဲ့ ဂျင်းဘောင်းဘီနဲ့ ဂျင်းဂျက်ကက် အဟောင်းလေးနဲ့ ဆံပင်ဖွာလန်ကျဲနေတဲ့ ပိုး…. မဲနက်တဲ့ ကတ္တရာလမ်းမကြီး အတိုင်း လျှောက်နေတယ် ။ ခပ်လှမ်းလှမ်းမှာ မီးဝါတာတာလေးနဲ့ ဆိုင်ကလေး တဆိုင်ကို တွေ့တယ် ။ ကွမ်းယာဆေးလိပ် ရောင်းတဲ့ ဆိုင်လေး ။ ပိုး ဆိုင်လေးဆီကို လျောက်သွားလိုက်တယ် ။ ဆိုင်လေးက ပိတ်တော့မလို့ သိမ်းနေတဲ့ အချိန် ။ ဆိုင်ရှင် အဖိုးကြီးက လှည့်ကြည့်တယ် ။ “ ဘာလိုချင်လဲ …” လို့ မေးတယ် ။ “ စီးကရက် ..” လို့ ပြောတော့ “ ဘာစီးကရက်လဲ..” လို့ မေးတယ် ။ “ ဘာဖြစ်ဖြစ်….တလိပ်လောက်…..” လို့ ပိုး ဖြေလိုက်တယ် ။ ပိုက်ဆံလည်း ထုတ်ပေးလိုက်တယ် ။ အဖိုးကြီးဆီက စီးကရက် နဲ့ ပြန်အမ်းတဲ့ ပိုက်ဆံကို ရပြီးတော့ စီးကရက်ကို မီးညှိလိုက်တယ် ။ ကြိုးနဲ့ တွဲလောင်း ချထားပေးတဲ့ မီးခြစ်လေးနဲ့ ညှိလိုက်တာ ။ ကားတစီးတလေ ဖြတ်မောင်းသွားတာက လဲလို့ လမ်းမကြီးက ရှင်းနေတယ် ။ ပိုး လျှောက်လာရင်း ကုန်းတံတားကြီးပေါ်ကို ရောက်လာတယ် ။ စီးကရက်ကို ရှိုက်ဖွာရင်း တံတားသံဘောင်ပေါ်ကို တက်ထိုင်လိုက်တယ် ။

ဂလုံးဒလုံး အသံစုံ မြည်တဲ့ ရဲကားအိုကြီး တစီး လမ်းမကြီးပေါ်က ဖြတ်မောင်းသွားတယ် ။ ကားပေါ်မှာ ရဲတွေ ပါတယ် ။ ပိုးကို မျက်လုံးကြီးတွေ အပြူးသားနဲ့ ကြည့်သွားကြ တယ် ။ ဒီနေ့ ပိုး တာမွေ ပလာဇာကို ရောက်တော့ ဗီဇကို မဖျောက်နိုင်လို့ ပစ္စည်းတချို့ ခိုးလာခဲ့တယ် ။ တံခါးပေါက် အထွက်မှာ လုံခြုံရေး အ၀တ်အစားနဲ့ မိန်းကလေး တယောက်က ပိုးကို စူးစူးဝါးဝါး ကြည့်တယ် ။ တခုခု ပြောမလို့ ပါးစပ်ပြင်တယ် ။ ကြည့်ရတာ ပိုး ခိုးလိုက်တာကို သူ မြင်ပုံရတယ် ။ ပိုးလည်း ငါ့ကိုတော့ တားပြီး စစ်ပြီ လို့ တထစ်ချ တွက်လိုက်တယ် ။ အတင်းဇွတ် ထွက်ပြေးမယ် လို့ ဆုံးဖြတ်လိုက်တယ် ။ ဒါပေမယ့် သည် လုံခြုံရေး မိန်းကလေးက ဒီထက် မပိုလာဘူး ။ မတားဘူး ။ မဖမ်းဘူး ။ ပိုး စက်လှေခါးကနေ အောက် ပြန်ဆင်းခဲ့တယ် ။ အဆောက်အဦးထဲက ထွက်လိုက် တယ် ။ လမ်းမကြီးပေါ်ကို ရောက်ပြီ ။ ပိုးရဲ့ လွတ်မြောက်ရေး မီးစိမ်းပြပြီ ။ဟူး…….တော်ပါသေးရဲ့ ။ မခါတွန်ဆီကို တန်းသွားလိုက်ပြီး ခိုးလာတဲ့ ပစ္စည်းလေးတွေကို ရောင်းလိုက်တယ် ။ မခါတွန်က ဈေးကောင်း မပေးဘူး ။ ပိုး ခိုးလာတာတွေက ဒိတ်အောက်နေပြီ..လူမကြိုက်တော့ဘူး ဘာညာ သရကာတွေ လုပ်နေတယ်။ မခါတွန် အိမ်က ထွက်လိုက်တဲ့ အချိန်မှာ ဟိုနေ့က ကုလားဟာရှင်နဲ့ အတူတူ တွေ့တဲ့ ပုလိပ်ဆားပုလင်းက ခါးထောက်ပြီး ပိုးကို စိုက်ကြည့်နေတာ တွေ့လိုက်ရတယ် ။ ပိုးက မသိယောင်ဆောင်ပြီး သူ့ရှေ့က ဖြတ်လျှောက်လိုက်တော့ “ ဟိတ်..ကောင်မလေး…နေအုံး…” လို့ သူ ဖမ်းတားလိုက်တယ် ။ ပိုးလည်း..“ ဘာလဲ ဦးလေးကြီး..” လို့ သူ့ကို ပြန်မေးလိုက်တော့ “ မင်း..ဒီကို ဘာလာလုပ်တာဘဲ..ခါတွန်အိမ်ကို ပြောနေတာ..မင်း တခုခု လာရောင်းတာလား….ဘာ…လာရောင်းတာလဲ”လို့ မေးတယ် ။ ပိုးလည်း “ လာရောင်းတာ မဟုတ်ဘူး..လာဝယ်တာ….တခါတလေ..ဈေးပေါပေါနဲ့ ဖုန်း အဟောင်းတွေ သူ့ဆီ ရတတ်လို့ လာကြည့်တာ….” လို့ ဖြေလိုက်တဲ့အခါ သည် ရုပ်ဆိုးဆိုး ပုလိပ်ကြီးက “ ဒီအိမ်က ခါတွန် ဆိုတဲ့ ကုလားမ ရောင်းတာဆို မ၀ယ်နဲ့..သူက ခိုးရာပါ ပစ္စည်းတွေ ရောင်းနေတဲ့ မိန်းမ…..” လို့ ပြောတယ် ။ ပိုးလည်း သူ့ကို ဘာမှ မပြောဘဲ ထွက်ခဲ့လိုက်တယ် ။ သတိထားဖို့တော့ လိုအပ်လာပြီ ။ နောက်ကို စားကျက်ပြောင်းမှ ဖြစ်မယ် ။

မခါတွန်ဆီ လာရောင်းလို့ မကိုက်တော့ဘူး ။ တခြာတယောက်ဆီ ရောင်းရတော့မယ် ။ တံတားဘောင်ပေါ်မှာ ထိုင်နေရင်း နေ့လည်က အဖြစ်တွေကို ပြန်မြင်ယောင် စဉ်းစားနေမိသည် ။ အင်း…..စီစီတီဗီ ကင်မရာတွေ အဖက်ဖက်က တပ်ထားတဲ့ စတိုးကြီးတွေကနေ ခိုးတာကို ရှောင်ရမယ် ။ တနေ့ မဟုတ်တနေ့ အဖမ်းအဆီးနဲ့ ကြုံရနိုင်တယ် ။ ကင်မရာ တပ်မထားတဲ့ စတိုးဆိုင် ခပ်သေးသေးတွေကို ၀င်ဆော်ရမယ် ။ တခါတလေလည်း ပုံပြင်ထဲက ရော်ဗင်ဟုလို အင်းဝနေပြည်တော်က သူခိုးကြီးငတက်ပြားလို သူဌေးသူကြွယ်တွေရဲ့ စည်းစိမ်ဥစ္စာတွေကို ခိုးတဲ့ လုယူတဲ့ ဓါးပြ သူခိုး အလုပ်မျိုး လုပ်ချင်စိတ် ပေါက်တယ် ။ သူဌေးတွေ ဆီက ခိုးရတာကို ကိုယ့်ဖါသာ အပြစ် မဖို့ဘူး ။ သူတို့က သိပ် ပေါကြွယ်များနေတဲ့ လူတွေမို့ ဆင်းရဲတဲ့ ပိုးလို မိန်းကလေးက ခိုးသင့်တယ် လို့ ကိုယ့်ဖါသာ ယူဆတယ် ။ သူတို့ အတွက်က မထောင်းတာပါဘူး ။ တဏှာသောင်းကျန်းနေကြတဲ့ ဒေါ်လေးရဲ့ အိမ်ကို ပိုး မပြန်ချင်ဘူး ။ ကိုယ့်ဖါသာ အဆောင်တခုခုမှာ ဖြစ်ဖြစ် ပိုး နေနိုင်အောင် ကြိုးစားမယ်။ ပိုး အိမ်ကို မပြန်လို့ ဘယ်ကို သွားမလဲ ။ ပိုး ပြန်သွားတော့ သူတို့ ကိစ္စပြီးသွားကြပြီ ထင်တယ် ။ ဘာသံမှ မကြားရတော့ဘူး ။ စိတ်တော့ မချရသေးဘူး ။ မနက် လင်းအားကြီး လင်းဆွဲ ထဆွဲချင် ဆွဲ ကြမှာ ။ မနက်စောစော ဒေါ်လေး ပိုးကို လာနှိုးတယ် ။ သူနဲ့ သူ့ဘဲကြီး အတွက် ဘရိတ်ဖတ်စ် လုပ်ပေးဖို့ လာပြောတာ။ ပိုးလည်း ထမင်းကြော်..ကြက်ဥကြော် နဲ့ လဖက်ရည် ဖျော်ပေးရတယ် ။ ဒေါ်လေးတို့ ထွက်သွားကြတော့ ၁၀နာရီကျော်နေပြီ ။ ပိုးကို ဟင်းတခုခု ချက်ထားဖို့ ဒေါ်လေး မသွားခင် မှာသွားတာကြောင့် ဈေးကို ပိုး ထွက်ခဲ့ရတယ် ။ ဈေးနားကို ရောက်တော့ ဒေါ်လေးက မုံရွာ ဒေါ်မြရင် ၀က် အူချောင်း စားချင်တယ် လို့ ပြောတာ သတိရပြီး ဈေးထိပ်က ကုန်စုံဆိုင်မှာ အဲဒီ ၀က်အူချောင်း ရောင်းတာ သတိရပြီး အဲဒီကုန်စုံဆိုင်လေးထဲကို ၀င်ခဲ့တယ် ။ ဒီဆိုင်မှာက ပစ္စည်းစုံတယ် ။ စားသောက်ကုန် ရသလို လူသုံးကုန်တွေ မျိုးစုံလည်း ရတယ် ။ ဆပ်ပြာ ခေါင်းလျော်ရည် က အစ ပရုပ်ဆီ ပရုပ်လုံး ကိုကာကိုလာ ဘီစကစ်မုန့်ပုံးတွေ အစုံရနိုင်တယ် ။ ပိုးလည်း ခိုးတဲ့ အကျင့်က ပါနေတော့ ၀ယ်တာက ပစ္စည်း သုံးခု ဆိုရင် ပိုး လက်ဆွဲအိတ်ထဲကို သုံးခုလောက်က ခိုးတဲ့အနေနဲ့ ရောက်သွားရတော့တာဘဲ ။ ဆိုင်ရှင် မိန်းမက အထဲခန်းကို ၀င်လိုက်တဲ့ အချိန် ပိုးလည်း ပိုးလိုတဲ့ သွားတိုက်ဆေးတို့ ခြင်ဆေးခွေတို့ကို ဖျတ်ကနဲ အိတ်ထဲကို ထည့်လိုက်ပြီးနေပြီ ။အိမ်ပြန်ရောက်ပြီး ရေချိုးလိုက်တဲ့ အချိန် ပေါင်ကြားက ငတိက တအားကို မာတောင်ပြီး ဆန္ဒပြထောင်ထနေတာ ဘယ်လိုမှ ပြန်မကျလို့ ဂွင်းတချီ တိုက်ပစ်လိုက်ရတယ် ။

စားနေကျကောင်က ပို ငတ်တယ် ဆိုတာပေါ့ ။ မနန္ဒာကို ဖြုတ်ခဲ့တာတွေ ပြန် စဉ်းစားပြီး ထပ်ဖြုတ်ချင်နေတာလေ ။ မနက်ကျတော့လည်း ငတိက တအား မြူးနေတာ ။ ဒီနေ့လည်း စားရတော့မယ် ဆိုပြီး ။ ဆိုင်ရောက်တော့ အထင်နဲ့ လက်တွေ့ ကွာဟနေတယ် ။ မနန္ဒာရဲ့ အဖေ ဦးမော်ကြီး ဆိုင်မှာ ရောက်နေတယ် ။ လိုတဲ့ ပစ္စည်းတွေ သူကိုယ်တိုင် လာ စရင်းလုပ်တာ ။ သူက နောက်ထပ်ဖွင့်တဲ့ဆိုင်အတွက် ပစ္စည်းထပ်မှာရင်း သည်ဆိုင်အတွက်ပါ မှာမယ် ဆိုပြီး လာ စာရင်းယူတာ။ သူသာ မလာရင် မနန္ဒာကို စောစောစီးစီး ဆိုင်ထဲမှာ တကြောင်းလောက် ကစ်မလို့ ။ ဘာမှ မလုပ်ရတဲ့အပြင် ဦးမော်ကြီးနဲ့ အတူ ဆိုင် ထပ်ခိုးလေးပေါ်ကို တက်ပြီး ကုန်တွေ ရေတွက် လိုတာတွေမှာဖို့ စာရင်းလုပ်ကြရတယ် ။ ထပ်ခိုးပေါ်ကနေ အောက်ထပ်က ဆိုင်မှာ ရောင်းနေတဲ့ မနန္ဒာကို မှန်ပေါက်လေးကနေ ခိုးကြည့်ပြီး ပစ်မှားနေမိတယ် ။ ဦးမော်ကြီး အလစ်မှာပေါ့ ။ သည် အချိန်မှာ ကောင်မလေးလှလှ တယောက် ဆိုင်ထဲကို ၀င်လာတယ် ။ ဒီကောင်မလေးက ရုပ်ကလေးက လှသလို ကိုယ်လုံးလေးကလည်း တကယ့် အလန်းစားလေး ။ အလှအပလေးကို ငေးမောသွားတဲ့အချိန် သတိပြုမိလိုက်တာက ကောင်မလေးက ပစ္စည်းတချို့ကို ဈေးဝယ်တဲ့ ခြင်းလေးထဲ မထည့်ဘဲ သူ့ပုခုံးမှာ လွယ်ထားတဲ့ အိတ်ကြီးထဲကို ထည့်နေတာကိုပါ ။ “ဟင်….ငတိုမလေး…..ပါလား……” ရုပ်ရည်လေး သနားကမားနဲ့ ခိုးချင်တဲ့ သူခိုးမလေး ။ ချက်ချင်းဘဲ ထပ်ခိုးပေါ်ကနေ အောက်ကို သူ ဆင်းဖို့ လုပ်တယ် ။ ဦးမော်ကြီးက ကျွဲကော်ကိုင်း မျက်မှန်ထူထူကြီးအောက်က မျက်လုံးပြူးကြီးတွေနဲ့ စိုက်ကြည့်ပြီး..“ ဟေ့..ဘယ်တုံး..” လို့ မေးတယ် ။ “အောက်မှာ လူကျလာလို့ အမနန္ဒာကို သွား ကူမလို့ဗျ…..” လို့ သူ ပြောလိုက်ပြီး လှေခါးလေးကနေ ခပ်မြန်မြန် ပြေးဆင်းလိုက် တယ် ။ သူခိုးဖမ်းမလို့ …။ မနန္ဒာက ဈေးဝယ် တယောက် မေးတာကို စိတ်ရှည်ရှည်နဲ့ ဖြေပေးနေတော့ ဒီငတိုမလေးရဲ့ လုပ်ရပ်တွေကို မသိဘူး ။ မတွေ့ဘူး ။ ငတိုမလေးကို အနီးကပ် ရှိုးလိုက်ရတော့ သူ တကယ့်ကို ကြွေသွားတယ် ။ အလှအပတရားကို ကိုးကွယ်တတ်တဲ့ လူတွေထဲမှာ သူက လည်း ရှေ့ဆုံးက လူတယောက်ဘဲလေ ။ မိတ်ကပ် မပါဘဲ အသားအရည်ကိုက စိုပြေချောမွေ့နေတာ ။ ဖြူဆွတ်ဆွတ် အသားက မြန်မာစစ်စစ်မှ ဟုတ်ရဲ့လား မသိဘူး ။

ရှမ်း ကပြားလား ။ ကရင်ကပြားလား ။ ကောင်မလေးက သူကြည့်နေတာကို မသိဘူး ။ ထပ်ပြီးတောင် မုံရွာဒေါ်မြရင် ၀က်အူချောင်းထုပ်ကို သူ့လွယ်အိတ်ကြီးထဲကို ထည့်လိုက်ပြန်တယ် ။ ကောင်မလေးရဲ့ ခါးလေးက ထွာဆိုင်ခါးလို့ စာအုပ်တွေထဲမှာ ဖတ်ဖူးတဲ့ ခါးမျိုး ။ ဒီလို ခါးသေးသေးကြောင့် ကောင်မလေးရဲ့ တင်ပါးတွေက တအား လှနေတယ် ။ ဟူး….ကောင်းလိုက်တဲ့ ပစ္စည်းလေး ။ သူက သိပ်လှ သိပ်တောင့်နေတော့ သူ့ကို ကြွေနေပြီး သူခိုးတာကို ဖမ်းဖို့တောင် ခက်နေတယ် ။ သနားသွားတယ် ။ လူမိပြီး စောက်ရှက်မကွဲစေချင်ဘူး ။ ဘယ်လိုလုပ်မလဲ ။ မနန္ဒာက သည် ကောင်မလေးကို အပြုံးလေးနဲ့ “ ညီမ..ရှင်းတော့မလားဟင်….” လို့ မေးလိုက်တယ် ။ ကောင်မလေးက “ ဟုတ်ကဲ့ မမ…” ဆိုပြီး ဈေးခြင်း အ၀ါလေးကို ကောင်တာပေါ်ကို ချပေးလိုက်တယ် ။ မနန္ဒာက ခြင်းတောင်းထဲက ပစ္စည်းလေးတွေကို တခုပြီးတခု စကင်လုပ်ပြီး ကျွတ်ကျွတ်အိတ်လေးထဲ ထည့်နေတယ် ။ သေချာသွားပြီ ။ ကောင်မလေး.ခိုးတာ သေချာနေပြီ ။ ဟားဟား..အခုနေ ဖမ်းစစ်လိုက်ရင် သူက မေ့လို့ပါ ဘာညာနဲ့ ငြင်းနိုင်သေးတယ် ။ ဆိုင်က အထွက် တံခါးဝမှာ အိတ်ကို တောင်းစစ်ရမယ် ။ သူ ဆိုင်ပေါက်ဝဖက်ကို လျှောက်သွားလိုက်တယ် ။ မကြာခင် ကောင်မလေး ကျွတ်ကျွတ်အိတ်လေး ဆွဲလို့ ထွက်လာတယ် ။ “ ဒီမှာ ….ခဏ…..” “ အွန်…ဘာလဲ….” “ မင်း လွယ်ထားတဲ့ အိတ်ကို ခဏ ကြည့်ပါရစေ…” “ အို…ဘာဖြစ်လို့…..” “ ထုံးစံပါ..ဆိုင်က အထွက် ကျနော်တို့မှာ မေးမြန်းပိုင်ခွင့် ရှိတယ်…ခဏ ပြပါ…” ကောင်မလေး မျက်စိမျက်နှာ တအား ပျက်သွားတယ် ။ “အကို….ညီမ…ညီမ……” ပုလဲခတော့မယ် ။ မျက်လုံးရွဲကြီးတွေဆီမှာမျက်ရည်စလေးတွေ စို့နေပြီ ။ နဂိုထဲက ကြွေနေတဲ့ကောင် ။ အခုလို ပုလဲခ ပြတော့ အရမ်းကို သနားသွားတယ် ။ “ အင်းလေ…နေတော့…နေတော့….” လို့ ပြောလိုက်ပြီး ဆိုင်ထဲကို ပြန်လှည့် ၀င်လိုက်တယ် ။ ဒီနေရာမှာ အရုပ်ဆိုးဆိုး မိန်းကလေး တယောက်ဆိုရင် သူ အမိအရ ဖမ်းမှာဘဲ ထင်တာဘဲ ။ အင်း..တော်တော်.. မတရားတဲ့ ငါ ..။ ဘက်လိုက်တဲ့ ငါ….ဟူး….ငါ မကောင်းဘူး ….။ ကောင်မလေးကို လှည့်ကြည့်လိုက်တော့ သူ့ကို ကျေးဇူးတင်တဲ့ မျက်နှာ မျက်လုံးလေးနဲ့ စိုက်ကြည့်သွားတယ်။အသံမထွက်ဘဲ ပါးစပ်လေး လှုပ်ရုံလေး..“ သိုင်းကျူး…” လို့ ပြောသွားတယ် ။ အင်း…..သူခိုး..ဓါးရိုးကမ်း ဆိုတဲ့ စကား…ကို သတိရမိလိုက်သည် ။ ခိုးမှု မှာ အားပေးကူညီမှု မြောက်သွားပြီ ….ပြီး။

Leave a Reply

Your email address will not be published. Required fields are marked *